Wednesday 9 July 2014

ဘရာဇီးကို စာနာကြောင်း ဂျာမနီနည်းပြ ပြောကြား

Photo: ဘရာဇီးကို စာနာကြောင်း ဂျာမနီနည်းပြ ပြောကြား
Wednesday, July 9, 2014 

ဆိုးဆိုးရွားရွား အရှုံးရလဒ် ကြုံခဲ့ရသည့် ဘရာဇီး အသင်းအတွက် စာနာမိကြောင်း ဂျာမနီနည်းပြ ဂျိုအာချင်လိုက ပြောကြားခဲ့သည်။

ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲ အဆင့်တွင် အိမ်ရှင်ဘရာဇီးသည် ဥရောပထိပ်သီး ဂျာမနီကို (၇-၁)ဖြင့် ရလဒ်ပြတ်သားစွာ အရေးနိမ့်ခဲ့ပြီးနောက် ၎င်းတို့၏ ချန်ပီယံ မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ရပြီ ဖြစ်သည်။ (၂၀၀၆)ခုနှစ်က ဂျာမနီသည် အကြိုဗိုလ်လုပွဲ အဆင့်တွင် အီတလီကို အမှတ်မထင် အရေးနိမ့်ခဲ့ပြီး ဘရာဇီးအနေဖြင့် အလားတူ ခံစားရမည်ဟု ကိုယ်ချင်းစာမိကြောင်း လိုက ဆိုသည်။

“(၂၀၀၆)တုန်းကဆိုရင် ကျွန်တော်တို့လည်း အရမ်းတုန်လှုပ်ပြီး ဘရာဇီးနဲ့ထပ်တူ အခြေအနေမျိုး ခံစားကြုံတွေ့ခဲ့ရဖူးတယ်။ ဘရာဇီးက ခုပွဲမှာ နောက်ကလိုက်ကစားရမယ်လို့ ထင်ထားပုံ မရဘူး။ မျှော်လင့်မထားတဲ့ အခြေအနေ တစ်ခုမှာ သူတို့တွေ တော်တော်လေး ယိမ်းယိုင်သွားခဲ့တယ်။ နောက်ပိုင်းမှာတော့ ပွဲက ကျွန်တော်တို့အတွက် အသာစီး အနေအထား ရောက်သွားစေတယ်”ဟု လိုက မှတ်ချက်ပြုခဲ့သည်။

ဂျာမနီသည် (၂၀၀၆)ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရခဲ့သော်လည်း အကြိုဗိုလ်လုပွဲတွင် အီတလီကို (၂-၀)ဖြင့် အရေးနိမ့်ကာ ချန်ပီယံ မျှော်လင့်ချက် ပျက်စီးခဲ့ရခြင်း ဖြစ်သည်။ “(၂၀၀၆)တုန်းက ကျွန်တော်တို့လည်း ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက် တပွေ့တပိုက်ကြီးနဲ့ပေါ့။ ဒါပေမဲ့ အရေးကြီးတဲ့ ပွဲစဉ်တစ်ခုခုမှာ အိမ်ရှင်အသင်းတွေက ဖိအားပိုများနေတတ်တယ်လေ။ ခုချိန်မှာ ဘရာဇီးနည်းပြ လူးဝစ်ဖိလစ် စကိုလာရီ ဘယ်လိုဘယ်ပုံ ခံစားနေရမလဲ ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ပြီးတော့ ဘရာဇီး ပြည်သူတွေရဲ့ ကြေကွဲမှုကိုလည်း စာနာနိုင်ပါတယ်”ဟုလည်း လိုက ဆိုသည်။

၎င်းက “ဘရာဇီးပြည်သူ သန်း(၂၀၀)လုံးက ကိုယ့်အသင်းကို ဗိုလ်လုပွဲ တက်စေချင်မှာပဲလေ။ သူတို့ရဲ့ ကစားသမားတွေကိုလည်း ဖိအားပေးနေကြမှာပဲ။ စကိုလာရီအတွက် ကျွန်တော် တကယ်ပဲ စိတ်မကောင်း ဖြစ်မိပါတယ်”ဟုလည်း ပြောကြားသွားသည်။

Skysports
ဆိုးဆိုးရွားရွား အရှုံးရလဒ် ကြုံခဲ့ရသည့် ဘရာဇီး အသင်းအတွက် စာနာမိကြောင်း ဂျာမနီနည်းပြ ဂျိုအာ ချင်လိုက ပြောကြားခဲ့သည်။
ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲ အဆင့်တွင် အိမ်ရှင်ဘရာဇီးသည် ဥရောပထိပ်သီး ဂျာမနီကို (၇-၁)ဖြင့် ရလ ဒ်ပြတ် သားစွာ အရေးနိမ့်ခဲ့ပြီးနောက် ၎င်းတို့၏ ချန်ပီယံ မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ရပြီ ဖြစ်သည်။ (၂၀၀၆)ခုနှစ်က ဂျာမနီသည် အကြိုဗိုလ်လုပွဲ အဆင့်တွင် အီတလီကို အမှတ်မထင် အရေးနိမ့်ခဲ့ပြီး ဘရာဇီးအနေဖြင့် အလားတူ ခံစားရမည်ဟု ကိုယ်ချင်းစာမိကြောင်း လိုက ဆိုသည်။

“(၂၀၀၆)တုန်းကဆိုရင် ကျွန်တော်တို့လည်း အရမ်းတုန်လှုပ်ပြီး ဘရာဇီးနဲ့ထပ်တူ အခြေအနေမျိုး ခံစား ကြုံတွေ့ ခဲ့ရ ဖူးတယ်။ ဘရာဇီးက ခုပွဲမှာ နောက်ကလိုက်ကစားရမယ်လို့ ထင်ထားပုံ မရဘူး။ မျှော်လင့် မထားတဲ့ အခြေအနေ တစ်ခုမှာ သူတို့တွေ တော်တော်လေး ယိမ်းယိုင်သွားခဲ့တယ်။ နောက်ပိုင်းမှာတော့ ပွဲက ကျွန်တော်တို့အတွက် အသာစီး အနေအထား ရောက်သွားစေတယ်”ဟု လိုက မှတ်ချက်ပြုခဲ့သည်။

ဂျာမနီသည် (၂၀၀၆)ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရခဲ့သော်လည်း အကြို ဗိုလ် လုပွဲ တွင် အီတလီကို (၂-၀)ဖြင့် အရေးနိမ့်ကာ ချန်ပီယံ မျှော်လင့်ချက် ပျက်စီးခဲ့ရခြင်း ဖြစ်သည်။ “(၂၀၀၆)တုန်းက ကျွန်တော်တို့လည်း ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက် တပွေ့တပိုက်ကြီးနဲ့ပေါ့။ ဒါပေမဲ့ အရေးကြီးတဲ့ ပွဲစဉ်တစ်ခုခုမှာ အိမ်ရှင်အသင်းတွေက ဖိအားပိုများနေတတ်တယ်လေ။ ခုချိန်မှာ ဘရာဇီးနည်းပြ လူးဝစ်ဖိလစ် စကိုလာရီ ဘယ်လိုဘယ်ပုံ ခံစားနေရမလဲ ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ပြီးတော့ ဘရာဇီး ပြည်သူတွေရဲ့ ကြေကွဲမှုကိုလည်း စာနာနိုင်ပါတယ်”ဟုလည်း လိုက ဆိုသည်။

၎င်းက “ဘရာဇီးပြည်သူ သန်း(၂၀၀)လုံးက ကိုယ့်အသင်းကို ဗိုလ်လုပွဲ တက်စေချင်မှာပဲလေ။ သူတို့ရဲ့ ကစား သမားတွေကိုလည်း ဖိအားပေးနေကြမှာပဲ။ စကိုလာရီအတွက် ကျွန်တော် တကယ်ပဲ စိတ် မကောင်း ဖြစ်မိပါတယ်”ဟုလည်း ပြောကြားသွားသည်။

Skysports

No comments:

Post a Comment