Wednesday 9 July 2014

ဂျပန်နိုင်ငံ တောင်ဘက်ပိုင်းကို ဦးတည်နေ သည့် တိုင်ဖွန်း Neoguri "နဲယ်အိုဂူရီ"

Photo: ဂျပန်နိုင်ငံ တောင်ဘက်ပိုင်းကို ဦးတည်နေ သည့် တိုင်ဖွန်း Neoguri "နဲယ်အိုဂူရီ"
Wednesday, July 9, 2014  

တိုင်ဖွန်းမုန်တိုင်းဟာ ဂျပန်နိုင်ငံတောင်ဘက်ပိုင်းရှိ မီယာကိုကျွန်းဘက်ကို ဦးတည်နေတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံ မိုးလေ၀သဌာနရဲ့သတင်း
ထုတ်ပြန်ချက်အရ ဂျပန်ဒေသစံတော်ချိန် အင်္ဂါနေ့ မနက်(၈)နာရီမှာ တိုင်ဖွန်းမုန်တိုင်း "နဲယ်အိုဂူရီ" ရဲ့ မုန်တိုင်းဗဟိုချက်မလေထုဖိအားဟာ (၉၃၀)ဟတ်တိုပါစကယ် ရှိတယ်လို့သိရပါတယ်။ မုန်တိုင်းဗဟိုချက်မအနီးမှာရှိတဲ့  မုန်တိုင်းတိုက်ခတ်နှုန်းဟာ တစ်နာရီကို ကီလိုမီတာ(၁၈၀)အထိရှိတယ်လို့လည်း မိုးလေ၀သဌာနက သတင်းထုတ်ပြန်ခဲ့ ပါတယ်။
 
မုန်တိုင်းဇုန်တွေဟာ နိုင်ငံတောင်ဘက်ပိုင်းမှာရှိတဲ့ မိုင်ယာကိုကျွန်း၊ အီရှီဂါဝါကျွန်းနဲ့ အိုကီနာဝါ ကျွန်းစုဒေသတွေဖြစ်ပါတယ်။ မီယာကို ကျွန်းဒေသမှာ အမြင့်(၁၄)မီတာရှိတဲ့ လှိုင်းတွေတိုက်ခတ် နိုင်တာကြောင့် မုန်တိုင်းသတိပေးချက်တွေကို မီယာကိုကျွန်းဒေသမှာ မိုးလေ၀သဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းကြောင့် အိုကီနာဝါစီရင်စုတစ်ဝိုက်ရှိ မိုးရေချိန်မှာ တစ်နာရီကို (၆၀)မီလီမီတာအထိရှိနိုင်တယ်လို့ သိရပါတယ်။
 
မိုးလေ၀သအရာရှိတွေ ကလည်း လှိုင်းကြီးမှု၊ ရေကြီးမှုနဲ့ မုန်တိုင်းတိုက်ခတ်မှုနဲ့ပတ်သက်ပြီး အသိကြီးကြီးရှိကြဖို့ကို သက်ဆိုင်ရာဒေသခံတွေကို တိုက်တွန်းထားပါတယ်။ မီယာကိုဂျီမာမြို့အရာရှိတွေကတော့ ဒေသခံ(၅၅၀၀၀)ကို ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြဖို့ နှိုးဆော်ထားပါတယ်။  မုန်တိုင်းကြောင့်  စီရင်စုကနေ ၀င်ထွက်ပျံသန်းမယ့် လေကြောင်းခရီးစဉ်တွေ၊ သင်္ဘောခရီးစဉ်တွေကိုလည်း ရပ်ဆိုင်းထားပြီး မူကြိုကျောင်းကအစ အထက်တန်းကျောင်းအဆုံး စတဲ့စာသင်ကျောင်းတွေကိုလည်း ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။   

MRTV-4
တိုင်ဖွန်းမုန်တိုင်းဟာ ဂျပန်နိုင်ငံတောင်ဘက်ပိုင်းရှိ မီယာကိုကျွန်းဘက်ကို ဦးတည်နေတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံ မိုးလေ၀သဌာနရဲ့သတင်း ထုတ်ပြန်ချက်အရ ဂျပန်ဒေသစံတော်ချိန် အင်္ဂါနေ့ မနက်(၈)နာရီမှာ တိုင်ဖွန်းမုန်တိုင်း "နဲယ်အိုဂူရီ" ရဲ့ မုန်တိုင်းဗဟိုချက်မလေထုဖိအားဟာ (၉၃၀)ဟတ်တိုပါစကယ် ရှိတယ်လို့ သိရပါတယ်။ မုန်တိုင်းဗဟိုချက်မအနီးမှာရှိတဲ့  မုန်တိုင်းတိုက်ခတ်နှုန်းဟာ တစ်နာရီကို ကီလိုမီတာ(၁၈၀) အထိ ရှိတယ်လို့လည်း မိုးလေ၀သဌာနက သတင်းထုတ်ပြန်ခဲ့ ပါတယ်။
မုန်တိုင်းဇုန်တွေဟာ နိုင်ငံတောင်ဘက်ပိုင်းမှာရှိတဲ့ မိုင်ယာကိုကျွန်း၊ အီရှီဂါဝါကျွန်းနဲ့ အိုကီနာဝါ ကျွန်း စုဒေသတွေဖြစ်ပါတယ်။ မီယာကို ကျွန်းဒေသမှာ အမြင့်(၁၄)မီတာရှိတဲ့ လှိုင်းတွေတိုက်ခတ် နိုင်တာကြောင့် မုန်တိုင်းသတိပေးချက်တွေကို မီယာကိုကျွန်းဒေသမှာ မိုးလေ၀သဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းကြောင့် အိုကီနာဝါစီရင်စုတစ်ဝိုက်ရှိ မိုးရေချိန်မှာ တစ်နာရီကို (၆၀)မီလီမီတာအထိရှိနိုင်တယ်လို့ သိရပါတယ်။

မိုးလေ၀သအရာရှိတွေ ကလည်း လှိုင်းကြီးမှု၊ ရေကြီးမှုနဲ့ မုန်တိုင်းတိုက်ခတ်မှုနဲ့ပတ်သက်ပြီး အသိကြီးကြီး ရှိကြဖို့ကို သက်ဆိုင်ရာဒေသခံတွေကို တိုက်တွန်းထားပါတယ်။ မီယာကိုဂျီမာမြို့အရာရှိတွေ ကတော့ ဒေသ ခံ( ၅၅၀၀၀)ကို ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြဖို့ နှိုးဆော်ထားပါတယ်။  မုန်တိုင်းကြောင့်  စီရင်စုကနေ ၀င်ထွက်ပျံသန်းမယ့် လေကြောင်းခရီးစဉ်တွေ၊ သင်္ဘောခရီးစဉ်တွေကိုလည်း ရပ်ဆိုင်းထားပြီး မူကြိုကျောင်း က အစ အထက်တန်းကျောင်းအဆုံး စတဲ့စာသင်ကျောင်းတွေကိုလည်း ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။  

MRTV-4

No comments:

Post a Comment