Friday 25 July 2014

ပညာရေး ဥပဒေ မူကြမ်းကို လေ့လာဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း

Photo: ပညာရေး ဥပဒေ မူကြမ်းကို လေ့လာဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း
Friday, July 25, 2014  

 ပြည်ထောင်စု လွှတ်တော်က မကြာခင် ဆွေးနွေး အတည်ပြုမယ့် အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို အသေးစိတ် လေ့လာပြီး အကြံပြုကြဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို လာရောက် လေ့လာတဲ့ ရတနာပုံ တက္ကသိုလ်နဲ့ ဒဂုံတက္က သိုလ်က ကျောင်းသား ကျောင်းသူတွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်တာ ဖြစ်ပါတယ်။

"အမျိုးသား ပညာရေးဥပဒေဆိုတာ မိခင်ဥပဒေ Mother Law ပေါ့၊ အဲ့ဒီအောက်မှာမှ အခြေခံပညာရေးတို့ အဆင့်မြင့်ပညာရေးတို့က လာဦးမယ်၊ ဥပမာဆိုရင် ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ ဒီလူထုဥပဒေကို လွှတ်တော်ထဲမှာ ထည့်ဖို့ပေါ၊ လွှတ်တော်ထဲမှာ ထည့်ဖို့ဆိုရင် တစ်ချို့ကပြောတယ်၊ ဒီလွှတ်တော်ထဲမှာ ထည့်စရာမလိုဘူတဲ့ ကျောင်းသားသမဂ္ဂဆိုတာဟာ အဆင့်မြင့်ပညာရေး ဥပဒေထဲမှာ ပါနေတယ် အဲ့ဒီဟာတွေကိုလည်း နည်းနည်းကိုလေ့လာ တဲ့အခါကျရင် နက်နက်နဲနဲ စဉ်းစားစေချင်တယ်၊ ဒီင်္ဥပဒေထဲမှာ အားလုံးပါမှာ မဟုတ်ဘူး၊ ဒီဥပဒေက တခြားဥပဒေတွေကိုပေါ့နော် အသေးစိတ် အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာ ဥပဒေဘာတွေ သတ်သတ်ထွက်ဦးမယ်၊ ပညာရေးနဲ့ ပတ်သက်လို့ ဒီတစ်နိုင်ငံလုံးက ဘယ်လိုလူတွေနဲ့ သွားမယ်ဆိုတာကို ခန့်မှန်းလို့မရဘူး၊ အတည်ပြုတဲ့ ဥပဒေကြမ်းကို ထွက်လာတဲ့အခါကျတော့မှ ကျောင်းသားတွေ စိတ်ဝင်စားတယ်ဆိုရင် လေ့လာကြပေါ့ ၊ လေ့လာပြီးတော့ ကိုယ့်ရဲ့ထင်မြင်ချက်တွေ အမြင်တွေကိုလည်း အသိပေးပေါ့"

ဒါ့အပြင် တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဆရာ၊ ဆရာမတွေ သင်ကြားပေး တာအပြင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ အယူအဆတွေရှိဖို့နဲ့ အင်္ဂလိပ်စာကျွမ်းကျင်ဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွေကို ဒဂုံတက္ကသိုလ်နဲ့ ရတနာပုံ တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူ ၃၀၀ နီးပါး တက်ရောက်လေ့လာခဲ့ပါတယ်။

ဒီအတောအတွင်း အမျိုးသားလွှတ်တော်ကအတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေ မူကြမ်းမှာ ပြည်သူ့လွှတ်တော်က သဘောမတူနိုင်တဲ့အချက်များနေတဲ့အတွက် ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီဥပဒေမူကြမ်းမှာ သဘောတူနိုင်တဲ့အချက်က ၄၀ ကျော်ရှိပြီး၊ သဘောမတူနိုင်တဲ့ အချက်က ၆၀ ကျော်ဖြစ်နေတဲ့အတွက် အခုလိုဆုံးဖြတ်တာဖြစ်တယ်လို့  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥတ္တရသီရိမြို့နယ် ကိုယ်စားလှယ် ဦးမင်းသူက RFA ကိုပြောပါတယ်။

"အမျိုးသားပညာရေး ဥပဒေကြမ်းပေါ့လေ အမျိုးသားလွှတ်တော်ကနေပြီး ပြည်သူ့လွှတ်တော် ကို ပြင်ဆင်ချက်တွေနဲ့ ပြန်လည်ပေးပို့တဲ့ အချက်တွေထဲက ၄၈ ချက်သဘောတူပြီးမှ ၆၇ ချက် သဘောမတူဘူး၊ အဲ့ဒီ ၆၇ ချက်သဘောမတူပဲ လွှတ်တော်က ကွဲလွဲချက်ကို ကျနော် တို့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီးမှ ဆုံးဖြတ်ခိုင်းမယ်လို့ ဒီကိစ္စအဆိုတင်တာပါ"

အခုရေးဆွဲထားတဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းမှာ ဗဟိုချုပ်ကိုင်မှုစနစ်ရှိနေသေးတာ ၊ ကျောင်းသားတွေတောင်းဆိုနေတဲ့ သမဂ္ဂဖွဲ့စည်းခွင့်မပါရှိတာ၊ ဆရာတွေနဲ့ ပတ်သက် တဲ့ ပြဌာန်းချက်က အငြင်းပွားဖွယ်ဖြစ်နေတာ၊ တက္ကသိုလ်ဝင်ခွင့်နဲ့ ပတ်သက်လို့ တိကျ တဲ့ ပြဌာန်းချက်မပါဝင်တာ၊ တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ ဘာသာစကားသင်ကြားခွင့်နဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ဖြစ်စေတာတွေကြောင့် ပြန်လည်သုံးသပ်ရေးဆွဲသင့်တယ်လို့  NNER ခေါ် ပညာရေးမြှင့်တင်ရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်ကလည်း ထောက်ပြဝေဖန် ထားပါတယ်။

RFA Burmese
ပြည်ထောင်စု လွှတ်တော်က မကြာခင် ဆွေးနွေး အတည်ပြုမယ့် အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို အသေးစိတ် လေ့လာပြီး အကြံပြုကြဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို လာရောက် လေ့လာတဲ့ ရတနာပုံ တက္ကသိုလ်နဲ့ ဒဂုံတက္က သိုလ်က ကျောင်းသား ကျောင်းသူတွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက် တာ ဖြစ်ပါ တယ်။

"အမျိုးသား ပညာရေးဥပဒေဆိုတာ မိခင်ဥပဒေ Mother Law ပေါ့၊ အဲ့ဒီအောက်မှာမှ အခြေခံပညာရေးတို့ အဆင့်မြင့်ပညာရေးတို့က လာဦးမယ်၊ ဥပမာဆိုရင် ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ ဒီလူထုဥပဒေကို လွှတ်တော်ထဲမှာ ထည့်ဖို့ပေါ၊ လွှတ်တော်ထဲမှာ ထည့်ဖို့ဆိုရင် တစ်ချို့ကပြောတယ်၊ ဒီလွှတ်တော်ထဲမှာ ထည့်စရာမလိုဘူတဲ့ ကျောင်းသားသမဂ္ဂဆိုတာဟာ အဆင့်မြင့်ပညာရေး ဥပဒေထဲမှာ ပါနေတယ် အဲ့ဒီဟာတွေကိုလည်း နည်းနည်းကိုလေ့လာ တဲ့အခါကျရင် နက်နက်နဲနဲ စဉ်းစားစေချင်တယ်၊ ဒီင်္ဥပဒေထဲမှာ အားလုံးပါမှာ မဟုတ်ဘူး၊ ဒီဥပဒေက တခြားဥပဒေတွေကိုပေါ့နော် အသေးစိတ် အသက်မွေးဝမ်းကျောင်း ပညာဆိုင်ရာ ဥပဒေဘာတွေ သတ်သတ်ထွက်ဦးမယ်၊ ပညာရေးနဲ့ ပတ်သက်လို့ ဒီတစ်နိုင်ငံလုံးက ဘယ်လို လူတွေနဲ့ သွားမယ်ဆိုတာကို ခန့်မှန်းလို့မရဘူး၊ အတည်ပြုတဲ့ ဥပဒေကြမ်းကို ထွက်လာတဲ့အခါ ကျတော့မှ ကျောင်းသားတွေ စိတ်ဝင်စားတယ်ဆိုရင် လေ့လာကြပေါ့ ၊ လေ့လာပြီးတော့ ကိုယ့်ရဲ့ထင်မြင် ချက်တွေ အမြင်တွေကိုလည်း အသိပေးပေါ့"

ဒါ့အပြင် တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဆရာ၊ ဆရာမတွေ သင်ကြားပေး တာအပြင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ အယူအဆတွေရှိဖို့နဲ့ အင်္ဂလိပ်စာကျွမ်းကျင်ဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွေကို ဒဂုံတက္ကသိုလ်နဲ့ ရတနာပုံ တက္ကသိုလ် နိုင်ငံ တကာ ဆက်ဆံရေးဌာနက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူ ၃၀၀ နီးပါး တက်ရောက်လေ့ လာ ခဲ့ပါတယ်။

ဒီအတောအတွင်း အမျိုးသားလွှတ်တော်ကအတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေ မူကြမ်းမှာ ပြည်သူ့ လွှတ်တော်က သဘောမတူနိုင်တဲ့အချက်များနေတဲ့အတွက် ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးဖို့ ပြည် သူ့ လွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီဥပဒေမူကြမ်းမှာ သဘောတူနိုင်တဲ့အချက်က ၄၀ ကျော်ရှိပြီး၊ သဘောမတူနိုင်တဲ့ အချက်က ၆၀ ကျော်ဖြစ်နေတဲ့အတွက် အခုလိုဆုံးဖြတ်တာဖြစ်တယ်လို့  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥတ္တရသီရိမြို့ နယ် ကိုယ်စားလှယ် ဦးမင်းသူက RFA ကိုပြောပါတယ်။

"အမျိုးသားပညာရေး ဥပဒေကြမ်းပေါ့လေ အမျိုးသားလွှတ်တော်ကနေပြီး ပြည်သူ့လွှတ်တော် ကို ပြင်ဆင် ချက်တွေ နဲ့ ပြန်လည်ပေးပို့တဲ့ အချက်တွေထဲက ၄၈ ချက်သဘောတူပြီးမှ ၆၇ ချက် သဘောမတူဘူး၊ အဲ့ဒီ ၆၇ ချက်သဘောမတူပဲ လွှတ်တော်က ကွဲလွဲချက်ကို ကျနော် တို့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီးမှ ဆုံးဖြတ်ခိုင်းမယ်လို့ ဒီကိစ္စအဆိုတင်တာပါ"

အခုရေးဆွဲထားတဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းမှာ ဗဟိုချုပ်ကိုင်မှုစနစ်ရှိနေသေးတာ ၊ ကျောင်း သားတွေေ တာင်း ဆိုနေတဲ့ သမဂ္ဂဖွဲ့စည်းခွင့်မပါရှိတာ၊ ဆရာတွေနဲ့ ပတ်သက် တဲ့ ပြဌာန်းချက်က အငြင်း ပွား ဖွယ်ဖြစ်နေတာ၊ တက္ကသိုလ်ဝင်ခွင့်နဲ့ ပတ်သက်လို့ တိကျ တဲ့ ပြဌာန်းချက်မပါဝင်တာ၊ တိုင်းရင်း သားတွေတောင်းဆိုနေတဲ့ ဘာသာစကားသင်ကြားခွင့်နဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ဖြစ်စေ တာတွေကြောင့် ပြန်လည်သုံးသပ်ရေးဆွဲသင့်တယ်လို့  NNER ခေါ် ပညာရေးမြှင့်တင်ရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်ကလည်း ထောက်ပြဝေဖန် ထားပါတယ်။

RFA Burmese

No comments:

Post a Comment