Friday 25 July 2014

လိုင်ဇာထိပ်သီးအစည်းအဝေးသို့ NCCT အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တက်ရောက်ရန်ဖိတ်ကြားထားသော်လည်း ၀ နှင့် မိုင်းလားအဖွဲ့တို့မှာ တက်ရောက်ရန် မသေချာသေး

ကချင်ပြည်နယ် လိုင်ဇာဒေသ၌ ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်များတွင်ပြုလုပ်ရန် စီစဉ်ထားသည့် NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နှင့် အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များ၏ အစည်းအဝေးသို့ NCCT အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငါးဖွဲ့ကို တက်ရောက် ရန် ဖိတ်ကြားထားသော်လည်း "၀" နှင့်မိုင်းလားအဖွဲ့တို့မှာ တက်ရောက်ရန် မသေချာေ သးကြော င်း သိရသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်လက်မှတ်ရေးထိုးနိုင်ရေးအတွက် NCCT အဖွဲ့ဝင်ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို လိုင်ဇာ၌ ဇူလိုင် ၂၄ ရက်မှ စတင်ပြုလုပ်နေခြင်းဖြစ်ပြီး အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ် ငန်းကော် မတီ (UPWC) နှင့် NCCT တို့အကြား အပစ်ရပ်မူကြမ်းရေးဆွဲရာတွင် ညှိနှိုင်းရန်ကျန်နေသည့် အချက်များနှင့်ပတ်သက်ပြီး ဆွေးနွေးနေခြင်းဖြစ်သည်။
   
NCCT အဖွဲ့မှ ဒေါက်တာဆလိုင်းလျန်မှုန်းက "အဓိကကျွန်တော်တို့ဆွေးနွေးတာက ညီလာခံနှစ်ခုပေါ့နော်။ ပထမပိုင်းက NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေလုပ်ရမယ့်ညီလာခံဖြစ်တယ်။ အဲဒါသုံးရက်ကြာမယ်။ အဲဒါပြီးရင် NCCT မပါသေးတဲ့ အခြားတိုင်းရင်းသား အဖွဲ့အစည်းအဝေး ဆက်ပြီးကျင်းပမှာဖြစ်ပါတယ်။ အဲဒီပွဲမှာတော့ RCSS တို့၊ ABSDF ၊ မိုင်းလား၊ ၀၊ နာဂ သူတို့ကိုဖိတ်ထား ပါတယ်။ ဘယ်နှဖွဲ့လာနိုင်မယ်ဆိုတာတော့ စာရင်းသေချာမသိရသေးပါဘူး။ အားလုံးပါနိုင်တဲ့ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲညီလာခံပေါ့" ဟု ပြောကြားသည်။
   
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်သည့် အစည်းအဝေးသို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးေ ကာင် စီ (RCSS) အဖွဲ့မှ ကိုယ်စားလှယ်များတက်ရောက်မည်ဟု အကြောင်းကြားထားသော်လည်း "၀" ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့(UWSA)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) နှင့်မိုင်း လား အဖွဲ့တို့ လာ၊ မလာဆိုသည်မှာ မသေချာဟု နိုင်ဟံသာကဆိုသည်။
   
ယခုနှစ် ဧပြီလဆန်းပိုင်းက ရန်ကုန်မြို့၌ပြုလုပ်သော UPWC နှင့် NCCT တို့၏ နိုင်ငံလုံးဆိုင်ရာ အပစ် ရပ်စဲရေးညှိနှိုင်းမှုဆွေးနွေးပွဲသို့ NCCT အဖွဲ့ဝင်မဟုတ်သည့် လက်နက်ကိုင်အဖွဲ့ငါးဖွဲ့မှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့သော်လည်း "၀" နှင့် မိုင်းလားအဖွဲ့တို့မှ ကိုယ်စားလှယ်များက ၎င်းတို့သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးဆောင်ရွက်ပြီးဖြစ်ပြီး အပစ်ရပ်စဲရေးခိုင်မာသည့် အခြေအနေဖြစ်သောကြောင့် ဆက် လက်ဆွေးနွေးရန်မလိုဟူဆိုသည့် သဘောထားများကို ပြောကြားခဲ့သည်။
   
အစည်းအဝေးသို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာနမ် ဘီး ယားနှင့် တရုတ်နိုင်ငံသံအမတ်အား ဖိတ်ကြားထားရာ ကုလကိုယ်စားလှယ် တက်ရောက် မည်ဟု အကြောင်းပြန်ကြားထားပြီး တရုတ်ကိုယ်စားလှယ်လည်း တက်ရောက်နိုင်သည့် အခြေအနေရှိ သည် ဟု ဒေါက်တာဆလိုင်းလျန်မှုန်းကဆိုသည်။

Eleven Media Group

No comments:

Post a Comment