Friday 25 July 2014

ဟိုတယ်တွင် တည်းခိုနေသူအား ဝင်ရောက်ရှာဖွေရာမှ ပစ္စတို သေနတ်တစ်လက်နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မန္တလေး၊ ဇူလိုင် ၂၄- မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ဟိုတယ် တစ်လုံးတွင် တည်းခိုနေသူအား ရဲ တပ်ဖွဲ့ဝင်များက ဝင်ရောက် ရှာဖွေ ရာမှ အိန္ဒိယနိုင်ငံမှဝယ်ယူလာသည့် သေနတ်တစ်လက်အပါအဝင် ပန်း ရောင် စိတ်ကြွရူးသွပ်ဆေးပြားများ အားဖမ်းဆီးရမိရာ ကွင်းဆက်တရား ခံများ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအ တွက် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ 

ဖြစ်စဉ်မှာ ဇူလိုင် ၂၃ရက် မွန်း တည့် ၁၂နာရီတွင် စရဖမှ တပ်ကြပ် ကြီး တင်မျိုးဝင်း၏ သတင်းပေးချက် အရ မူးယစ်တပ်စု ၁ရမှ ဒုရဲမှူးဇော် ဝင်းထွဋ်နှင့်အဖွဲ့၊ ချမ်းအေးသာစံမြို့ နယ် မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါ ဝင်သောပူးပေါင်းအဖွဲ့သည် ၈၁လမ်း၊ ၂၆ လမ်းနှင့် ၂ရလမ်းကြားရှိ နန်းမြို့ တော်ဟိုတယ် အခန်းအမှတ် ၃၁၄ တွင်တည်းခိုနေသူ ချင်းလူမျိုးဟောက် လျန်းကပ်ထန် ၂ရနှစ် နန်းခေါက် ခေါက်ရွာ ခမ်းပတ်မြို့နယ် ချင်းပြည် နယ်နေသူအား သက်သေများနှင့်အ တူ ရှာဖွေစစ်ဆေးရာ ၎င်းဝတ်ဆင် ထားသည့် ဒီတူးမိုးကာအကျÐ ယာ ဘက်လက်အတွင်းဝှက်လျက် အပြာ ရောင်ပလတ်စတစ်ဖြင့် ထည့်ထား သော ၈၈/၁စာ တန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝစီပါ နှစ်ထုပ်၊ ဆေးပြားတစ်ပြားလျှင် ကျပ် ၅၀၀ဝတန်ဖိုးရှိ ဆေးပြား စုစုပေါင်း ၄၀ဝကိုလည်းကောင်း၊ လွယ်ထား သည့် အနက်ရောင်လက်ဆွဲအိတ်အ တွင်းမှ US Property ပွိုင့် ၃၂ ရွှေ ရောင်သေနတ်တစ်လက် (ကျည်မပါ) နှင့် ကျည်ကတ်တစ်ကတ်တို့ကိုလည်း ကောင်း ဖမ်းဆီးရမိကာ ကလေး-မုံ ရွာ-မန္တလေးကားလက်မှတ်တစ်စောင်၊ မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် ဆက်သွယ်အသုံးပြု သည့် လက်ကိုင် ဖုန်းတစ်လုံးနှင့် ၎င်း၏နိုင်ငံသားစိ စစ်ရေးကတ်ပြားမူရင်းတို့ကိုပါ စစ် ဆေးသိမ်းဆည်း ရမိခဲ့သည်။ 

ဟောက်လျန်းကပ်ထန်အားစစ် ဆေးမေးမြန်းရာတွင် အဒေါ်ဖြစ်သူ က အိန္ဒိယနိုင်ငံ မိုးရေးမြို့နေ ကသည်း လူမျိုး အာကန်ဆို သူထံမှ ပစ္စတိုသေ နတ်အား မြန်မာငွေကျပ်ငါးသိန်းဖြင့် လည်းကောင်း၊ ပန်းရောင် စိတ်ကြွရူး သွပ်ဆေးပြားများအား ငွေကျပ် သုံး သိန်းဖြင့်လည်းကောင်း ဝယ်ယူစေ ပြီး မန္တလေးမြို့သို့ ပို့ဆောင်ခိုင်းခြင်း ဖြစ်ကြောင်း ထွက်ဆိုသည်။ 

ထိုသို့ သေနတ်နှင့်အတူ စိတ်ကြွ ဆေးပြားများ လက်ဝယ်တွေ့ရှိသူ ဟောက်လျန်းကပ်ထန်နှင့် ဆက်နွှယ် သူများအား ချမ်းအေးသာစံမြို့နယ် မြို့မရဲစခန်းတွင် မယ(ပ)၁၆/၂၀၁၄၊ မူး/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၀(က)/ ၂၂(ခ)/၂၁အရ အမှုဖွင့်ဖမ်းဆီးစစ် ဆေးလျက်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Yangon Media Group 

No comments:

Post a Comment