Friday 25 July 2014

ရုရှားက ယူကရိန်းတပ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ဟု အမေရိကန်စွပ်စွဲ

Photo: ရုရှားက ယူကရိန်းတပ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ဟု အမေရိကန်စွပ်စွဲ
Friday, July 25, 2014

ရုရှားစစ်တပ်က ယူကရိန်းပိုင်နက်ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် အထောက်အထားများ မိမိတို့တွင် ရှိနေကြောင်း အမေရိကန်က စွပ်စွဲ ပြောကြားလိုက်သည်။

ရုရှားလိုလားသည့် ခွဲထွက်ရေး ပြောက်ကျားများကို တိုက်ခိုက်နေသည့် ယူကရိန်း အစိုးရ စစ်တပ်များထံသို့ ရုရှားဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို ရုရှားအနေဖြင့် သူပုန်များကို ပိုမိုအားကောင်း ပြင်းထန်သည့် ဒုံးကျည်လက်နက်များ တင်ပို့ပေးလိမ့်မည်ဟုလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက် ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီဟာ့ဖ်က ဆိုသည်။

“ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို အခြေခံပြီး ကျွန်မတို့မှာ သက်သေ အထောက်အထားတွေ ရှိထားပါတယ်။ ယူကရိန်းဘက် ကျရောက်လာတဲ့ စစ်လက်နက်တွေဟာ နယ်စပ်ကို ဖြတ်ကျော်လာခဲ့တာ ဖြစ်ပါတယ်”ဟု ဟာ့ဖ်က ဆိုသည်။ သူမက အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောဆိုရန်မူ ငြင်းဆန်ခဲ့သည်။ “ရုရှားက ယူကရိန်းစစ်တပ်ကို တိုက်ခိုက်ဖို့အတွက် လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာ အမှန်ပဲ”ဟု သူမက အခိုင်အမာ ပြောကြားခဲ့သည်။

ပင်တဂွန် စစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးကြီး စတီဗန်ဝါရန်ကလည်း “ရုရှားက ပဋိပက္ခကို အရှိန်မြှင့်ချင်လာတာ အထင်အရှားပါပဲ”ဟု မှတ်ချက်ပြုခဲ့သည်။ ပင်တဂွန်က ရုရှားအနေဖြင့် မည်သည့် လက်နက်ကြီး အမျိုးအစားကို အသုံးပြုခဲ့ကြောင်းနှင့် မည်သည့်နေရာများမှ ပစ်ခတ်ခဲ့ကြောင်း အချက်အလက်များကိုမူ ထုတ်ဖော်ကြေညာခဲ့ခြင်း မရှိချေ။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိများက ရုရှားတို့သည် အကြီးစား စစ်လက်နက်နှင့် စစ်ပစ္စည်းများကိုလည်း ရော့စတော့ဗ် အနီးတွင် အခြေချ တပ်ဆင်နေကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ပစ္စည်းများတွင် ဒုံးကျည်စနစ်များ ပါဝင်ဖွယ်ရှိပြီး ယူကရိန်းနှင့် နယ်စပ်ကို ဖြတ်ကျော်ကာ သူပုန်တပ်များကို အထောက်အပံ့ ပေးဖွယ်ရှိကြောင်း အမေရိကန်က မှတ်ချက်ပြုထားသည်။

သူပုန်တပ်မှူး တစ်ဦးက မိမိတို့တွင် လေယာဉ်ပစ် ဒုံးကျည်များ ရှိနေကြောင်း ထုတ်ဖော်ဝန်ခံခဲ့ပြီးနောက်ပိုင်း အမေရိကန်က ယခုကဲ့သို့ စွပ်စွဲခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ထောက်လှမ်းရေး အရာရှိများ၏ အဆိုအရ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဒုံးကျည်ပစ်စင်များနှင့် လက်နက်ကြီးများ ရော့စတော့ဗ်သို့ စတင်ရောက်ရှိလာကြောင်း သိရှိရသည်။

_Channel NewsAsia
7Day DAILY
ရုရှားစစ်တပ်က ယူကရိန်းပိုင်နက်ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် အထောက်အထားများ မိမိတို့တွင် ရှိနေကြောင်း အမေရိကန်က စွပ်စွဲ ပြောကြားလိုက်သည်။
ရုရှားလိုလားသည့် ခွဲထွက်ရေး ပြောက်ကျားများကို တိုက်ခိုက်နေသည့် ယူကရိန်း အစိုးရ စစ်တပ်များထံသို့ ရုရှားဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို ရုရှားအနေဖြင့် သူပုန်များကို ပိုမိုအားကောင်း ပြင်းထန် သည့် ဒုံးကျည်လက်နက်များ တင်ပို့ပေးလိမ့်မည်ဟုလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက် ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီဟာ့ဖ်က ဆိုသည်။

“ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို အခြေခံပြီး ကျွန်မတို့မှာ သက်သေ အထောက် အထားတွေ ရှိထား ပါတယ်။ ယူကရိန်းဘက် ကျရောက်လာတဲ့ စစ်လက်နက်တွေဟာ နယ်စပ် ကို ဖြတ်ကျော် လာခဲ့တာ ဖြစ်ပါတယ်”ဟု ဟာ့ဖ်က ဆိုသည်။ သူမက အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောဆို ရန်မူ ငြင်းဆန်ခဲ့သည်။ “ရုရှားက ယူကရိန်းစစ်တပ်ကို တိုက်ခိုက်ဖို့အတွက် လက်နက် ကြီးတွေ ပစ်ခတ်ခဲ့တာ အမှန်ပဲ”ဟု သူမက အခိုင်အမာ ပြောကြားခဲ့သည်။

ပင်တဂွန် စစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးကြီး စတီဗန်ဝါရန်ကလည်း “ရုရှားက ပဋိပက္ခကို အရှိန်မြှင့်ချင်လာတာ အထင်အရှားပါပဲ”ဟု မှတ်ချက်ပြုခဲ့သည်။ ပင်တဂွန်က ရုရှားအနေဖြင့် မည်သည့် လက်နက်ကြီး အမျိုးအစားကို အသုံးပြုခဲ့ကြောင်းနှင့် မည်သည့်နေရာများမှ ပစ်ခတ်ခဲ့ကြောင်း အချက် အလက် များ ကိုမူ ထုတ်ဖော်ကြေညာခဲ့ခြင်း မရှိချေ။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိများက ရုရှားတို့သည် အကြီးစား စစ်လက်နက်နှင့် စစ်ပစ္စည်းများကိုလည်း ရော့စတော့ဗ် အနီးတွင် အခြေချ တပ်ဆင်နေကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ပစ္စည်းများတွင် ဒုံးကျည်စနစ်များ ပါဝင်ဖွယ်ရှိပြီး ယူကရိန်းနှင့် နယ်စပ်ကို ဖြတ်ကျော်ကာ သူပုန်တပ်များကို အထောက်အပံ့ ပေးဖွယ်ရှိကြောင်း အမေရိကန်က မှတ်ချက်ပြုထားသည်။

သူပုန်တပ်မှူး တစ်ဦးက မိမိတို့တွင် လေယာဉ်ပစ် ဒုံးကျည်များ ရှိနေကြောင်း ထုတ်ဖော်ဝန်ခံခဲ့ပြီးနောက်ပိုင်း အမေရိကန်က ယခုကဲ့သို့ စွပ်စွဲခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ထောက်လှမ်းရေး အရာရှိများ၏ အဆိုအရ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဒုံးကျည်ပစ်စင်များနှင့် လက်နက်ကြီးများ ရော့စတော့ဗ်သို့ စတင်ရောက်ရှိ လာကြောင်း သိရှိရသည်။

_Channel NewsAsia
7Day DAILY

No comments:

Post a Comment