Friday 25 July 2014

အာဆီယံ တက္ကသိုလ်ရေကူးပြိုင်ပွဲ အတွက် ရေကူးကစားသမားများ ရွေးမည်

Photo: အာဆီယံ တက္ကသိုလ်ရေကူးပြိုင်ပွဲ အတွက် ရေကူးကစားသမားများ ရွေးမည်
Friday, July 25, 2014

အင်ဒိုနီးရှားနိုင်ငံ ပါလမ်ဘန်းမြို့တွင် ကျင်းပမည့် အာဆီယံ တက္ကသိုလ်ပေါင်းစုံ ရေကူးပြိုင်ပွဲအတွက် ကစားသမားရွေးပွဲကို ဇူလိုင် လကုန်ပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ် နည်းပြချုပ်ဖြစ်သူ ဦးမောင်မောင်စိန်က ပြောဆိုသည်။

ဒီဇင်ဘာလအတွင်း ကျင်းပမည့် ယင်းပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကစားသမားများ ရွေးချယ်ခြင်းကို ဇူလိုင်လ ၂၈ နှင့် ၂၉ ရက်များတွင် စိမ်းလန်းစိုပြည်ရှိ တက္ကသိုလ်ရေကူးကန်တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ကစားသမား မည်မျှရွေးချယ်မည်ကိုမူ မဆုံးဖြတ်ရသေးကြောင်း ၄င်းက ရှင်းပြသည်။

"အဖွဲ့ချုပ်က ကစားသမားတွေက အသက်ငယ်တဲ့ ကစားသမားလေးတွေ များတော့ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံ ရရှိစေဖို့ အဓိက ရည်ရွယ်တာပါ" ဟု ၄င်းက ဆိုသည်။

မြန်မာ့ရေကူးအဖွဲ့ အနေနှင့် လက်ရှိအချိန်တွင် အမျိုးသားရေကူးကန်တွင် ရေကူးနှင့် ဒိုင်ဗင် ပဏာမလက်ရွေးစင် ကစားသမား ၃၀ ဦးဖြင့် (၂၈) ကြိမ်မြောက် SEA Games အတွက် လေ့ကျင့် ပြင်ဆင်လျက်ရှိပြီး ၂၀၁၅ မတ်လအတွင်း အပြီးသတ် ကစားသမားရွေးချယ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးဝဏ္ဏထွန်းက ပြောသည်။

မြန်မာနိုင်ငံသို့ လာမည့်အောက်တိုဘာလ အတွင်း သြစတြေးလျနိုင်ငံရှိ ရေကူးကလပ်အသင်း လာရောက် ပူးတွဲလေ့ကျင့်ရန် ညှိနှိုင်းလျက်ရှိပြီး မြန်မာရေကူးအဖွဲ့ အနေနှင့်လည်း ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပမည့် ကမ္ဘာ့တံခွန်စိုက် ရေကူးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ၄င်းကပင်ဆိုသည်။

မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်သည် ပုသိမ်မြို့၌ ပဲခူးတိုင်းဒေသကြီး အစိုးရဖလား ရေကူးပြိုင်ပွဲကို သြဂုတ်လ ၁၆ ရက်မှ ၁၇ ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်သည်။

The Voice Weekly
အင်ဒိုနီးရှားနိုင်ငံ ပါလမ်ဘန်းမြို့တွင် ကျင်းပမည့် အာဆီယံ တက္ကသိုလ်ပေါင်းစုံ ရေကူးပြိုင်ပွဲအတွက် ကစား သမားရွေးပွဲကို ဇူလိုင် လကုန်ပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ် နည်းပြ ချုပ်ဖြစ် သူ ဦးမောင်မောင်စိန်က ပြောဆိုသည်။
ဒီဇင်ဘာလအတွင်း ကျင်းပမည့် ယင်းပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကစားသမား များ ရွေးချယ်ခြင်းကို ဇူလိုင်လ ၂၈ နှင့် ၂၉ ရက်များတွင် စိမ်းလန်းစိုပြည်ရှိ တက္ကသိုလ်ရေကူးကန်တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ကစားသမား မည်မျှရွေးချယ်မည်ကိုမူ မဆုံးဖြတ်ရသေးကြောင်း ၄င်းက ရှင်းပြသည်။

"အဖွဲ့ချုပ်က ကစားသမားတွေက အသက်ငယ်တဲ့ ကစားသမားလေးတွေ များတော့ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံ ရရှိစေဖို့ အဓိက ရည်ရွယ်တာပါ" ဟု ၄င်းက ဆိုသည်။

မြန်မာ့ရေကူးအဖွဲ့ အနေနှင့် လက်ရှိအချိန်တွင် အမျိုးသားရေကူးကန်တွင် ရေကူးနှင့် ဒိုင်ဗင် ပဏာမ လက်ရွေး စင် ကစားသမား ၃၀ ဦးဖြင့် (၂၈) ကြိမ်မြောက် SEA Games အတွက် လေ့ကျင့် ပြင်ဆင် လျက်ရှိပြီး ၂၀၁၅ မတ်လအတွင်း အပြီးသတ် ကစားသမားရွေးချယ် မည် ဖြစ်ကြောင်း မြန်မာနိုင် ငံ ရေကူးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးဝဏ္ဏထွန်းက ပြောသည်။

မြန်မာနိုင်ငံသို့ လာမည့်အောက်တိုဘာလ အတွင်း သြစတြေးလျနိုင်ငံရှိ ရေကူးကလပ်အသင်း လာရောက် ပူးတွဲလေ့ကျင့်ရန် ညှိနှိုင်းလျက်ရှိပြီး မြန်မာရေကူးအဖွဲ့ အနေနှင့်လည်း ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပ မည့် ကမ္ဘာ့တံခွန်စိုက် ရေကူးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ၄င်းကပင်ဆိုသည်။

မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်သည် ပုသိမ်မြို့၌ ပဲခူးတိုင်းဒေသကြီး အစိုးရဖလား ရေကူးပြိုင်ပွဲကို သြဂုတ်လ ၁၆ ရက်မှ ၁၇ ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment