Friday 25 July 2014

သဲကုန်းတွင် ချောင်းရေကြီးမှုကြောင့် တံတားနှစ်စင်းကျိုးပျက်ပြီး လူတစ်ဦးသေဆုံး

Photo: သဲကုန်းတွင် ချောင်းရေကြီးမှုကြောင့် တံတားနှစ်စင်းကျိုးပျက်ပြီး လူတစ်ဦးသေဆုံး
Friday, July 25, 2014

သဲကုန်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သဲကုန်း ကြီးချောင်းရေကြီးရေလျှံပြီး လူတစ်ဦးမျောပါ သေဆုံးကာ တံတားနှစ်စင်း
လည်း ကျိုးပျက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

‘‘မိုးကြီးတဲ့ညက ချောင်းရေ နဲ့ လူတစ်ယောက်မျောပါပြီး သေ သွားတယ်။ ရုံးပင်တက်ရွာသား တစ်ဦးပါ’’ဟု သဲကုန်းမြို့နယ်ရဲစ ခန်းမှ စခန်းမှူးကပြောသည်။

‘‘၂၂ရက် ညက မိုးရွာတာ သည်းကြီးမည်းကြီးပဲ။ချောင်းရေ ကြီးလာပြီး အမျိုးသားတစ်ဦးမျော ပါသေဆုံးခဲ့တယ်။ တံတားတွေ ကတော့ ၂၃ ရက်နေ့ကျမှ ပျက်စီး တာ။ အခုဆို သဲကုန်းကနေပြည် ကို ထွက်တဲ့ကားတွေထွက်လို့မရ ဘူး’’ဟု သဲကုန်းဒေသခံတစ်ဦးက ပြောသည်။

သဲကုန်းကြီးချောင်းဖြတ် သန်းစီးဆင်းရာ မဉ္ဇူကုန်းရွာထိပ် ရှိ ကွန်ကရစ်တံတားမှာတစ်ဘက် သို့ နိမ့်ဆင်းသွားပြီးတိုင်များအက် ကွဲသွားကာ ရွာထောင်ကုန်းရွာ ထိပ်ရှိ ကွန်ကရစ်တံတားတို့မှာ ချောင်းရေစီးအားကြောင့် တစ် ချမ်းပျက်စီးနိမ့်ဝင်သွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

‘‘မဉ္ဇူကုန်းရွာထိပ်က တံ တားကတော့ ဒီနှစ်ထဲမှာဆောက် ပြီးတာ။ ချောင်းရေလမ်းကြောင်း ပြောင်းသွားတဲ့ သဘောမျိုး။ တောင်ဘက်ကို မြေသားပျက် ထွက်သွားတယ်။ နောက်ထပ်ပေ ၇၀ခန့်လောက် တံတားထပ် ဆောက်ရမယ့်သဘောဆိုတော့ အားလုံးတွက်ချက်ပြီးလွှတ်တော် မှာတင်ပြဖို့ ဆောင်ရွက်နေတယ်’’ ဟု သဲကုန်းမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဥ မ္မာမို့မို့ဇော်ကပြောသည်။

ရွာထောင်ကုန်းရွာထိပ်ရှိတံ တားမှာ နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ တံတားတစ် ဘက်ပျက်စီးနိမ့်သွားဖြင့် ပြည်သူ့ ဆောက်လုပ်ရေးမှ သံဘောင်များ အစားထိုးတည်ဆောက်ပေး လျက်ရှိပြီး လူများ၊ ဆိုင်ကယ်များသွားလာနိုင်ပြီး ၀န်တင်ကားများ သွားလာနိုင်ခြင်းမရှိပေ။ တံတားပြန်ကောင်းရန် အမြန်ဆုံးဆောင် ရွက်လျက်ရှိပြီး သုံးလေးရက်ကြာ လျင် ပြန်လည်အသုံးပြုနိုင်ရန်ခန့် မှန်းကြောင်း ၎င်းကပြောသည်။

7Day News Journal
သဲကုန်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သဲကုန်း ကြီးချောင်းရေကြီးရေလျှံပြီး လူတစ် ဦးမျော ပါ သေဆုံးကာ တံတားနှစ်စင်းလည်း ကျိုးပျက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
‘‘မိုးကြီးတဲ့ညက ချောင်းရေ နဲ့ လူတစ်ယောက်မျောပါပြီး သေ သွားတယ်။ ရုံးပင်တက်ရွာသား တစ်ဦးပါ’’ဟု သဲကုန်းမြို့နယ်ရဲစ ခန်းမှ စခန်းမှူးကပြောသည်။

‘‘၂၂ရက် ညက မိုးရွာတာ သည်းကြီးမည်းကြီးပဲ။ချောင်းရေ ကြီးလာပြီး အမျိုးသားတစ်ဦးမျော ပါသေဆုံးခဲ့ တယ်။ တံတားတွေ ကတော့ ၂၃ ရက်နေ့ကျမှ ပျက်စီး တာ။ အခုဆို သဲကုန်းကနေပြည် ကို ထွက်တဲ့ ကားတွေ ထွက်လို့မရ ဘူး’’ဟု သဲကုန်းဒေသခံတစ်ဦးက ပြောသည်။

သဲကုန်းကြီးချောင်းဖြတ် သန်းစီးဆင်းရာ မဉ္ဇူကုန်းရွာထိပ် ရှိ ကွန်ကရစ်တံတားမှာတစ်ဘက် သို့ နိမ့်ဆင်း သွားပြီးတိုင်များအက် ကွဲသွားကာ ရွာထောင်ကုန်းရွာ ထိပ်ရှိ ကွန်ကရစ်တံတားတို့မှာ ချောင်းရေ စီး အားကြောင့် တစ် ချမ်းပျက်စီးနိမ့်ဝင်သွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

‘‘မဉ္ဇူကုန်းရွာထိပ်က တံ တားကတော့ ဒီနှစ်ထဲမှာဆောက် ပြီးတာ။ ချောင်းရေလမ်းကြောင်း ပြောင်းသွားတဲ့ သဘောမျိုး။ တောင်ဘက်ကို မြေသားပျက် ထွက်သွားတယ်။ နောက်ထပ်ပေ ၇၀ခန့်လောက် တံတားထပ် ဆောက်ရမယ့်သဘောဆိုတော့ အားလုံးတွက်ချက်ပြီးလွှတ်တော် မှာတင်ပြဖို့ ဆောင်ရွက်နေ တယ်’’ ဟု သဲကုန်းမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဥ မ္မာမို့မို့ဇော်ကပြောသည်။

ရွာထောင်ကုန်းရွာထိပ်ရှိတံ တားမှာ နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ တံတားတစ် ဘက် ပျက်စီးနိမ့် သွားဖြင့် ပြည်သူ့ ဆောက်လုပ်ရေးမှ သံဘောင်များ အစားထိုးတည်ဆောက်ပေး လျက်ရှိပြီး လူများ၊ ဆိုင်ကယ်များသွားလာနိုင်ပြီး ၀န်တင်ကားများ သွားလာနိုင်ခြင်းမရှိပေ။ တံတားပြန်ကောင်းရန် အမြန်ဆုံးဆောင် ရွက်လျက်ရှိပြီး သုံးလေးရက်ကြာ လျင် ပြန်လည်အသုံးပြုနိုင်ရန်ခန့် မှန်းကြောင်း ၎င်းကပြောသည်။

7Day News Journal

No comments:

Post a Comment