Friday 25 July 2014

လူပေါင်း ၁၀၀ ကျော် လိုက်ပါတဲ့ အယ်လ်ဂျီးရီးယား လေယာဉ် ပျက်ကျ

Photo: လူပေါင်း ၁၀၀ ကျော် လိုက်ပါတဲ့ အယ်လ်ဂျီးရီးယား လေယာဉ် ပျက်ကျ
Friday, July 25, 2014

 ခရီးသည်အယောက်ပေါင်း ၁၀၀ ကျော် ပါဝင်တဲ့ အယ်လ်ဂျီးရီးယားနိုင်ငံပိုင် လေယာဉ်တစ်စင်းဟာ အာဖရိကတိုက် အနောက်ပိုင်း မာလီနိုင်ငံမြောက်ပိုင်းမှာ ပျက်ကျသွားတယ်လို့ သိရပါတယ်။

အဲဒီလေယာဉ်ဟာ Burkina Faso နိုင်ငံ ကနေ အယ်လ်ဂျီးရီးယား နိုင်ငံရဲ့ မြို့တော်ဆီကို ပျံသန်းနေတုန်း တစ်နာရီ လောက် အကြာမှာ လေယာဉ် ပျံသန်းမှု ထိန်းချုပ်ရေးဌာနနဲ့ အဆက် အသွယ် ပြတ် သွားတာ ဖြစ်ပါတယ်။

လေယာဉ် ပျံသန်းရာ လမ်းကြောင်းမှာ မုန်တိုင်းတွေ ဖြစ်နေပြီး ကောင်းမွန်စွာ မမြင်ရတဲ့ အတွက် လမ်းကြောင်း ပြောင်းပြီး ပျံသန်းခဲ့ရပုံ ပေါက်တယ်လို့ သုံးသပ်နေကြပါတယ်။

အဲဒီလေယာဉ်ပေါ်မှာ လေယာဉ် အမှုထမ်းတွေ အပါအဝင် လူပေါင်း ၁၁၉ ယောက် ပါဝင်မယ်လို့ ယူဆနေပြီး အဲဒီထဲက အယောက် ၅၀ ဟာ ပြင်သစ်နိုင်ငံ သားတွေ ဖြစ်ကြပါတယ်။

မာလီ သမ္မတ ကလည်း သူတို့နိုင်ငံ မြောက်ပိုင်း သဲကန္တာရမှာ လေယာဉ် အပိုင်းအစတွေ တွေ့ရှိတဲ့ အကြောင်း ပြောလာတဲ့အတွက် အရေးပေါ် အဖွဲ့တွေကို စေလွတ်ထားပြီလို့ Air Algerie လေကြောင်းဌာနက ပြောပါတယ်။

ဆာဟာရ ဒေသမှာ လေယာဉ် ပျောက်ဆုံးသွားတဲ့အတွက်  ပြင်သစ်နိုင်ငံက ဂျက်လေယာဉ် နှစ်စင်းကလည်း အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေနေပြီ ဖြစ်ပါတယ်။

အဲဒီလေယာဉ်ကို စပိန်နိုင်ငံက ပိုင်ဆိုင်ပြီး အယ်လ်ဂျီးရီးယား လေကြောင်းလိုင်းက ဌားရမ်းတာဖြစ်ကြောင်းလည်း သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-25/1347967
ခရီးသည်အယောက်ပေါင်း ​၁၀၀ ​ကျော် ​ပါဝင်တဲ့ ​အယ်လ်ဂျီးရီးယားနိုင်ငံပိုင် ​လေယာဉ်တစ်စင်းဟာ ​အာဖရိကတိုက် ​အနောက်ပိုင်း ​မာလီနိုင်ငံမြောက်ပိုင်းမှာ ​ပျက်ကျသွားတယ်လို့ ​သိရပါတယ်။
အဲဒီလေယာဉ်ဟာ ​Burkina ​Faso ​နိုင်ငံ ​ကနေ ​အယ်လ်ဂျီးရီးယား ​နိုင်ငံရဲ့ ​မြို့တော်ဆီကို ​ပျံသန်းနေတုန်း ​တစ်နာရီ ​လောက် ​အကြာမှာ ​လေယာဉ် ​ပျံသန်းမှု ​ထိန်းချုပ်ရေးဌာနနဲ့ ​အဆက် ​အသွယ် ​ပြတ် ​သွားတာ ​ဖြစ်ပါတယ်။

လေယာဉ် ​ပျံသန်းရာ ​လမ်းကြောင်းမှာ ​မုန်တိုင်းတွေ ​ဖြစ်နေပြီး ​ကောင်းမွန်စွာ ​မမြင်ရတဲ့ ​အတွက် ​လမ်းကြောင်း ​ပြောင်းပြီး ​ပျံသန်းခဲ့ရပုံ ​ပေါက်တယ်လို့ ​သုံးသပ်နေကြပါတယ်။

အဲဒီလေယာဉ်ပေါ်မှာ ​လေယာဉ် ​အမှုထမ်းတွေ ​အပါအဝင် ​လူပေါင်း ​၁၁၉ ​ယောက် ​ပါဝင်မယ်လို့ ​ယူဆနေ ပြီး ​အဲဒီထဲက ​အယောက် ​၅၀ ​ဟာ ​ပြင်သစ်နိုင်ငံ ​သားတွေ ​ဖြစ်ကြပါတယ်။

မာလီ ​သမ္မတ ​ကလည်း ​သူတို့နိုင်ငံ ​မြောက်ပိုင်း ​သဲကန္တာရမှာ ​လေယာဉ် ​အပိုင်းအစတွေ ​တွေ့ရှိတဲ့ ​အကြောင်း ​ပြောလာတဲ့အတွက် ​အရေးပေါ် ​အဖွဲ့တွေကို ​စေလွတ်ထားပြီလို့ ​Air ​Algerie ​လေကြောင်း ဌာနက ​ပြောပါတယ်။

ဆာဟာရ ​ဒေသမှာ ​လေယာဉ် ​ပျောက်ဆုံးသွားတဲ့အတွက်  ​ပြင်သစ်နိုင်ငံက ​ဂျက်လေ ယာဉ် ​နှစ်စင်း ကလည်း ​အသက်ရှင် ​ကျန်ရစ်သူတွေကို ​ရှာဖွေနေပြီ ​ဖြစ်ပါတယ်။

အဲဒီလေယာဉ်ကို ​စပိန်နိုင်ငံက ​ပိုင်ဆိုင်ပြီး ​အယ်လ်ဂျီးရီးယား ​လေကြောင်းလိုင်းက ​ဌားရမ်းတာဖြစ်ကြောင်း လည်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-25/1347967

No comments:

Post a Comment