Friday 25 July 2014

မုံရွာတွင် ဆိုင်ကယ်နှင့် သုံးဘီးတို့ကိုတိုက်ကာ ထွက်ပြေးတိမ်းရှောင်သော ကုန်တင်ယာဉ် မြောင်းဘေးထိုးကျမီးလောင်

Photo: မုံရွာတွင် ဆိုင်ကယ်နှင့် သုံးဘီးတို့ကိုတိုက်ကာ ထွက်ပြေးတိမ်းရှောင်သော ကုန်တင်ယာဉ် မြောင်းဘေးထိုးကျမီးလောင်
Friday, July 25, 2014

မုံရွာမြို့နယ် ကျောက္ကာ ကျေးရွာအနီး ရေနံချက်ဖိုမှ ကုန် တင်ယာဉ်တစ်စီးသည် မုံရွာမြို့ တွင်းတွင် ဆိုင်ကယ်နှင့် သုံးဘီး ယာဉ်တို့ကို နေရာနှစ်နေရာတွင် တိုက်ခဲ့ပြီး ထွက်ပြေးမောင်းနှင်သွားကာ မုံရွာစီးပွားရေးတက္က သိုလ်ရှေ့မှ ထနောင်းပင်ကို ဝင် တိုက်၍ လမ်းဘေးရှိ မြောင်းအ တွင်းထိုးကျကာ ယာဉ်မီးလောင်မှုတစ်ခု ဇူလိုင် ၂၃ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၃ ရက် ည ၈ နာရီက အဆိုပါကုန်တင်ယာဉ်သည် ဗန္ဓုလလမ်းနှင့် ပေ 
(၈၀)လမ်းထောင့် ရှိ ခိုင်စံပယ်ကဖေးရှေ့တွင် ဆိုင်ကယ်တစ်စီးကို ဝင်တိုက်
မိပြီး ထွက်ပြေးခဲ့ရာ နန္ဒဝန်ရပ်ကွက် ကျောက္ကာလမ်းနှင့် ဗိုလ်တေဇ လမ်းဆုံအရောက်တွင် သုံးဘီးဆိုင်ကယ်တစ်စီးကို ထပ်မံတိုက် မိခဲ့သည်။

ထိုသို့ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်နှင့် သုံးဘီးယာဉ်တို့ကို စီးနင်းလိုက် ပါလာသူများ ဒဏ် ရာအသီးသီး ရရှိခဲ့ကြသည်။

နှစ်ကြိမ်ဆင့်ယာဉ်တိုက်မှု ကျူးလွန်ပြီးနောက် ထွက်ပြေး မောင်းနှင်သွားရာ မုံရွာစီးပွားရေး တက္ကသိုလ်ရှေ့လမ်းယာဘက်ရှိ ထနောင်းပင်ကို ဝင်တိုက်ပြီး လမ်းဘေးရေမြောင်းအတွင်း ထိုးကျ တိမ်းမှောက်ခဲ့သဖြင့် ကားခေါင်း ခန်းမှာ 
၇ မိနစ်ခန့်ကြာ မီးလောင် မှုဖြစ်ပွားခဲ့သည်။

ယာဉ်တိမ်းမှောက်မီးလောင် ရာသို့ မုံရွာမြို့ မီးသတ်တပ်ဖွဲ့ စခန်း တာဝန်ရှိသူ များလာရောက် ငြှိမ်းသတ်ခဲ့ရသည်။ ယာဉ်တိမ်း မှောက်မှုကြောင့် ကုန်တင်ယာဉ် မောင်းနှင်သူ ဘိုထွန်း(ခ)ဘိုတော သည် မုံရွာပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးဝါးကု သမှုခံယူလျက်ရှိကြောင်း ရဲမှတ် တမ်းများအရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက် ၍ မုံရွာမြို့ အမှတ်(၂) နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်စစ် ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

7Day News Journal
မုံရွာမြို့နယ် ကျောက္ကာ ကျေးရွာအနီး ရေနံချက်ဖိုမှ ကုန် တင်ယာဉ်တစ်စီးသည် မုံရွာမြို့ တွင်းတွင် ဆိုင်ကယ်နှင့် သုံးဘီး ယာဉ်တို့ကို နေရာနှစ်နေရာတွင် တိုက်ခဲ့ပြီး ထွက်ပြေးမောင်းနှင်သွားကာ မုံရွာစီးပွားရေးတက္က သိုလ်ရှေ့မှ ထနောင်းပင်ကို ဝင် တိုက်၍ လမ်းဘေးရှိ မြောင်းအ တွင်းထိုးကျကာ ယာဉ်မီးလောင်မှုတစ်ခု ဇူလိုင် ၂၃ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၂၃ ရက် ည ၈ နာရီက အဆိုပါကုန်တင်ယာဉ်သည် ဗန္ဓုလလမ်းနှင့် ပေ (၈၀)လမ်းထောင့် ရှိ ခိုင်စံပယ်ကဖေးရှေ့တွင် ဆိုင်ကယ်တစ်စီးကို ဝင်တိုက်မိပြီး ထွက်ပြေးခဲ့ရာ နန္ဒဝန်ရပ်ကွက် ကျောက္ကာ လမ်းနှင့် ဗိုလ်တေဇ လမ်းဆုံအရောက်တွင် သုံးဘီးဆိုင်ကယ်တစ်စီးကို ထပ်မံတိုက် မိခဲ့သည်။

ထိုသို့ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်နှင့် သုံးဘီးယာဉ်တို့ကို စီးနင်းလိုက် ပါလာသူများ ဒဏ် ရာအသီးသီး ရရှိခဲ့ကြသည်။

နှစ်ကြိမ်ဆင့်ယာဉ်တိုက်မှု ကျူးလွန်ပြီးနောက် ထွက်ပြေး မောင်းနှင်သွားရာ မုံရွာစီးပွားရေး တက္ကသိုလ်ရှေ့ လမ်းယာဘက်ရှိ ထနောင်းပင်ကို ဝင်တိုက်ပြီး လမ်းဘေးရေမြောင်းအတွင်း ထိုးကျ တိမ်းမှောက်ခဲ့သဖြင့် ကားခေါင်း ခန်းမှာ  ၇ မိနစ်ခန့်ကြာ မီးလောင် မှုဖြစ်ပွားခဲ့သည်။

ယာဉ်တိမ်းမှောက်မီးလောင် ရာသို့ မုံရွာမြို့ မီးသတ်တပ်ဖွဲ့ စခန်း တာဝန်ရှိသူ များလာရောက် ငြှိမ်းသတ်ခဲ့ရသည်။ ယာဉ်တိမ်း မှောက်မှုကြောင့် ကုန်တင်ယာဉ် မောင်းနှင်သူ ဘိုထွန်း(ခ)ဘိုတော သည် မုံရွာပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးဝါးကု သမှုခံယူလျက်ရှိကြောင်း ရဲမှတ် တမ်းများအရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက် ၍ မုံရွာမြို့ အမှတ်(၂) နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့် စစ် ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။

7Day News Journal

No comments:

Post a Comment