Friday 25 July 2014

ကွန်ပျူတာ ပြဿ နာကြောင့် အမေရိကန်သံရုံးတွေ ပတ်စပို့နဲ့ ဗီဇာ ထုတ်မပေးနိုင်

ကွန်ပျူတာ တလုံး ရုတ်တရက် အလုပ်မလုပ်ပဲ ဖြစ်သွားတဲ့ အတွက် ကမ္ဘာအနှံ့မှာရှိတဲ့ အမေရိကန် သံရုံး တွေ ကနေ ပတ်စပို့ ထုတ်ပေးတာနဲ့ ဗီဇာထုတ်ပေးတဲ့ လုပ်ငန်းတွေ နှေးကွေးသွားလိမ့်မယ်လို့ အမေရိ ကန် ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုပါတယ်။
ကွန်ပျူတာ အလုပ်မလုပ်တာကို စနေနေ့က တွေ့ရှိခဲ့ပြီး အဲဒါကြောင့် သန်းနဲ့ချီတဲ့ လူတွေဟာ အမေရိကန် ခရီးသွား လက်မှတ် ရရှိဖို့အတွက် စောင့်ဆိုင်းနေကြရမယ့် အလားအလာရှိနေတယ်လို့ ၀ါရှင်တန်မှာ ရှိတဲ့ အမေရိကန် တာဝန်ရှိသူ တွေကပြောပါတယ်။

ဒါဟာ ကမ္ဘာအနှံ့မှာ ဖြစ်သွားမယ့် ပြဿ     နာဖြစ်ကြောင်း ဘယ်နိုင်ငံ၊ ဘယ်စာရွက်စာတမ်း၊ ဘယ်ဗီဇာအမျိုး အစား တွေဆိုတဲ့ သတ်မှတ်ချက်မရှိဘူးလို့ နိုင်ငံဖြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Marie Harf ကပြော ပါတယ်။

ဒါကြောင့် ပြည်ပမှာရောက်နေကြတဲ့ အမေရိကန်နိုင်ငံမှာ မွေးဖွားသူတွေအတွက် စာရွက်စာတမ်းတွေ၊ ဗီဇာနဲ့ အမေရိကန် ပတ်စပို့ ထုတ်ပေးမှုတွေ အချိန်ကြာသွားဖွယ်ရှိတယ်လို့ သူမကပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ပြဿ      နာကို ပြန် လည်ပြင်ဆင်နေကြောင်း ဘယ်ချိန်မှာပြုပြင် လို့ ပြီး မယ် ဆို တာ ကိုတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

No comments:

Post a Comment