Friday 25 July 2014

ပျောက်ဆုံး အယ်လ်ဂျီးရီးယား လေယာဉ်၏ အပျက်အစီးကို ပြန်တွေ့

 ဇူလိုင် ၂၄ ရက်နေ့က ပျောက်သွားတဲ့ အယ်လ်ဂျီးရီးယားလေယာဉ်ကို မာလီနိုင်ငံ ပိုင်နက်ထဲမှာ ပျက်ကျ ထားတဲ့ လေယာဉ်အပိုင်းအစတွေ ရှာတွေ့ပြီလို့ အနောက်အာဖရိက ကုန်းပိတ်နိုင်ငံ ဘာကီနာဖာဆိုရဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဂီလ်ဘာ့ဒ် ဒီအန်ဒေရေက ပြောပါတယ်။ လေယာဉ်ကို မာလီနိုင်ငံ ဂေါင်မြို့ ရဲ့တောင် ပိုင်း မှာ ရှာတွေ့တာလို့ သူက ဆက်ပြော ပါတယ်။
လေယာဉ်ပေါ်မှာ စုစုပေါင်း လူ ၁၁၆ ဦးပါပြီး ပြင်သစ်နိုင်ငံသား ၅၁ ဦးနဲ့ ဘာကီနာဖာဆို နိုင်ငံသား ၂၈ ဦး ပါဝင်ပါတယ်။

ရှာဖွေရေးအဖွဲ့က မီးလောင်ပြီး အပိုင်းပိုင်း အစစ ဖြစ်နေတဲ့ လေယာဉ်ပျက်ကို တွေ့ခဲ့တာဖြစ်ပြီး ရှင်သန် ကျန်ရစ်သူ ဘယ်သူ့ကိုမှ မတွေ့သေးဘူးလို့ ဆိုပါတယ်။

ရှာတွေ့ပြီးချိန်မှာ ညမှောင်လာလို့ ဒေသခံတွေက တယောက်ယောက်ကို ကယ်ထား မထားလည်း စုံစမ်း စစ်ဆေးမှု မလုပ်နိုင်သေးဘူးလို့ ပြောပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment