Friday 25 July 2014

မြန်မာ့နိုင်ငံရေးကိစ္စတရုတ်နိုင်ငံအနေဖြင့်ပါဝင်ပတ်သက်ခြင်းမရှိဟုမြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးပြော

ဒီမိုကရေစီလမ်းကြောင်းသို့ ပြောင်းလဲလာသောမြန်မာ့နိုင်ငံရေး ကိစ္စတွင်တရုတ်နိုင်ငံအနေဖြင့်ပါဝင် ပတ် သက်ခြင်း မရှိကြောင်း မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Yang Houlan ကပြည်ထောင် စုနေ့စဉ် သို့ ယနေ့ပြောကြားသည်။
ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည် လမ်းရှိ တရုတ်သံအမတ်ကြီးနေ အိမ်တွင်ပြုလုပ်သော မီဒီယာတွေ့ ဆုံပွဲတွင် ၄င်းကပြောကြားခဲ့ခြင်း ဖြစ်သည်။

''တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံ ဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲရေး နေထိုင်မူကြီးငါးချက်ကို သဘော တူထား ပြီးဖြစ် တယ်။ သူများနိုင်ငံ ပြည်တွင်းရေးကိစ္စကို မပါဝင်ဘူး။မြန်မာနိုင်ငံ ရဲ့ဒီမိုကရေစီ ကူးပြော င်း ရေး ကာလ ကို ကျွန်တော်တို့ဝေဖန် တာမရှိဘူး။ ဘယ်နိုင်ငံမဆို နိုင်ငံ ရေးအခြေအနေတူညီတာ မရှိပါ ဘူး။ သူ့နိုင်ငံနဲ့ကိုက်ညီတဲ့ နိုင်ငံ ရေးကိုရွေးချယ်ရတယ်။ အဲ့ဒါဟာ တရုတ်နိုင်ငံ အောင်မြင်မှုရရှိခဲ့တဲ့ အရေးကြီး ဆုံး အတွေ့အကြုံပါပဲ။မြန်မာနိုင်ငံအနေနဲ့လဲ စိန်ခေါ်မှု အမျိုးမျိုးကိုရင်ဆိုင်နိုင်တဲ့စွမ်းအား ရှိမယ်လို့ မျှော်လင့် ပါတယ်'' ဟု Mr.Yang Houlan ကပြောသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံသည် ငြိမ်းချမ်းသော၊ ဖွံ့ဖြိုး တိုးတက်သောအခြေအနေတစ်ခုကို ရရှိနိုင် မည်ဟု ယုံကြည်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာ့နိုင်ငံ ရေးကိုပါဝင်ပတ်သက်ခြင်း မပြု သော် လည်း မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ကောင်းမွန် သော အကြံဥာဏ်များတောင်းခံ လျှင် ပေးသွား မည်ဖြစ်ကြောင်း၊ သမိုင်း ကြောင်းကိုပြန်ကြည့်လျှင် တရုတ် နိုင်ငံအခြေအနေနှင့် မြန်မာနိုင်ငံ အခြေအနေ သည် သဏ္ဌာန်တူသည့် အနေအထားတွင်ရှိကြောင်း ၄င်းက ထပ်မံပြောကြားသည်။

The Union Daily

No comments:

Post a Comment