Friday 25 July 2014

ရန်ကုန်မြို့၌ အသစ်ဖွင့်လှစ်ရန် လျှောက်ထားသည့် ပုဂ္ဂလိက ငွေချေး လုပ်ငန်းများကို ယခင်ထက် ပိုမို ခွင့်ပြုပေးလျက်ရှိ

ရန်ကုန်မြို့၌ အသစ်ဖွင့်လှစ်ရန် လျှောက်ထားသည့် ပုဂ္ဂလိက ငွေချေး လုပ်ငန်းများကို ယခင်ထက် ပိုမို ခွင့်ပြုပေးလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြော ကြား ချက် အရ သိရသည်။
အဆိုပါ ပုဂ္ဂလိက ငွေချေးလုပ်ငန်း လုပ်ကိုင်လိုသူများသည် ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းတွင် သိသာစွာ လုပ်ကိုင် လိုသူ များပြားခဲ့သည်။ အထူးသဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဆင်ခြေဖုံးရပ်ကွက်၊ မြို့နယ် များတွင် ဖွင့်လှစ် လုပ်ကိုင်မှု များပြားသည်။ ငွေချေးလုပ်ငန်း အများစုသည် တစ်ပြေးညီ သတ်မှတ် ထားသော အတိုးနှုန်းထား အတိုင်း လုပ်ကိုင် ဆောင်ရွက်ရမည် ဖြစ်ပြီး လက်ရှိတွင် ရွှေပေါင်နှံပါက အတိုး သုံးကျပ်နှုန်းဖြင့် ဆောင် ရွက် ပေးနေကြောင်း သိရသည်။

ရန်ကုန်မြို့ အတွင်း ပုဂ္ဂလိက ငွေချေးလုပ်ငန်း များကို တိုးမြှင့် လုပ်ကိုင်ခွင့် လိုင်စင်များ ချထားပေးလျက်ရှိပြီး လုပ်ငန်းလိုင်စင်ကြေးကို နှစ်စဉ် ၅ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံခဲ့ရာမှ ယခုနှစ်တွင် ၃ ရာခိုင်နှုန်း သို့ လျှော့ချ ကောက်ခံခဲ့ကြောင်း၊ ပုဂ္ဂလိက ငွေချေးလုပ်ငန်း လိုင်စင်ကြေး နှုန်းထားများမှာ မြို့နယ် အလိုက် ဈေးနှုန်းများ ကွာခြားမှုရှိပြီး ဆင်ခြေဖုံးမြို့နယ်များ ဖြစ်သော မြောက်ဥက္ကလာပ၊ သင်္ဃန်း ကျွန်း အစရှိသည့် မြို့နယ်များတွင် လိုင်စင်ကြေးငွေ ကျပ်သိန်း ၁ဝဝ ခန့်ရှိပြီး မရမ်းကုန်း မြို့နယ်၌ ငွေကျပ်သိန်း ၈ဝ ခန့် မြို့တွင်း မြို့နယ်များ ဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာအစရှိသော မြို့နယ်များ၌ လိုင်စင်ကြေးမှာ ဈေးနှုန်း သက်သာကြောင်း သိရသည်။ 

ရန်ကုန်မြို့၌ လိုင်စင်ရယူ လုပ်ကိုင်နေသော ပုဂ္ဂလိက ငွေချေးလုပ်ငန်း ၂၈ဝ နီးပါး ရှိပြီး အချို့မှာ လုပ်ငန်း တွင်ကျယ်မှု မရှိသောကြောင့် ပြန်လည် အပ်နှံမှုများလည်း ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment