Friday 25 July 2014

တရုတ်နိုင်ငံတွင် ပလိပ်ရောဂါကြောင့် ပိတ်ထားသည့်မြို့ကို ပြန်ဖွင့်ပေး

Photo: တရုတ်နိုင်ငံတွင် ပလိပ်ရောဂါကြောင့် ပိတ်ထားသည့်မြို့ကို ပြန်ဖွင့်ပေး
Friday, July 25, 2014

တရုတ်နိုင်ငံမြို့တစ်မြို့တွင် လွန်ခဲ့သည့် ရက်သတ္တပတ်ကတည်းက ပလိပ်ရောဂါ ပြန့်ပွားကာ လူတစ်ဦး သေဆုံးခဲ့ခြင်းကြောင့် အာဏာပိုင်များက မြို့အား ပိတ်ထားခဲ့ရာမှ ပြန်လည် ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း အရာရှိများက ပြောကြား လိုက်သည်ဟု ဇူလိုင် ၂၄ ရက်က အေအက်ဖ်ပီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၃၈ နှစ်အရွယ်ရှိသူတစ်ဦးသည် ဇူလိုင်လ ၁၆ရက်တွင် သေဆုံးခဲ့ပြီးနောက် ယူမင်မြို့တော် အစိတ်အပိုင်းများကို ရဲတပ် ဖွဲ့မှ ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ပလိပ်ရောဂါကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။ နောက်ထပ် ရောဂါဖြစ်ပွားမှုများ ထပ်မံမတွေ့ရသောကြောင့် မြို့ကို ပြန်လည် ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။

လူနာသေဆုံးခဲ့သည့် နေ့တွင် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဂန်ဆူဒေသ ယူမင်မြို့ရှိ နေထိုင်သူ ၃၀,၀၀၀ ထက်မနည်းသို့ ပလိပ်ရောဂါ ကူးစက်လာနိုင်ခြင်းကြောင့် ယင်းဒေသအား ကူးစက်တတ်သော ရောဂါ မပြန့်ပွားရေးဇုန်အဖြစ် သတ်မှတ်ခဲ့သည်။ မူလသတ်မှတ်ထားသော ရောဂါမပြန့်ပွားရေး ရက်အပိုင်းအခြားသည် ကိုးရက် ဖြစ်သည်။

ယင်း ပလိပ်ရောဂါသည် အမွေးပွရှဥ့် တစ်မျိုးမှတစ်ဆင့် ဖြစ်ပွားခြင်းဖြစ်သည်။ ရောဂါဖြစ်ပွားခြင်းကြောင့် သေဆုံးသူသည် ၎င်း၏ခွေးအား အစာကျွေးရန် ရောဂါကူးစက်နေသော ရှဥ့်သေအား ခုတ်ထစ်ရာမှ ပလိပ်ရောဂါ ကူးစက်ခံရခြင်းဖြစ်သည်ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ခွေး၌ ရောဂါဖြစ်ပွားခြင်း ရှိ၊ မရှိ မသိရသေးပေ။ယခုဖြစ်ပွားနေသော ပလိပ်ရောဂါသည် လူ၊ ရှဥ့်ကဲ့သို့သော အကောင်ငယ်များနှင့် အချို့တိရစ္ဆာန်များထံတွင် အဆုတ်ကို ဘက်တီးရီးယား ပိုးများ ကူးစက်ခြင်းဖြင့် ပြင်းထန်သော ရောဂါဝေဒနာကို ခံစားရသည်။ ယင်းပလိပ်ရောဂါသည် တိရစ္ဆာန်များ မရှိသော ပတ်ဝန်းကျင်တွင်ပင် အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် လူများထံသို့ ကူးစက်နိုင်သည်

လက်ရှိအချိန်တွင် ရောဂါထိန်းချုပ်ရေး စခန်းလေးခုကို ယူမင်မြို့တွင် ပြုလုပ်ထားပြီး ပလိပ်ရောဂါကူးစက်ခံသူနှင့် ထိတွေ့မှုရှိခဲ့သော ၁၅၁ ဦးကို ဆေးကုသမှု စောင့်ကြည့်ရေးအောက်တွင် ထားရှိကြောင်းနှင့် ယခုအချိန်ထိ ရောဂါလက္ခဏာများကို မတွေ့ရှိသေးပေ။

ပလိပ်ရောဂါအား ကုသခြင်းမရှိပါက လျင်မြန်စွာ ပျံ့နှံ့သွားမည်ဖြစ်ပြီး သေဆုံးသည်အထိ အန္တရာယ်ရှိလာနိုင်သည်ဟု အမေရိကန်နိုင်ငံရှိ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။ ရောဂါလက္ခဏာ စတင်ပြသသော လူနာအား ၂၄ နာရီအတွင်း ပဋိဇီဝဆေးဝါးများပေးကာ ကုသသင့်သည်ဟု ၎င်းတို့က ဆိုသည်။

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ပလိပ်ရောဂါသည် အာဖရိက၊ မြောက်နှင့်တောင် အမေရိကနှင့် အာရှနိုင်ငံများတွင်လည်း ဖြစ်ပွားလျက်ရှိသည်။

Mizzima - News in Burmese
တရုတ်နိုင်ငံမြို့တစ်မြို့တွင် လွန်ခဲ့သည့်ရက်သတ္တပတ်ကတည်းက ပလိပ်ရောဂါပြန့်ပွားကာ လူတစ် ဦး သေဆုံးခဲ့ခြင်းကြောင့် အာဏာပိုင်များက မြို့အား ပိတ်ထားခဲ့ရာမှ ပြန်လည် ဖွင့်ပေးလိုက်ပြီဖြ စ်ကြောင်း အရာရှိများက ပြောကြား လိုက်သည်ဟု ဇူလိုင် ၂၄ ရက်က အေအက်ဖ်ပီသတင်း တစ်ရပ်တွင် ဖော်ပြထား သည်။
အသက် ၃၈ နှစ်အရွယ်ရှိသူတစ်ဦးသည် ဇူလိုင်လ ၁၆ရက်တွင် သေဆုံးခဲ့ပြီးနောက် ယူမင်မြို့တော် အစိတ် အပိုင်းများကို ရဲတပ် ဖွဲ့မှ ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ပလိပ်ရောဂါကြောင့် သေဆုံး ခဲ့ခြင်း ဖြစ် သည်။ နောက်ထပ် ရောဂါဖြစ်ပွားမှုများ ထပ်မံမတွေ့ရသောကြောင့် မြို့ကို ပြန်လည် ဖွင့်ပေး လိုက်ခြင်း ဖြစ်သည်။

လူနာသေဆုံးခဲ့သည့် နေ့တွင် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဂန်ဆူဒေသ ယူမင်မြို့ရှိ နေထိုင်သူ ၃၀,၀၀၀ ထက်မနည်းသို့ ပလိပ်ရောဂါ ကူးစက်လာနိုင်ခြင်းကြောင့် ယင်းဒေသအား ကူးစက်တတ်သော ရောဂါ မပြန့်ပွားရေးဇုန်အဖြစ် သတ်မှတ်ခဲ့သည်။ မူလသတ်မှတ်ထားသော ရောဂါမပြန့်ပွားရေး ရက်အပိုင်းအခြား သည် ကိုးရက် ဖြစ်သည်။

ယင်း ပလိပ်ရောဂါသည် အမွေးပွရှဥ့် တစ်မျိုးမှတစ်ဆင့် ဖြစ်ပွားခြင်းဖြစ် သည်။ ရောဂါဖြစ် ပွားခြင်းကြော င့် သေဆုံးသူသည် ၎င်း၏ခွေးအား အစာကျွေးရန် ရောဂါကူးစက်နေသော ရှဥ့်သေအား ခုတ်ထစ်ရာမှ ပလိပ်ရောဂါ ကူးစက်ခံရခြင်းဖြစ်သည်ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ခွေး၌ ရောဂါဖြစ်ပွားခြင်း ရှိ၊ မရှိ မသိရသေးပေ။ယခုဖြစ်ပွားနေသော ပလိပ်ရောဂါသည် လူ၊ ရှဥ့်ကဲ့သို့သော အကောင်ငယ်များနှင့် အချို့တိရစ္ဆာန်များထံတွင် အဆုတ်ကို ဘက်တီးရီးယား ပိုးများ ကူးစက်ခြင်းဖြင့် ပြင်းထန်သော ရောဂါဝေဒနာကို ခံစားရသည်။ ယင်းပလိပ်ရောဂါသည် တိရစ္ဆာန်များ မရှိသော ပတ်ဝန်းကျင်တွင်ပင် အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် လူများထံသို့ ကူးစက်နိုင်သည်

လက်ရှိအချိန်တွင် ရောဂါထိန်းချုပ်ရေး စခန်းလေးခုကို ယူမင်မြို့တွင် ပြုလုပ်ထားပြီး ပလိပ်ရောဂါကူးစက် ခံသူနှင့် ထိတွေ့မှုရှိခဲ့သော ၁၅၁ ဦးကို ဆေးကုသမှု စောင့်ကြည့်ရေးအောက်တွင် ထားရှိကြောင်းနှင့် ယခုအချိန် ထိ ရောဂါလက္ခဏာများကို မတွေ့ရှိသေးပေ။

ပလိပ်ရောဂါအား ကုသခြင်းမရှိပါက လျင်မြန်စွာ ပျံ့နှံ့သွားမည်ဖြစ်ပြီး သေဆုံးသည်အထိ အန္တရာယ်ရှိ လာနိုင် သည် ဟု အမေရိကန်နိုင်ငံရှိ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြား သည်။ ရောဂါ လက္ခဏာ စတင်ပြသသော လူနာအား ၂၄ နာရီအတွင်း ပဋိဇီဝဆေးဝါးများပေးကာ ကုသသင့် သည်ဟု ၎င်းတို့က ဆိုသည်။

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ပလိပ်ရောဂါသည် အာဖရိက၊ မြောက်နှင့်တောင် အမေရိကနှင့် အာ ရှနိုင်ငံ များတွင်လည်း ဖြစ်ပွားလျက်ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment