Friday 25 July 2014

မြန်မာမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် ADB ဆွေးနွေး

Photo: မြန်မာမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် ADB ဆွေးနွေး
Friday, July 25, 2014 

အာရှဖွံ့ဖြိုး တိုးတက်ရေးဘဏ် ADB ဘဏ်ကနေပြီး လာမည့် ၅ နှစ်တာကာလမှာ မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ချမှတ်နိုင်ဖို့ဆိုပြီး ထိုင်း မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ လူမှုအခြေပြု အဖွဲ့အစည်းက တာဝန်ရှိသူတွေနဲ့ မနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ချင်းမိုင်မြို့က Sinthana Resort မှာ အစိုးရ မဟုတ်တဲ့ လူမှုအဖွဲ့အစည်းတွေ၊ လူမှုအခြေပြု အဖွဲ့အစည်း CBO က တာဝန်ရှိသူတွေနဲ့ လာရောက်တွေ့ဆုံတာဖြစ်ပြီး အခြေခံ လူတန်းစား အဖွဲ့အစည်းတွေ လိုချင်တဲ့ စီမံကိန်းတွေ၊ အစိုးရ လိုချင်တဲ့ စီမံကိန်းတွေနဲ့ ADB ဘဏ်က ကူညီနိုင်တဲ့ လုပ်ငန်း စီမံကိန်း တွေကို ပေါင်းစပ်ပြီး ကောင်းတဲ့ စီမံကိန်းတွေ ဖြစ်လာဖို့အတွက် လာရောက် ညှိနှိုင်း ဆွေးနွေးတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး လူမှုအဖွဲ့ အစည်းဆိုင်ရာ ကျွမ်းကျင်သူလည်းဖြစ် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် ADB က အပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါက်တာ သိန်းဆွေ က အခုလို ပြောဆိုပါတယ်။

အဓိက ကတော့ ဒီ ဆင်းရဲ နွမ်းပါးမှု ပပျောက်ရေးကို အဓိက ဆောင်ရွက်ဖို့၊ ဒါနဲ့ပတ် သက်ပြီးတော့ အခြေခံ လူတန်းစားတွေ ဘာတွေ လိုအပ်တယ်၊ အထူးသဖြင့် ပေါ့လေ တိုင်းပြည်ဖွံ့ဖြိုးမှုမှာ ပါဝင်နိုင်တဲ့ လယ်ယာ ကဏ္ဍ ဟုတ်လား ဒီ လျှပ်စစ် မရှိရင် စက်မှုကဏ္ဍ မလုပ်နိုင်ဘူး၊ စက်မှု ကဏ္ဍလည်း ပါဝင်နိုင် အောင် လျှပ်စစ် လုပ်ငန်း စီမံကိန်းတွေ ပါဝင်တယ် လမ်းပန်း ဆက်သွယ်ရေး ကိစ္စတွေ ပါဝင်တယ် အတိုချုံး တင်ပြ တာပေါ့ အဓိကတော့ ဆင်းရဲ နွမ်းပါးမှု ပပျောက်ရေး အတွက်၊ ဒါကို ဦးတည် ချက်အနေနဲ့ သူ့ထက် ဆက်နွယ်နေတဲ့ လုပ်ငန်း စီမံကိန်းတွေ ဦးစားပေး ပြီးတော့ အကူအညီပေးဖို့။

ဒီဆွေးနွေးပွဲ ကနေ ရရှိလာတဲ့ အချက် အလက် တွေကို နေပြည်တော် မှာရှိတဲ့ အစိုးရ တာဝန်ရှိသူ တွေထံ ဆက်လက် တင်ပြသွား မှာဖြစ်ပြီး ၂၀၁၆ ခုနှစ် ကစလို့ လာမည့် ၅ နှစ်တာကာလမှာ ဆောင်ရွက်မယ့် လူမှု ဖွံ့ဖြိုးမှု ဆိုင်ရာ လုပ်ငန်းစဉ် စီမံကိန်းတွေ ကို အကောင် အထည်ဖော် သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီဆွေးနွေးပွဲ တက်ရောက် သူတွေက တိကျတဲ့ အချက် အလက်တွေ ရဖို့ ကျေးလက် ဒေသတွေကို ကွင်းဆင်း လေ့လာ မေးမြန်းဖို့ လိုအပ်ကြောင်း၊ ပြည်နယ် အလိုက် တိုင်းရင်း သားတွေရဲ့ ဖွံ့ဖြိုးတိုး တက်ရေး ကိစ္စတွေကို တိုင်းရင်းသား CBO အဖွဲ့ တွေနဲ့ တွေ့ဆုံညှိနှိုင်း သွားဖို့ လိုကြောင်းနဲ့ ကျေးရွာ ဖွံ့ဖြိုးရေး တွေနဲ့ ပညာသင် ကျောင်း မလုံလောက်မှု ကိစ္စတွေကို အရင်ဆုံး အကောင် အထည်ဖော် လုပ်ဆောင် သွားဖို့ အကြံပြု ဆွေးနွေး ခဲ့ကြတယ်လို့ ရေဒီယို သြစတေးလျ သတင်း ထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။

ABC Radio Australia

အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Credit: AFP)
အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Credit: AFP)
အာရှဖွံ့ဖြိုး တိုးတက်ရေးဘဏ် ​ADB ​ဘဏ်ကနေပြီး ​လာမည့် ​၅ ​နှစ်တာကာလမှာ ​မြန်မာနိုင်ငံတွင်း ​ဖွံ့ ဖြိုးရေး လုပ်ငန်းတွေ ချမှတ်နိုင်ဖို့ဆိုပြီး ​ထိုင်း ​မြန်မာနယ်စပ်မှာ ​အခြေစိုက်တဲ့ ​လူမှုအခြေပြု ​အဖွဲ့ အစည်း က ​တာဝန်ရှိသူတွေနဲ့ ​မနေ့က ​ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့မှာ ​လာရောက်တွေ့ ဆုံ ​ဆွေးနွေး ခဲ့ကြပါ တယ်။
ချင်းမိုင်မြို့က ​Sinthana ​Resort ​မှာ ​အစိုးရ ​မဟုတ်တဲ့ ​လူမှုအဖွဲ့အစည်းတွေ၊ ​လူမှုအခြေပြု ​အဖွဲ့အစည်း ​CBO ​က ​တာဝန်ရှိသူတွေနဲ့ ​လာရောက်တွေ့ဆုံတာဖြစ်ပြီး ​အခြေခံ ​လူတန်းစား ​အဖွဲ့အစည်းတွေ ​လိုချင်တဲ့ ​စီမံကိန်းတွေ၊ ​အစိုးရ ​လိုချင်တဲ့ ​စီမံကိန်းတွေနဲ့ ​ADB ​ဘဏ်က ​ကူညီနိုင်တဲ့ ​လုပ်ငန်း ​စီမံကိန်း ​တွေကို ​ပေါင်းစပ်ပြီး ​ကောင်းတဲ့ ​စီမံကိန်းတွေ ​ဖြစ်လာဖို့အတွက် ​လာရောက် ​ညှိနှိုင်း ​ဆွေးနွေး တာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

ဒီတွေ့ဆုံ ​ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ​လူမှုအဖွဲ့ ​အစည်းဆိုင်ရာ ​ကျွမ်းကျင်သူလည်းဖြစ် ​အာရှဖွံ့ဖြိုး တိုး တက်ရေးဘဏ် ​ADB ​က ​အပြည်ပြည်ဆိုင်ရာ ​အတိုင်ပင်ခံ ​ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ​ဒေါက်တာ ​သိန်းဆွေ ​က ​အခုလို ​ပြောဆိုပါတယ်။

အဓိက ​ကတော့ ​ဒီ ​ဆင်းရဲ ​နွမ်းပါးမှု ​ပပျောက်ရေးကို ​အဓိက ​ဆောင်ရွက်ဖို့၊ ​ဒါနဲ့ပတ် ​သက်ပြီးတော့ ​အခြေခံ ​လူတန်းစားတွေ ​ဘာတွေ ​လိုအပ်တယ်၊ ​အထူးသဖြင့် ​ပေါ့လေ ​တိုင်းပြည်ဖွံ့ဖြိုးမှုမှာ ​ပါဝင်နိုင်တဲ့ ​လယ်ယာ ​ကဏ္ဍ ​ဟုတ်လား ​ဒီ ​လျှပ်စစ် ​မရှိရင် ​စက်မှုကဏ္ဍ ​မလုပ်နိုင်ဘူး၊ ​စက်မှု ​ကဏ္ဍလည်း ​ပါဝင်နိုင် ​အောင် ​လျှပ်စစ် ​လုပ်ငန်း ​စီမံကိန်းတွေ ​ပါဝင်တယ် ​လမ်းပန်း ​ဆက်သွယ်ရေး ​ကိစ္စတွေ ​ပါဝင်တယ် ​အတိုချုံး ​တင်ပြ ​တာပေါ့ ​အဓိကတော့ ​ဆင်းရဲ ​နွမ်းပါးမှု ​ပပျောက်ရေး ​အတွက်၊ ​ဒါကို ​ဦးတည် ​ချက်အနေနဲ့ ​သူ့ထက် ​ဆက်နွယ်နေတဲ့ ​လုပ်ငန်း ​စီမံကိန်းတွေ ​ဦးစားပေး ​ပြီးတော့ ​အကူအညီပေးဖို့။

ဒီဆွေးနွေးပွဲ ​ကနေ ​ရရှိလာတဲ့ ​အချက် ​အလက် ​တွေကို ​နေပြည်တော် ​မှာရှိတဲ့ ​အစိုးရ ​တာဝန်ရှိသူ ​တွေထံ ​ဆက်လက် ​တင်ပြသွား ​မှာဖြစ်ပြီး ​၂၀၁၆ ​ခုနှစ် ​ကစလို့ ​လာမည့် ​၅ ​နှစ်တာကာလမှာ ​ဆောင်ရွက်မယ့် ​လူမှု ​ဖွံ့ဖြိုးမှု ​ဆိုင်ရာ ​လုပ်ငန်းစဉ် ​စီမံကိန်းတွေ ​ကို ​အကောင် ​အထည်ဖော် ​သွားမှာ ​ဖြစ်တယ်လို့လည်း ​သိရပါတယ်။

ဒီဆွေးနွေးပွဲ ​တက်ရောက် ​သူတွေက ​တိကျတဲ့ ​အချက် ​အလက်တွေ ​ရဖို့ ​ကျေးလက် ​ဒေသတွေကို ​ကွင်းဆင်း ​လေ့လာ ​မေးမြန်းဖို့ ​လိုအပ်ကြောင်း၊ ​ပြည်နယ် ​အလိုက် ​တိုင်းရင်း ​သားတွေရဲ့ ​ဖွံ့ဖြိုးတိုး ​တက်ရေး ​ကိစ္စတွေကို ​တိုင်းရင်းသား ​CBO ​အဖွဲ့ ​တွေနဲ့ ​တွေ့ဆုံညှိနှိုင်း ​သွားဖို့ ​လိုကြောင်းနဲ့ ​ကျေးရွာ ​ဖွံ့ဖြိုးရေး ​တွေနဲ့ ​ပညာသင် ​ကျောင်း ​မလုံလောက်မှု ​ကိစ္စတွေကို ​အရင်ဆုံး ​အကောင် ​အထည်ဖော် ​လုပ်ဆောင် ​သွားဖို့ ​အကြံပြု ​ဆွေးနွေး ​ခဲ့ကြတယ်လို့ ​ရေဒီယို ​သြစတေးလျ ​သတင်း ​ထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

ABC Radio Australia

No comments:

Post a Comment