Friday 25 July 2014

မလှိုင်နယ်တွင် မိုးခေါင်နယ်ကျယ်ဝန်းသဖြင့် နွားစာရှားပါးမှု ကြုံတွေ့နေရ

Photo: မလှိုင်နယ်တွင် မိုးခေါင်နယ်ကျယ်ဝန်းသဖြင့် နွားစာရှားပါးမှု ကြုံတွေ့နေရ
Friday, July 25, 2014

 မန္တလေးတိုင်း ဒေသကြီး မလှိုင်မြို့နယ်တွင် မိုးဦးကာလ မိုးရွာသွန်းမှု နည်းပါးပြီး မိုးခေါင်နယ်ကျယ်ဝန်း သဖြင့် ဒေသခံ တောင်သူများ နွားစာရှားပါးမှု အခက်ခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် မိုးဦးကာလ မိုးရွာသွန်းမှု အကြိမ်ရေ နည်းပါးခြင်း၊ ရွာသွန်းသော မိုးရေချိန်လက္မ အလွန် နည်းပါးခြင်း၊ မိုးကွက်ကြားရွာသွန်းခြင်းတို့ကြောင့် မိုးခေါင်နယ်ကျယ်ဝန်းပြီး မိုးဦးသီးနှံစိုက်ပျိုးနိုင်မှု ယမန်နှစ်ကထက် များစွာ နည်းပါးခဲ့သည်။ အထူးသဖြင့် မိုးခေါင်နယ်ကျယ်ဝန်း၍ ဒေသခံ တောင်သူများနွားစာရှားပါးပြီး နွားစာရရှိရေး လတ်တလော အဓိကထားလုပ်ကိုင်နေကြရသည်။

ငွေကြေးတတ်နိုင်သူများက ပြောင်းရိုး၊ ကောက်ရိုး ဝယ်ကြွေးနိုင်သော်လည်း ငွေကြေးမပြည့်စုံသူများက နွားစာပေါများရာ တစ်ခြားအရပ်ဒေသများသို့ တစ်ဦးခြင်း ဖြစ်စေ၊ စုပေါင်းဖြစ်စေ သွားရောက်ရှာဖွေ ရိတ်သိမ်းပြီး လှည်းများ၊ ထော်လာကြည်များနှင့် သယ်သူနေကြရသည်။

`ကျနော်တို့ ဆို နွားထိုးနယ် ဇီးတောရွာဖက်ကို ကောက်ရိုးသွားဝယ်ရတယ်၊ အဲဒီဖက်က ကောက်ရိုးပေါတယ်၊ ကောက်ရိုးပုံကို ပုံပြတ်ဝယ်ရတယ်၊ အကျယ် ၁၂ ပေ/ ၁၃ ပေ ပတ်လည် အမြင့်လည်း ၁၃ ပေလောက်ရှိမည့်ကောက် ရိုးပုံ ကို တစ်သိန်း/တစ်သိန်းခွဲပေးရတယ်၊ ကောက်ရိုးပုံ အကြီး အသေးလိုက် ဈေးပေးရတယ်၊ အပုံကြီးရင် နှစ်သိန်း/သုံးသိန်းထိ ပေးရတယ်။ သယ်ယူစရိတ်ကထော်လာကြည်(ဖေါကား) တစ်စီးကို သုံးသောင်း/သုံးသောင်းခွဲ ပေးရတယ်။ ကောက်ရိုး၊ပြောင်းရိုး စဉ်းရောင်းတဲ့ သူဆီ မှာဝယ်ရင် ကောက်ရိုးတစ်တင်း ၂၀ဝ ကျပ်၊ ပြောင်းရိုးစင်း ဖတ်တစ်တင်း ၅၀၀ ကျပ် ပေးဝယ်ရတယ်၊ ရောင်းတဲ့သူက နည်းတယ်၊ ပြောင်ရိုးဆို မြင်းခြံ နယ်အထိသွား ဝယ်ရတယ်။ လူအတွက်က ချေးငှါးလို့ရပေမဲ့ နွားစာက ချေးငှားလို့မလွယ်ဘူး၊ မိုးရွာမှနွားစာကအဆင်ပြေမှာ နောက်ပိုင်း သီးနှံလည်း စိုက်နိုင်မှာ၊ မိုးဥိးမစိုက်ရတဲ့ တောင်သူကလည်း များပါတယ် `ဟု ဒေသခံတောင်သူ ဦးကံကောင်းက ပြောကြားသည်။

MOI Webportal Myanmar
 မန္တလေးတိုင်း ဒေသကြီး မလှိုင်မြို့နယ်တွင် မိုးဦးကာလ မိုးရွာသွန်းမှု နည်းပါးပြီး မိုးခေါင်နယ်ကျယ်ဝန်း သဖြင့် ဒေသခံ တောင်သူများ နွားစာရှားပါးမှု အခက်ခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင် မိုးဦးကာလ မိုးရွာသွန်းမှု အကြိမ်ရေ နည်းပါးခြင်း၊ ရွာသွန်းသော မိုးရေချိန်လက္မ အလွန် နည်းပါးခြင်း၊ မိုးကွက်ကြားရွာသွန်းခြင်းတို့ကြောင့် မိုးခေါင်နယ်ကျယ်ဝန်းပြီး မိုးဦးသီးနှံစိုက်ပျိုးနိုင်မှု ယမန်နှစ်ကထက် များစွာ နည်းပါးခဲ့သည်။ အထူးသဖြင့် မိုးခေါင်နယ်ကျယ်ဝန်း၍ ဒေသခံ တောင်သူ များနွားစာရှားပါးပြီး နွားစာရရှိရေး လတ်တလော အဓိကထားလုပ်ကိုင်နေကြရသည်။

ငွေကြေးတတ်နိုင်သူများက ပြောင်းရိုး၊ ကောက်ရိုး ဝယ်ကြွေးနိုင်သော်လည်း ငွေကြေး မပြည့်စုံသူ များ က နွားစာပေါများရာ တစ်ခြားအရပ်ဒေသများသို့ တစ်ဦးခြင်း ဖြစ်စေ၊ စုပေါင်းဖြစ်စေ သွားရောက်ရှာဖွေ ရိတ် သိမ်းပြီး လှည်းများ၊ ထော်လာကြည်များနှင့် သယ်သူနေကြရသည်။

`ကျနော်တို့ ဆို နွားထိုးနယ် ဇီးတောရွာဖက်ကို ကောက်ရိုးသွားဝယ်ရတယ်၊ အဲဒီဖက်က ကောက်ရိုးပေါ တယ်၊ ကောက်ရိုးပုံကို ပုံပြတ်ဝယ်ရတယ်၊ အကျယ် ၁၂ ပေ/ ၁၃ ပေ ပတ်လည် အမြင့်လည်း ၁၃ ပေလောက်ရှိမည့်ကောက် ရိုးပုံ ကို တစ်သိန်း/တစ်သိန်းခွဲပေးရတယ်၊ ကောက်ရိုးပုံ အကြီး အသေးလိုက် ဈေးပေးရတယ်၊ အပုံကြီးရင် နှစ်သိန်း/သုံးသိန်းထိ ပေးရတယ်။ သယ်ယူ စရိတ်ကထော်လာ ကြည်(ဖေါကား) တစ်စီးကို သုံးသောင်း/သုံးသောင်းခွဲ ပေးရတယ်။ ကောက်ရိုး၊ပြောင်းရိုး စဉ်းရောင်းတဲ့ သူဆီ မှာဝယ်ရင် ကောက်ရိုးတစ်တင်း ၂၀ဝ ကျပ်၊ ပြောင်းရိုးစင်း ဖတ်တစ်တင်း ၅၀၀ ကျပ် ပေးဝယ် ရတယ်၊ ရောင်းတဲ့သူက နည်းတယ်၊ ပြောင်ရိုးဆို မြင်းခြံ နယ်အထိသွား ဝယ်ရတယ်။ လူအတွက် က ချေးငှါးလို့ရပေမဲ့ နွားစာက ချေးငှားလို့မလွယ်ဘူး၊ မိုးရွာမှနွားစာကအဆင်ပြေမှာ နောက်ပိုင်း သီးနှံလည်း စိုက်နိုင် မှာ၊ မိုးဥိးမစိုက်ရတဲ့ တောင်သူကလည်း များပါတယ် `ဟု ဒေသခံတောင်သူ ဦးကံကောင်း က ပြောကြားသည်။

MOI Webportal Myanmar

No comments:

Post a Comment