Friday 25 July 2014

လာလီဂါပြိုင်ပွဲ၏ ၂၀၁၄-၁၅ရာသီ ပွဲစဉ်ဇယားရေးဆွဲထုတ်ပြန်


ပွဲပယ်ပြစ်ဒဏ်လျော့ကျဖွယ်ရှိနေသည့် ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ် ရာသီအဖွင့်ကတည်းက ပါဝင်လာနိုင်ကြောင်း Goal.com မှ ဖော်ပြ စပိန်လိဂ်အဖွဲ့ချုပ်သည် လာမည့် ၂၀၁၄-၁၅ ရာသီအတွက် လာလီဂါပွဲစဉ်ဇယားကို ပြီးခဲ့သည့် ကြာသပတေးနေ့က ရေးဆွဲထုတ်ပြန်လိုက်ပြီး အဖွင့်ပွဲစဉ်ကို သြဂုတ်လ (၂၃)ရက်နေ့တွင် စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


ထွက်ပေါ်လာသည့် ပွဲစဉ်ဇယားအရ လက်ရှိချန်ပီယံ အက်သလက်တီကိုအသင်းသည် အဖွင့်ပွဲတွင် ဗယ်လက်ကာနိုအသင်း နှင့် အဝေးကွင်းပွဲကစားရမည်ဖြစ်ပြီး ရီးယဲလ်အသင်းက ကော်ဒိုဘာ၊ ဘာစီလိုနာက အယ်လ်ချီနှင့် အိမ်ကွင်းပွဲစဉ်များ ကစားရမည်ဖြစ်သည်။ ထို့ပြင် ချန်ပီယံဆုအတွက် အပြိုင်နွှဲရမည့် အဆိုပါထိပ်သီး(၃)သင်း အချင်းချင်းထိပ်တိုက်တွေ့ဆုံမှုမှာ ၂၀၁၄ ခုနှစ်အတွင်း (၂)ပွဲသာရှိပြီး ၂၀၁၅ တွင် (၄)ပွဲရှိနေကြောင်းလည်း သိရှိရသည်။ ပထမဆုံး ဆုံတွေ့မှုမှာ စက်တင်ဘာ(၁၄)တွင် ယှဉ်ပြိုင်ရမည့် ရီးယဲလ်နှင့် အက်သလက်တီ ကိုတို့၏ မက်ဒရစ်ဒါဘီပွဲဖြစ်ပြီး ရီးယဲလ် နှင့် ဘာစီလိုနုာတို့မှာ အောက်တိုဘာ(၂၆) မှ ဆုံတွေ့ရမည်ဖြစ်သည်။ ဘာစီလိုနာအသင်းအနေဖြင့် မူရီးယဲလ်နှင့် ရင်ဆိုင်ရမည့် ပွဲမှာ အစောဆုံးဖြစ်သည်။ ထို့ကြောင့် စပိန်လိဂ်အဖွဲ့ချုပ်တာဝန်ရှိသူများမှာ ဘာစီလိုနာတိုက်စစ်မှူးသစ် ဆွာရက်ဇ် ပွဲပယ်ပြစ်ဒဏ် မှ လွတ်မြောက်မည့်အချိန်ကာလကို တွက်ဆ၍ ပွဲစဉ်ရေးဆွဲထားခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်လာခဲ့သည်။

သို့သော် Goal.com ကမူ ဆွာရက်ဇ် အနေဖြင့် လာလီဂါပြိုင်ပွဲ အစတွင်ပင် ပါဝင်ကစားခွင့် ရဖွယ် ရှိနေကြောင်း ဖော်ပြခဲ့သည်။ Goal.com က အားကစားခုံရုံး (CAS)သို့ တင်သွင်းထားသည့် ဆွာရက်ဇ်၏ အယူခံမှာ အောင်မြင်ရန် အလားအလာကောင်းနေကြောင်း၊ CAS က ကမ္ဘာ့ဖလားမှ ပြဿ နာသည် ကလပ် အသင်းကို မထိခိုက်သင့်ဟု ယူဆထားကြောင်း၊ ဥရုဂွေးအသင်းနှင့် ပွဲပယ်ပြစ်ဒဏ်ကို မူလအတိုင်း ထားရှိပြီး ဘောလုံးလောကမှ (၄)လ ပိတ်ပင်ထားခြင်းကို လျှော့ချပေးရန် နီးစပ်နေကြောင်း CAS မှ တာဝန်ရှိသူ တစ်ဦး၏ စကားကို ကိုးကား၍ဖော်ပြခြဲ့ခင်းဖြစ်သည်။

(Photo : AFP)
Eleven Media Group

No comments:

Post a Comment