Friday 25 July 2014

အရေးပေါ်ဆင်းသက်စဉ်ပျက်ကျခဲ့သည့် ထိုင်ဝမ်လေယာဉ်

Photo: အရေးပေါ်ဆင်းသက်စဉ်ပျက်ကျခဲ့သည့် ထိုင်ဝမ်လေယာဉ်
Friday, July 25, 2014

ထိုင်ဝမ်ကျွန်းပိုင် ထရန်အေးရှားလေကြောင်းလိုင်းရဲ့ ကြာသပတေးနေ့တုန်းက ထုတ်ပြန်ချက်အရ တာဘိုဒလက်သုံး ခရီးသည်တင်လေယာဉ်ဟာ
ရာသီဥတုဆိုးရွားစဉ် ဆင်းသက်ဖို့ကြိုးစားခဲ့ပေမယ့်လည်း ပျက်ကျခဲ့တာကြောင့် လေယာဉ်ပေါ်လိုက်ပါလာသူ ၄၈ဦးသေဆုံးပြီး အသက်ရှင်ကျန်ရစ်သူ ၁၀ဦးရှိခဲ့တယ်လို့ သိရပါတယ်။
 
ထရန်အေးရှားလေကြောင်းလိုင်းက ATR 72-500 အမျိုးအစား လေယာဉ်အမှတ် GE 222  ဟာခရီးသည် ၅၄ယောက်ကို တင်ဆောင်ပြီး ထိုင်ဝမ်ကျွန်း ခိုအီအန်းမြို့လေဆိပ်ကနေ ပန်းဂူးကျွန်းတွေဘက်ကို ပျံသန်းရာကနေ Magong မဂွန်းလေဆိပ်နားမှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ လေကြောင်းလိုင်းအရာရှိတွေက သတင်းထုတ်ပြန်ထားပါတယ်။  လေယာဉ်ဟာ ထိုင်ဝမ်ကျွန်းမှ တိုင်ဖွန်းမုန်တိုင်း မာတိုတိုက်ခတ်စဉ်အတွင်း မိုးသည်းသည်းမှာ အရေးဆင်းသက်ဖို့ ကြိုးစားရင်း ဒုတိယအကြိမ်မြောက်မှာ Magong လေဆိပ်အနီးမှာရှိတဲ့  နေအိမ်နှစ်လုံးကို ၀င်တိုက်မိပြီး ပျက်ကျခဲ့တာဖြစ်ပါတယ်။
 
လူနေအိမ်တွေပေါ်ပျက်ကျခဲ့တာဖြစ်တဲ့အတွက် မြေပြင်က လူ (၅) ဦး လည်းထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူတွေထဲမှာ ပြင်သစ်ဆေးကျောင်းသား (၂) ဦးလည်း ပါဝင်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ထရန်အေးရှား လေကြောင်းလိုင်း ဟာ ထိုင်ဝမ်ဒေသက ပထမဆုံး ပုဂ္ဂလိကလေကြောင်းလိုင်းဖြစ် ပြီး ဒီမတော်တဆ မှုမှာ သေဆုံးသူတွေရဲ့ မိသားစုတွေကို အမေရိကန်ဒေါ်လာ (၃) သိန်း (၃) ထောင်နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ထိုင်ဝမ်ငွေ (၂) သိန်းစီ နစ်နာကြေးပေးအပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး  ထိုင်ဝမ်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။ 

MRTV-4
ထိုင်ဝမ်ကျွန်းပိုင် ထရန်အေးရှားလေကြောင်းလိုင်းရဲ့ ကြာသပတေးနေ့တုန်းက ထုတ်ပြန်ချက်အရ တာဘို ဒလက်သုံး ခရီးသည်တင်လေယာဉ်ဟာ ရာသီဥတုဆိုးရွားစဉ် ဆင်းသက်ဖို့ကြိုးစားခဲ့ပေမယ့်လည်း ပျက်ကျခဲ့ တာကြောင့် လေယာဉ်ပေါ်လိုက်ပါလာသူ ၄၈ဦးသေဆုံးပြီး အသက်ရှင်ကျန်ရစ်သူ ၁၀ဦးရှိခဲ့တယ်လို့ သိရပါတယ်။
ထရန်အေးရှားလေကြောင်းလိုင်းက ATR 72-500 အမျိုးအစား လေယာဉ်အမှတ် GE 222  ဟာခရီးသည် ၅၄ယောက်ကို တင်ဆောင်ပြီး ထိုင်ဝမ်ကျွန်း ခိုအီအန်းမြို့လေဆိပ်ကနေ ပန်းဂူးကျွန်းတွေဘက်ကို ပျံသန်းရာကနေ Magong မဂွန်းလေဆိပ်နားမှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ လေကြောင်းလိုင်းအရာရှိတွေက သတင်းထုတ်ပြန်ထားပါတယ်။  လေယာဉ်ဟာ ထိုင်ဝမ်ကျွန်းမှ တိုင်ဖွန်းမုန်တိုင်း မာတိုတိုက်ခတ်စဉ် အတွင်း မိုးသည်းသည်းမှာ အရေးဆင်းသက်ဖို့ ကြိုးစားရင်း ဒုတိယအကြိမ်မြောက်မှာ Magong လေဆိပ် အနီးမှာ ရှိတဲ့  နေအိမ်နှစ်လုံးကို ၀င်တိုက်မိပြီး ပျက်ကျခဲ့တာဖြစ်ပါတယ်။

လူနေအိမ်တွေပေါ်ပျက်ကျခဲ့တာဖြစ်တဲ့အတွက် မြေပြင်က လူ (၅) ဦး လည်းထိခိုက်ဒဏ်ရာ ရခဲ့ပြီး သေဆုံး သူတွေ ထဲမှာ ပြင်သစ်ဆေးကျောင်းသား (၂) ဦးလည်း ပါဝင်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ထရန်အေးရှား လေကြောင်းလိုင်း ဟာ ထိုင်ဝမ်ဒေသက ပထမဆုံး ပုဂ္ဂလိကလေကြောင်းလိုင်းဖြစ် ပြီး ဒီမတော်တဆ မှုမှာ သေဆုံးသူတွေရဲ့ မိသားစုတွေကို အမေရိ ကန်ဒေါ်လာ (၃) သိန်း (၃) ထောင်နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ထိုင်ဝမ်ငွေ (၂) သိန်းစီ နစ်နာကြေးပေး အပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး  ထိုင်ဝမ်အာဏာပိုင်တွေက စုံစမ်းစစ်ဆေး မှုတွေ လုပ်ဆောင်နေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

MRTV-4

No comments:

Post a Comment