Monday 2 June 2014

အမေရိကန် တပ်ကြပ်ကြီးကို တာလီဘန်တွေ ပြန်လွတ်ပေး

Photo: အမေရိကန် တပ်ကြပ်ကြီးကို တာလီဘန်တွေ ပြန်လွတ်ပေး
Monday, June 2, 2014

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်အဖွဲ့ကနေ ငါးနှစ်ကြား ဖမ်းဆီးထားတဲ့ အသက် ၂၈ နှစ်အရွယ် အမေရိကန်စစ်တပ်ရဲ့ တပ်ကြပ်ကြီးတစ်ဦးကို တာလီဘန်အဖွဲ့က လွတ်ပေးလိုက်ပါတယ်။

ကာတာနိုင်ငံ ကနေ အမေရိကန်နဲ့ တာလီဘန် အဖွဲ့တွေ အကြား ဆွေးနွေး
မှုတွေ ဖြစ်ပေါ်လာအောင် ကြားနေအဖြစ် ဆောင်ရွက်ပေးပြီး တဲ့နောက် အမေရိကန် တပ်ကြပ်ကြီး Bowe Bergdahl ကို တာလီဘန်အဖွဲ့က လွတ်ပေး
လိုက်တာ ဖြစ်ပါတယ်။

အပေးအယူ လုပ်တဲ့အနေနဲ့ အမေရိကန် အစိုးရက ကျူးဘားနိုင်ငံ Guantanamo Bay အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတဲ့ တာလီဘန်အဖွဲ့ဝင် ငါးဦးကိုလည်း အမေရိကန်အစိုးရက လွတ်ပေးလိုက်ပါတယ်။

ဒီလို အပေးအယူ ကိစ္စကို အမေရိကန် လွှတ်တော်ကို ကြိုတင် အသိမပေးပဲ ဆောင်ရွက်ခဲ့တဲ့အတွက် အမေရိကန် အစိုးရက ဝေဖန်မှု ခံနေရပါတယ်။

အစိုးရကတော့ တပ်ကြပ်ကြီးကို ကယ်ဖို့က အရေးကြီးတဲ့အတွက် ကြိုတင်မပြော လိုက်တာဟာ တရားရာရောက်ကြောင်း တုန့်ပြန်ထားပါတယ်။

အမေရိကန် စစ်တပ်က တပ်ကြပ်ကြီးဟာ ဇွန်လ ၃၀ ရက် ၂၀၀၉ ခုနှစ်တုန်းက တာလီဘန်တွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာဖြစ်ပြီး ဘယ်လိုကနေ ဘယ်လို ဖမ်းဆီးခံလိုက်ရတယ်ဆိုတာ မသိရသေးပါဘူး။

အာဖဂန်နစ္စတန်နိုင်ငံမှာ တာဝန်ထမ်းဆောင်တုန်း နှစ်လအတွင်းမှာပဲ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်တွေ ပြီးဆုံးသွားပြီ ဖြစ်တဲ့အတွက် အမေရိကန် စစ်သား အယောက်ပေါင်း ၉၈၀၀ သာ ထားရှိတော့မယ်လို့ အမေရိကန် သမ္မတ ဘာရက်အိုဘားမားကလည်း ကြေညာလိုက်ပြီး အာဖဂန်စစ်သားတွေကို စစ်သင်တန်းပေးဖို့အတွက် ချန်ထားတာ ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ အကုန်ပြန်ခေါ်
မယ်လို့လည်း ဆိုပါတယ်။

ABC
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်အဖွဲ့ကနေ ငါးနှစ်ကြား ဖမ်းဆီးထားတဲ့ အသက် ၂၈ နှစ်အရွယ် အမေရိကန် စစ်တပ်ရဲ့ တပ်ကြပ်ကြီးတစ်ဦးကို တာလီဘန်အဖွဲ့က လွတ်ပေးလိုက်ပါတယ်။

ကာတာနိုင်ငံ ကနေ အမေရိကန်နဲ့ တာလီဘန် အဖွဲ့တွေ အကြား ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာအောင် ကြားနေ အဖြစ် ဆောင်ရွက်ပေးပြီး တဲ့နောက် အမေရိကန် တပ်ကြပ်ကြီး Bowe Bergdahl ကို တာလီဘန်အဖွဲ့က လွတ်ပေးလိုက်တာ ဖြစ်ပါတယ်။

အပေးအယူ လုပ်တဲ့အနေနဲ့ အမေရိကန် အစိုးရက ကျူးဘားနိုင်ငံ Guantanamo Bay အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတဲ့ တာလီဘန်အဖွဲ့ဝင် ငါးဦးကိုလည်း အမေရိကန်အစိုးရက လွတ်ပေးလိုက်ပါတယ်။

ဒီလို အပေးအယူ ကိစ္စကို အမေရိကန် လွှတ်တော်ကို ကြိုတင် အသိမပေးပဲ ဆောင်ရွက်ခဲ့တဲ့အတွက် အမေရိကန် အစိုးရက ဝေဖန်မှု ခံနေရပါတယ်။

အစိုးရကတော့ တပ်ကြပ်ကြီးကို ကယ်ဖို့က အရေးကြီးတဲ့အတွက် ကြိုတင်မပြော လိုက်တာဟာ တရားရာ ရောက်ကြောင်း တုန့်ပြန်ထားပါတယ်။

အမေရိကန် စစ်တပ်က တပ်ကြပ်ကြီးဟာ ဇွန်လ ၃၀ ရက် ၂၀၀၉ ခုနှစ်တုန်းက တာလီဘန်တွေရဲ့ ဖမ်းဆီး မှုကို ခံခဲ့ရတာဖြစ်ပြီး ဘယ်လိုကနေ ဘယ်လို ဖမ်းဆီးခံလိုက်ရတယ်ဆိုတာ မသိရသေးပါဘူး။

အာဖဂန်နစ္စတန်နိုင်ငံမှာ တာဝန်ထမ်းဆောင်တုန်း နှစ်လအတွင်းမှာပဲ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်တွေ ပြီးဆုံးသွားပြီ ဖြစ်တဲ့အတွက် အမေရိကန် စစ်သား အယောက်ပေါင်း ၉၈၀၀ သာ ထားရှိတော့မယ်လို့ အမေရိကန် သမ္မတ ဘာရက်အိုဘားမားကလည်း ကြေညာလိုက်ပြီး အာဖဂန်စစ်သားတွေကို စစ်သင်တန်းပေးဖို့အတွက် ချန်ထားတာ ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ အကုန်ပြန်ခေါ် မယ်လို့လည်း ဆိုပါတယ်။

ABC

No comments:

Post a Comment