Monday 2 June 2014

အာရှပစိဖိတ် အလှမယ်ဆု ရရှိခဲ့သည့် မေမြတ်နိုး

Photo: အာရှပစိဖိတ် အလှမယ်ဆု ရရှိခဲ့သည့် မေမြတ်နိုး
Monday, June 2, 2014

ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ်အလှမယ်ပြိုင်ပွဲမှာ အဓိက Tital ဆုကို မြန်မာအလှမယ် မေမြတ်နိုးက ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
အသက်(၁၈)နှစ်အရွယ် မေမြတ်နိုးဟာ ဒီဆုကို အိမ်ရှင်ကိုရီးယား အလှမယ်ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာပဲ ဖြစ်ပါတယ်။  
 
ဆိုးလ်မြို့မှာ ကျင်းပတဲ့ ဒီပြိုင်ပွဲကို နိုင်ငံတကာ အလှမယ် (၄၀)နီးပါး ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ် ပြီး ဆန်ကာတင်အလှမယ် (၇)ဦးထဲမှာ ပါဝင်ပြီးနောက် မေမြတ်နိုးက ဒီဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မေမြတ်နိုးဟာ ဒီဆုကို နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံက 
ပထမဆုံး  Tital ဆုအဖြစ် ရယူပေးနိုင်ခဲ့တာဖြစ်ပြီး ဒီဆုရရှိမှုအတွက် ပြည်တွင်းက အလှမယ် အသိုင်းအ၀ိုင်းက မေမြတ်နိုးကို ဂုဏ်ပြုစကားတွေ အသီးသီးမှတ်ချက် ပြုခဲ့ကြပါတယ်။ မေမြတ်နိုး ရရှိခဲ့တဲ့ အာရှပစိဖိတ်အလှမယ် ဆုအတွက်  Miss Golden Land Myanmar 
Organization က ဂုဏ်ယူမဆုံးဖြစ်တယ်လို့ သတင်းထုတ်ပြန် ဂုဏ်ပြုခဲ့သလို နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေမှာ ကနဦး ထိုးဖောက်အောင်မြင်ခဲ့တဲ့ နန်းခင်ဇေယျကလည်း ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။
 
ပြိုင်ပွဲမှာ အောင်မြင်မှုရရှိခဲ့တဲ့ မေမြတ်နိုးဟာ ဇွန်လ(၆)ရက်နေ့မှာမြန်မာနိုင်ငံကို ပြန်ရောက်မယ်လို့ သိရပါတယ်။ မေမြတ်နိုးဟာ အာရှပစိဖိတ် အလှမယ်ပြိုင်ပွဲရဲ့ ကျွမ်းကျင်မှုပြိုင်ပွဲမှာ သီချင်းသီဆိုမှုနဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အင်္ဂလိပ်စကားပြော အပါအ၀င် ကိုယ်ခန္ဓာအချိုးအစား လေ့ကျင့်မှုနဲ့ သီချင်းသီဆိုမှုတွေကို ပြိုင်ပွဲမတိုင်ခင် (၃)လကျော်ကြာသာ ကြိုတင်လေ့ကျင့်ခဲ့ရတယ်လို့လည်း သိရပါတယ်။ 

MRTV-4
ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ်အလှမယ်ပြိုင်ပွဲမှာ အဓိက Tital ဆုကို မြန်မာအလှမယ် မေမြတ်နိုးက ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

အသက်(၁၈)နှစ်အရွယ် မေမြတ်နိုးဟာ ဒီဆုကို အိမ်ရှင်ကိုရီးယား အလှမယ်ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာပဲ ဖြစ်ပါတယ်။  

ဆိုးလ်မြို့မှာ ကျင်းပတဲ့ ဒီပြိုင်ပွဲကို နိုင်ငံတကာ အလှမယ် (၄၀)နီးပါး ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ် ပြီး ဆန်ကာတင်အလှမယ် (၇)ဦးထဲမှာ ပါဝင်ပြီးနောက် မေမြတ်နိုးက ဒီဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မေမြတ်နိုးဟာ ဒီဆုကို နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံက ပထမဆုံး  Tital ဆုအဖြစ် ရယူပေးနိုင်ခဲ့တာဖြစ်ပြီး ဒီဆုရရှိမှုအတွက် ပြည်တွင်းက အလှမယ် အသိုင်းအ၀ိုင်းက မေမြတ်နိုးကို ဂုဏ်ပြုစကားတွေ အသီးသီးမှတ်ချက် ပြုခဲ့ကြပါတယ်။ မေမြတ်နိုး ရရှိခဲ့တဲ့ အာရှပစိဖိတ်အလှမယ် ဆုအတွက်  Miss Golden Land Myanmar Organization က ဂုဏ်ယူမဆုံးဖြစ်တယ်လို့ သတင်းထုတ်ပြန် ဂုဏ်ပြုခဲ့သလို နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေမှာ ကနဦး ထိုးဖောက်အောင်မြင်ခဲ့တဲ့ နန်းခင်ဇေယျက လည်း ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

ပြိုင်ပွဲမှာ အောင်မြင်မှုရရှိခဲ့တဲ့ မေမြတ်နိုးဟာ ဇွန်လ(၆)ရက်နေ့မှာမြန်မာနိုင်ငံကို ပြန်ရောက်မယ်လို့ သိရပါ တယ်။ မေမြတ်နိုးဟာ အာရှပစိဖိတ် အလှမယ်ပြိုင်ပွဲရဲ့ ကျွမ်းကျင်မှုပြိုင်ပွဲမှာ သီချင်းသီဆိုမှုနဲ့ ယှဉ်ပြိုင်ခဲ့ တာဖြစ်ပြီး အင်္ဂလိပ်စကားပြော အပါအ၀င် ကိုယ်ခန္ဓာအချိုးအစား လေ့ကျင့်မှုနဲ့ သီချင်းသီဆိုမှုတွေကို ပြိုင်ပွဲမတိုင်ခင် (၃)လကျော်ကြာသာ ကြိုတင်လေ့ကျင့်ခဲ့ရတယ်လို့လည်း သိရပါတယ်။ 

MRTV-4

No comments:

Post a Comment