Monday 2 June 2014

မြန်မာနိုင်ငံတစ်ဝန်း ကင်ဆာအထူးကု ဆရာဝန်ဦးရေ ၆၀ နီးပါးသာရှိ

Photo: မြန်မာနိုင်ငံတစ်ဝန်း ကင်ဆာအထူးကု ဆရာဝန်ဦးရေ ၆၀ နီးပါးသာရှိ
Monday, June 2, 2014

အရှေ့တောင်အာရှတွင် ကင်ဆာဖြစ်ပွားနှုန်း အများဆုံးနိုင်ငံ စာရင်းဝင် မြန်မာနိုင်ငံတွင် ကင်ဆာအထူးကု ဆရာဝန်ဦးရေ ၆၀ နီးပါးသာ ရှိပြီး လူဦးရေနှင့် နှိုင်းယှဉ်ပါက သိသိသာသာ နည်းပါးနေသေးကြောင်း ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း နာယက ပါမောက္ခ ဒေါက်တာရဲမြက ပြောကြားသည်။ 

လူဦးရေ သန်း ၆၀ နီးပါး ရှိသော မြန်မာနိုင်ငံတွင် ကင်ဆာ အထူးကုဆရာဝန် မွေးထုတ်မှု အလွန်နည်းပါးနေသေးသည့် အပေါ် ဇွန်လ ၁ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်မြို့တော်ရှိ သူနာပြုတက္ကသိုလ်တွင် ကျင်းပသော ကင်ဆာ ကုသအောင်မြင်သူများ အခမ်းအနားတွင် ၎င်းက ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကင်ဆာဖြစ်ပွားနှုန်းသည် နေထိုင်စားသောက်မှု ပုံစံကြောင့် ပိုများပြီး ဗိုင်းရပ်စ်၊ ဗက်တီးရီးယားနှင့် မျိုးရိုးဗီဇကြောင့် ဖြစ်ပွားသူများလည်း ရှိကြောင်း၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည့် အတွက် အဏုမြူစွမ်းအင် ရောင်ခြည်ကြောင့်လည်း ကင်ဆာအမျိုးမျိုး ဖြစ်နိုင်ကြောင်း ကင်ဆာအထူးကု ဆရာဝန်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများ၌ ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုသည် စိုးရိမ်ဖွယ်အဆင့် ရောက်ရှိနေပြီး အမျိုးသားများတွင်မူ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အသည်းကင်ဆာ ဖြစ်ပွားနှုန်း မြင့်တက်နေကြောင်း ရန်ကုန်မြို့တော်ရှိ ကင်ဆာအထူးကု ဆရာဝန်များထံမှ သိရသည်။

“ပိုက်ဆံမရှိလို့ ဆေးရုံ မလာဘူး ဆိုတာ လက်မခံဘူး။ ပိုက်ဆံမရှိလည်း လာကုလှည့်။ တတ်နိုင်တဲ့ဘက်က ကူညီပေးမှာ။ အလှူရှင်တွေနဲ့ ချိတ်ပေးမယ်” ဟု ပါမောက္ခ ဒေါက်တာရဲမြက ဆက်လက်ပြောဆိုသည်။

ယင်းအပြင် ဓာတ်ရောင်ခြည် ကုထုံးကဲ့သို့ ကင်ဆာကုထုံးသစ်များကို ပြည်သူလူထု လက်လှမ်းမီစေရန် သက်ဆိုင်ရာ ကျန်းမာရေး အသိုင်းအဝိုင်းက ပံ့ပိုးပေးရန် လိုအပ်နေကြောင်း စာရေးဆရာ ဆရာဝန်အသင်းဥက္ကဋ္ဌ ဒေါက်ထွေး (ဆေး/မန်း) က အကြံပြု ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဓာတ်ရောင်ခြည် ကုထုံးစက်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံကြီးတို့တွင် ကုသပေးလျက် ရှိကြောင်း၊ ပုဂ္ဂလိကကဏ္ဍ အနေနှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံဆေးရုံတွင် ကုသပေးနေသော်လည်း တစ်နိုင်ငံလုံး နှိုင်းယှဉ်ပါက လူနာနှင့် စက်ပစ္စည်း အရေအတွက် လိုအပ်ချက်များ ရှိနေသေးကြောင်း ဆရာဝန်များက ဆိုသည်။

ရန်ကုန်ဆေးရုံကြီးတွင် ကင်ဆာ ဝေဒနာရှင်များမှာ အလှည့်ကျရန် လေးလခန့် စောင့်ဆိုင်းရကြောင်း ကင်ဆာ ဝေဒနာရှင်များထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ကင်ဆာဖြစ်ပွားနှုန်းသည် နှစ်စဉ် တိုးတက်လျက် ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကျန်းမာရေး ဝန်ကြီးဌာနက သတိပေး ထုတ်ပြန်ထားသည်။ 

The Voice Weekly
အရှေ့တောင်အာရှတွင် ကင်ဆာဖြစ်ပွားနှုန်း အများဆုံးနိုင်ငံ စာရင်းဝင် မြန်မာနိုင်ငံတွင် ကင်ဆာအထူးကု ဆရာဝန်ဦးရေ ၆၀ နီးပါးသာ ရှိပြီး လူဦးရေနှင့် နှိုင်းယှဉ်ပါက သိသိသာသာ နည်းပါးနေသေးကြောင်း ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း နာယက ပါမောက္ခ ဒေါက်တာရဲမြက ပြောကြားသည်။ 

လူဦးရေ သန်း ၆၀ နီးပါး ရှိသော မြန်မာနိုင်ငံတွင် ကင်ဆာ အထူးကုဆရာဝန် မွေးထုတ်မှု အလွန်နည်းပါးနေ သေးသည့် အပေါ် ဇွန်လ ၁ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်မြို့တော်ရှိ သူနာပြုတက္ကသိုလ်တွင် ကျင်းပ သော ကင်ဆာ ကုသအောင်မြင်သူများ အခမ်းအနားတွင် ၎င်းက ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကင်ဆာဖြစ်ပွားနှုန်းသည် နေထိုင်စားသောက်မှု ပုံစံကြောင့် ပိုများပြီး ဗိုင်းရပ်စ်၊ ဗက်တီး ရီးယား နှင့် မျိုးရိုးဗီဇကြောင့် ဖြစ်ပွားသူများလည်း ရှိကြောင်း၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည့် အတွက် အဏုမြူစွမ်းအင် ရောင်ခြည်ကြောင့်လည်း ကင်ဆာအမျိုးမျိုး ဖြစ်နိုင်ကြောင်း ကင်ဆာအထူးကု ဆရာဝန်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများ၌ ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုသည် စိုးရိမ်ဖွယ် အဆင့် ရောက်ရှိနေပြီး အမျိုးသားများတွင်မူ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အသည်း ကင်ဆာ ဖြစ်ပွားနှုန်း မြင့်တက်နေကြောင်း ရန်ကုန်မြို့တော်ရှိ ကင်ဆာအထူးကု ဆရာဝန်များထံမှ သိရသည်။

“ပိုက်ဆံမရှိလို့ ဆေးရုံ မလာဘူး ဆိုတာ လက်မခံဘူး။ ပိုက်ဆံမရှိလည်း လာကုလှည့်။ တတ်နိုင်တဲ့ဘက်က ကူညီပေးမှာ။ အလှူရှင်တွေနဲ့ ချိတ်ပေးမယ်” ဟု ပါမောက္ခ ဒေါက်တာရဲမြက ဆက်လက်ပြောဆိုသည်။

ယင်းအပြင် ဓာတ်ရောင်ခြည် ကုထုံးကဲ့သို့ ကင်ဆာကုထုံးသစ်များကို ပြည်သူလူထု လက်လှမ်းမီစေရန် သက်ဆိုင်ရာ ကျန်းမာရေး အသိုင်းအဝိုင်းက ပံ့ပိုးပေးရန် လိုအပ်နေကြောင်း စာရေးဆရာ ဆရာဝန်အသင်း ဥက္ကဋ္ဌ ဒေါက်ထွေး (ဆေး/မန်း) က အကြံပြု ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဓာတ်ရောင်ခြည် ကုထုံးစက်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံကြီးတို့တွင် ကုသပေးလျက် ရှိကြောင်း၊ ပုဂ္ဂလိကကဏ္ဍ အနေနှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံဆေးရုံတွင် ကုသပေးနေသော်လည်း တစ်နိုင်ငံလုံး နှိုင်းယှဉ်ပါက လူနာနှင့် စက်ပစ္စည်း အရေအတွက် လိုအပ်ချက်များ ရှိနေသေးကြောင်း ဆရာဝန်များက ဆိုသည်။

ရန်ကုန်ဆေးရုံကြီးတွင် ကင်ဆာ ဝေဒနာရှင်များမှာ အလှည့်ကျရန် လေးလခန့် စောင့်ဆိုင်းရကြောင်း ကင်ဆာ ဝေဒ နာရှင် များထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ကင်ဆာဖြစ်ပွားနှုန်းသည် နှစ်စဉ် တိုးတက်လျက် ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကျန်းမာရေး ဝန်ကြီးဌာနက သတိပေး ထုတ်ပြန်ထားသည်။ 

The Voice Weekly 

No comments:

Post a Comment