Monday 2 June 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ မှားယွင်းမှုဖြစ်စဉ်အား ငြိမ်းချမ်းစွာ ဖြေရှင်းပြီးစီး


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် ကုလားဆိုး အကြမ်းဖက်သောင်းကျန်းသူ (RSO) အဖွဲ့မှ ၀င်ရောက် လှုပ်ရှားလျက်ရှိကြောင်း သတင်းရရှိသည့် အတွက် မိမိနယ်မြေခံလုံခြုံရေး တပ်ဖွဲ့များမှ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ခုနှစ် မေ ၂၈ ရက် နံနက် ၉ နာရီ ၅ မိနစ်တွင် RSO သောင်း ကျန်းသူ အဖွဲ့မှ ဟုယူဆရသော လက်နက်ကိုင်ဆောင်ထားသူ ၂ ဦးသည် မိမိနိုင်ငံ နယ်နိမိတ်အတွင်းသို့ ၀င်ရောက်လာခဲ့ဖြင့် လုံခြုံရေး ဆောင်ရွက်နေသော နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့နှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ရာ အ၀ါရောင်ပြောက်ကျား ယူနီဖောင်းဝတ် အလောင်း ၁ လောင်း၊ ၎င်းကိုင်ဆောင်သော သေနတ် ၁ လက်နှင့် ခဲယမ်း အချို့တို့အား သိမ်းဆည်းရမိခဲ့ပါသည်။


မေ ၂၉ ရက်တွင် ဘင်္ဂလားဒေ့ရှ်စစ်သံရုံး(ရန်ကုန်) မှ အကြောင်းကြားချက်အရ ၎င်းတို့ နယ်ခြားစောင့် တပ်ဖွဲ့မှ အဖွဲ့ ၁ ဖွဲ့သည် လှည့်ကင်းတာဝန်ထမ်းဆောင်နေစဉ် ၎င်းတို့ တပ်ဖွဲ့ဝင် ၁ ဦး ပျောက်ဆုံးလျက် ရှိကြောင်း၊ မြန်မာနိုင်ငံဘက်မှ ထိန်းသိမ်းထားရှိပါက ပြန်လည် လွှဲပြောင်း ပေးစေလိုကြောင်း၊ သေဆုံးပါကလည်း အလောင်းအား ပြန်လည်ပေးအပ်စေလိုကြောင်း ညှိနှိုင်းအကြောင်းကြားလာခဲ့ပါသည်။ မိမိဘက်မှလည်း အ၀ါရောင်ပြောက်ကျား ယူနီဖောင်းဝတ် အလောင်း ၁ လောင်းအား နယ်စပ် မှတ်တိုင်(၅၂) အနီး၊ မိမိနိုင်ငံ နယ်မြေအတွင်းတွင် တွေ့ရှိထားကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အလောင်း မှန်ကန်ပါက ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နယ်စပ်မှတ်တိုင်(၅၂) အနီးတွင် ပြန်လည်လွှဲပြောင်း ပေးအပ်မည်ဖြစ်ကြောင်း ပြန်ကြားခဲ့ပါသည်။

မေ ၃၁ ရက် ညနေ ၅ နာရီ ၅ မိနစ်တွင် အမှတ်(၃၁) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး ကာရပ်ဖ် ဦးစီးအဖွဲ့သည် နယ်စပ် မှတ်တိုင်(၅၂) အနီးသို့ ရောက်ရှိလာခဲ့ရာ မိမိလုံခြုံရေးတပ်ဖွဲ့တာဝန်ရှိသူများက ဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သေဆုံးသူ အလောင်းအား စိစစ်ခဲ့ရာ အမှတ်(၃၁) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်မှ ၎င်းတို့ တပ်ဖွဲ့ဝင် ဖြစ်သည်မှာ မှန်ကန်ကြောင်း၊ တပ်ကြပ် အဆင့်ရှိ မာဒမ် ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် လူစုကွဲ ပျောက်ဆုံး သွားခဲ့သူ ဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်နိမိတ် နယ်စပ်ဒေသတွင် လိုက်နာ လုပ်ဆောင်ရမည့် အချက်များအား ဆောင်ရွက်ခဲ့ခြင်း မရှိသဖြင့် မြန်မာနိုင်ငံ နယ်နိမိတ် အတွင်း ဝင်ရောက်သွားစဉ် လုံခြုံရေး အဖွဲ့များနှင့် ထိတွေ့ပြီး ယခုကဲ့သို့ ဖြစ်စဉ်ဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ပြဿနာ မရှိပါကြောင်း၊ ၎င်းတို့ အနေဖြင့် ဘယ်လိုမှ စိတ်ထဲမှာ မထားကြောင်း၊ မြန်မာဘက် အနေဖြင့်လည်း စိတ်ထဲတွင် မည်သို့မျှ မထားရန်နှင့် ယခုကဲ့သို့ အပြည့်အဝ ကူညီပေးသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ၎င်းတို့အထက် ဌာနမှလည်း ကျေးဇူးတင်နေပါကြောင်း၊ ၎င်းတို့ဘက်တွင် အခြား ပြဿနာများ ရှိပါက ပြောကြားရန်နှင့် လိုအပ်ပါက ကူညီပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် မိမိလုံခြုံရေး တပ်ဖွဲ့ တာဝန်ရှိသူ မှလည်း ဖြစ်စဉ်နေရာအား လိုက်လံ ပြသခြင်း၊ ဖြစ်စဉ် ဖြစ်ပွားပုံအား ရှင်းလင်း ပြောကြားခြင်း၊ နယ်စပ်လုံခြုံရေး ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ စောင့်ထိန်း လိုက်နာရမည့် အချက်များအား အလေးထား ဆောင်ရွက်ပေးစေ လိုကြောင်း တို့အား ပြန်လည် ပြောကြားခဲ့ပြီး ရုပ်အလောင်းအား စနစ်တကျ လက်မှတ်ရေးထိုး လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ ညနေ ၅ နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့များသည် ရုပ်အလောင်းအား လက်ခံရယူပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ပြန်လည်ထွက်ခွာ သွားခဲ့ပါသည်။

အထက်ပါ နယ်စပ် ဒေသတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တို့အား ဆက်လက်ထိန်းသိမ်း ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံ နယ်စပ် ဒေသတွင် ကုလားဆိုး အကြမ်းဖက် သောင်းကျန်းသူများ အခြေမခံနိုင်ရေး၊ မလိုလားအပ်သော နယ်စပ် ပြဿနာများ မပေါ်ပေါက် စေရေးတို့အတွက် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံ အလံတင် အစည်းအဝေးကို မကြာမီ ရက်ပိုင်းအတွင်း ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

မြ၀တီ

No comments:

Post a Comment