Monday 2 June 2014

ဆန္ဒပြခို လှုံခွင့်တောင်း ခံသူ တွေကို ပြန်လည် ထိန်းသိမ်း နိုင်လို့ဆို

Photo: ဆန္ဒပြခို လှုံခွင့်တောင်း ခံသူ တွေကို ပြန်လည် ထိန်းသိမ်း နိုင်လို့ဆို
Monday, June 2, 2014

သြစတြေးလျနိုင်ငံပိုင် ခရစ္စမတ်ကျွန်းလူဝင်မှု ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံရသူ အယောက် ၄၀၀ လောက် ဆန္ဒပြခဲ့ကြပေမယ့် အခြေအနေ ငြိမ်သက်သွားပြီလို့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးက ပြောပါတယ်။

ခရစ္စမတ်ကျွန်း ထိန်းသိမ်းရေး စခန်းမှာ ထိန်းသိမ်း ခံရသူတွေဟာ မာနူးစ်
ကျွန်း ထိန်းသိမ်းရေး စခန်းမှာ ကွယ်လွန်သွားတဲ့ အီရန်နိုင်ငံသား ခိုလှုံ
ခွင့်တောင်းလိုသူရဲ့ ရက်တစ်ရာပြည့်နေ့ကို အောက်မေ့တဲ့ အနေနဲ့ ဆန္ဒပြ
ကြတာ ဖြစ်ပါတယ်။

ပါပူဝါနယူးဂနီနိုင်ငံ မာနူးစ်ကျွန်း ထိန်းသိမ်းရေး စခန်းမှာ ခိုလှုံခွင့်တောင်း လိုသူတွေနဲ့ လုံခြုံရေး သမားတွေအကြား ရုန်းရင်းဆန်ခမှု ဖြစ်ခဲ့ရာက အီရန်နိုင်ငံသား ခိုလှုံခွင့်တောင်းလိုသူ တစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အဲဒီအတွက် ခရစ္စမတ်ကျွန်း ထိန်းသိမ်းရေး စခန်းက ခိုလှုံခွင့်တောင်းလိုသူ အယောက် ၄၀၀ လောက်က ဆန္ဒပြကြတာဖြစ်ပြီး အခြေအနေကို ထိန်းသိမ်းနိုင်ပြီလို့ သြစတြေးလျ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးက ပြောပါတယ်။

ဒါပေမယ့် ဒုက္ခသည် အရေး ဆောင်ရွက် သူတွေကတော့ အခုအချိန်ထိ အစာငတ်ခံ ဆန္ဒပြသူတွေ အယောက် ၇၀ လောက် ရှိနေပြီး အဲဒီထဲက ခုနှစ်ယောက်လောက်ဟာ သူတို့ပါးစပ်ကို အပ်ချီတွေနဲ့ ချုပ်ထားပြီး ဆန္ဒပြနေကြတယ်လို့ ဆိုပါတယ်။

ခိုလှုံခွင့်တောင်း လိုသူတွေဟာ ခရစ္စမတ်ကျွန်း ကနေ ပါပူဝါနယူးဂနီနိုင်ငံကို ပို့ဆောင်ခံရမှာကို စိုးရိမ်နေကြပြီး ပါပူဝါနယူးဂနီက လူဝင်မှုထိန်းသိမ်းရေး
စခန်းမှာ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရတယ်လို့ ပြောဆိုနေကြကြောင်း ခိုလှုံခွင့်တောင်းလိုသူတွေအရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ABC
သြစတြေးလျနိုင်ငံပိုင် ခရစ္စမတ်ကျွန်းလူဝင်မှု ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံရသူ အယောက် ၄၀၀ လောက် ဆန္ဒပြခဲ့ကြပေမယ့် အခြေအနေ ငြိမ်သက်သွားပြီလို့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးက ပြောပါတယ်။

ခရစ္စမတ်ကျွန်း ထိန်းသိမ်းရေး စခန်းမှာ ထိန်းသိမ်း ခံရသူတွေဟာ မာနူးစ်ကျွန်းထိန်းသိမ်းရေး စခန်းမှာ ကွယ်လွန်သွားတဲ့ အီရန်နိုင်ငံသား ခိုလှုံခွင့်တောင်းလိုသူရဲ့ ရက်တစ်ရာပြည့်နေ့ကို အောက်မေ့တဲ့ အနေနဲ့ ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ပါပူဝါနယူးဂနီနိုင်ငံ မာနူးစ်ကျွန်း ထိန်းသိမ်းရေး စခန်းမှာ ခိုလှုံခွင့်တောင်း လိုသူတွေနဲ့ လုံခြုံရေး သမားတွေအကြား ရုန်းရင်းဆန်ခမှု ဖြစ်ခဲ့ရာက အီရန်နိုင်ငံသား ခိုလှုံခွင့်တောင်းလိုသူ တစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အဲဒီအတွက် ခရစ္စမတ်ကျွန်း ထိန်းသိမ်းရေး စခန်းက ခိုလှုံခွင့်တောင်းလိုသူ အယောက် ၄၀၀ လောက်က ဆန္ဒပြကြတာဖြစ်ပြီး အခြေအနေကို ထိန်းသိမ်းနိုင်ပြီလို့ သြစတြေးလျ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးက ပြောပါတယ်။

ဒါပေမယ့် ဒုက္ခသည် အရေး ဆောင်ရွက် သူတွေကတော့ အခုအချိန်ထိ အစာငတ်ခံ ဆန္ဒပြသူတွေ အယောက် ၇၀ လောက် ရှိနေပြီး အဲဒီထဲက ခုနှစ်ယောက်လောက်ဟာ သူတို့ပါးစပ်ကို အပ်ချီတွေနဲ့ ချုပ်ထားပြီး ဆန္ဒပြနေကြတယ်လို့ ဆိုပါတယ်။

ခိုလှုံခွင့်တောင်း လိုသူတွေဟာ ခရစ္စမတ်ကျွန်း ကနေ ပါပူဝါနယူးဂနီနိုင်ငံကို ပို့ဆောင်ခံရမှာကို စိုးရိမ် နေကြပြီး ပါပူဝါနယူးဂနီက လူဝင်မှုထိန်းသိမ်းရေး စခန်းမှာ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရတယ်လို့ ပြောဆိုနေကြကြောင်း ခိုလှုံခွင့်တောင်းလိုသူတွေအရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ABC 

No comments:

Post a Comment