Monday 2 June 2014

ပီလီ၏သား မူးယစ်ဆေးမှု ငွေမည်း ခ၀ါချမှု များဖြင့် ထောင်ဒဏ် (၃၃) နှစ် ချမှတ်ခံရ

ဘရာဇီးဂန္တ၀င် ဘောလုံးသမားကြီး ပီလီ၏သားဖြစ်သူ အီဒင်ဟို သည် မူးယစ်ဆေး ရောင်းဝယ်မှုမှ ရရှိသော ငွေမည်းများကို ခ၀ါချ ခဲ့မှုဖြင့် ထောင်ဒဏ် (၃၃) နှစ် ချမှတ် ခံရကြောင်း သိရသည်။
 ၁၉၉၀ နှစ်များ အတွင်း ဘရာဇီး ဘောလုံး ကလပ်ဆန်းတို့စ် ၏ ဂိုးသမားများ ဖြစ်ခဲ့သူ အီဒင်ဟို သည် ၂၀၀၅ တွင် တစ်ကြိမ် အဖမ်းခံ ခဲ့ရပြီး ၊ မူးယစ်ဆေး မှောင်ခိုမှု ၊ ဆန်းတို့စ်မြို့တော် အတွင်းမှ နာမည်ဆိုး နှင့် ကျော်ကြား သော မူးယစ်ကုန် သည် တစ်ဦးနှင့် ဆက်နွယ်မှု များကြောင့် ထောင်ဒဏ် ကျခံခဲ့ရဖုးသည်။ သို့ သော်ထိုစဉ်က ၎င်းသည် မူးယစ် ဆေးစွဲနေခြင်း သာဖြစ်ပြီး မူးယစ် မှောင်ခိုခြင်းများနှင့် ပတ်သက်မှုမရှိခဲ့၊ အီဒင်ဟို အား ဆော်ပေါ်လို ပြည်နယ် အတွင်းရှိ ပရိုင်ရာဂရန်ဒီ တရားရုံးက ထောင်ဒဏ်(၃၃) နှစ် ချမှတ် ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် လည်း ဆန်းတို့စ် ဘောလုံးကလပ် ၏ ဂိုးနည်းပြ တစ်ဦးအဖြစ် ဆောင်ရွက် နေသူ ဖြစ်သည်။ 

အီဒင်ဟိုသည် ပီလီ၏ ပထမ အိမ်ထောင် မှ တတိယ သားဖြစ်သည်။ ၎င်းသည် အမေရိကန် မှ ကော့်စမို အသင်းသို့ ပီလီပြောင်းရွှေ့ ကစားစဉ်က ငါးနှစ်သား အရွယ်သာ ရှိသေးသည်။ ထို့ နောက် ၎င်းသည် ဘရာဇီးသို့ ပြန်ရောက် လာခဲ့ပြီး ဘောလုံးသမား တစ်ဦး ဖြစ်လာခဲ့သည်။ 

တရားရုံးက ထောင်ဒဏ် ချမှတ်မှုကို အီဒင် ဟိုဘက်မှ အယူခံ ၀င်သွားမည်ဟု သိရသည်။ ယခု အမှုတွင် အီဒင်ဟိုနှင့် အတူ ဒေသတွင်း မူးယစ်မှောင်ခိုမှုကို ထိန်းချုပ်သည် ဟု စွပ်စွဲ ခံရသည့် လူတစ်ဦး အပါအ၀င် အခြားလူ လေးဦးမှာ လည်း ငွေမည်း ခ၀ါချမှု၊ မူးယစ်ဆေးမှုများဖြင့် တရားစွဲ ခံထားရသည်ဟု သိရသည်။

Messenger News Journal

No comments:

Post a Comment