Monday 2 June 2014

အခြေခံဥပဒေ ပြင်ဆင်ရန် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသူများက ဆန္ဒထုတ်ဖော်

Photo: အခြေခံဥပဒေ ပြင်ဆင်ရန် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသူများက ဆန္ဒထုတ်ဖော်
Monday, June 2, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ဟိုတယ်၊ ခရီးသွားလုပ်ငန်နှင့် ဆက်စပ်နေသူများ ဖြစ်သော ပို့ဆောင်ရေးလုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များနှင့် စားသောက်ဆိုင် လုပ်ငန်းရှင် ၅၀ ခန့်သည် မေလ ၃၁ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပြည်သူမလိုလားသည့် ပုဒ်မ ၄၃၆ ပယ်ဖျက်ပေးပါ၊ ပြည်သူ့ဆန္ဒကို လေးစားသောအားဖြင့် ပုဒ်မ ၄၃၆ ကို ပယ်ဖျက်ပေးပါ။ ဒီမိုကရေစီစံနှုန်းနှင့် မညီတဲ့ ပုဒ်မ ၄၃၆ ကိုကန့်ကွက်ပါသည်၊ တိုင်းပြည်သာယာဝပြောရေး အခြေခံဥပဒေ ပြင်ဆင်ပေး၊ တန်းတူညီမျှမှု မရှိတဲ့ ဖွဲ့စည်းပုံဟာ ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်ပါ။ ၂၀၀၈ နာဂစ် အခြေခံဥပဒေ၏ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးပါ စသည့် ဆိုင်းပုဒ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ကျွန်တော်တို့က နိုင်ငံတကာနဲ့ ဆက်ဆံနေရတဲ့အတွက် ကိုယ့်နိုင်ငံကို တခြားနိုင်ငံတွေလို တိုးတက်စေချင်တယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး Policy တွေ မှန်ဖို့လိုတယ်။ အဲဒီလို မှန်ကန်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ မှန်ကန်ဖို့ လိုတယ်။ နိုင်ငံတိုးတက်ဖို့ အာမမခံနိုင်တဲ့အတွက် ပြင်ကိုပြင်ရမယ့်ကိစ္စမို့လို့ ပြုပြင်ပြောင်းလဲဖို့ ဆန္ဒပြရတာပါ” ဟု အင်္ဂလိပ်ဘာသာ ဧည့်လမ်းညွှန် ကိုညီညီမှ The Voice သို့ ပြောကြားသည်။

ဆန္ဒပြသူ ခရီးသွားလုပ်ငန်း အသိုက်အဝန်းမှ လူများသည် နိုင်ငံတော်သီချင်းနှင့် နဂါးနီသီချင်းတို့ကို သံပြိုင်သီဆို၍ ဆန္ဒထုတ်ဖော်ပွဲကို ရပ်နားခဲ့ကြသည်။

The Voice Weekly
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ဟိုတယ်၊ ခရီးသွားလုပ်ငန်နှင့် ဆက်စပ်နေသူများ ဖြစ်သော ပို့ဆောင်ရေး လုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များနှင့် စားသောက်ဆိုင် လုပ်ငန်းရှင် ၅၀ ခန့်သည် မေလ ၃၁ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပြည်သူမလိုလားသည့် ပုဒ်မ ၄၃၆ ပယ်ဖျက်ပေးပါ၊ ပြည်သူ့ဆန္ဒကို လေးစားသောအားဖြင့် ပုဒ်မ ၄၃၆ ကို ပယ်ဖျက်ပေးပါ။ ဒီမိုကရေစီစံနှုန်းနှင့် မညီတဲ့ ပုဒ်မ ၄၃၆ ကိုကန့်ကွက်ပါသည်၊ တိုင်းပြည်သာယာဝပြောရေး အခြေခံဥပဒေ ပြင်ဆင်ပေး၊ တန်းတူညီမျှမှု မရှိတဲ့ ဖွဲ့စည်းပုံဟာ ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်ပါ။ ၂၀၀၈ နာဂစ် အခြေခံဥပဒေ၏ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးပါ စသည့် ဆိုင်းပုဒ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ကျွန်တော်တို့က နိုင်ငံတကာနဲ့ ဆက်ဆံနေရတဲ့အတွက် ကိုယ့်နိုင်ငံကို တခြားနိုင်ငံတွေလို တိုးတက်စေချင် တယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး Policy တွေ မှန်ဖို့လိုတယ်။ အဲဒီလို မှန်ကန် ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှန်ကန်ဖို့ လိုတယ်။ နိုင်ငံတိုးတက်ဖို့ အာမမခံနိုင်တဲ့အတွက် ပြင်ကိုပြင်ရမယ့် ကိစ္စမို့လို့ ပြုပြင်ပြောင်းလဲဖို့ ဆန္ဒပြရတာပါ” ဟု အင်္ဂလိပ်ဘာသာ ဧည့်လမ်းညွှန် ကိုညီညီမှ The Voice သို့ ပြောကြားသည်။

ဆန္ဒပြသူ ခရီးသွားလုပ်ငန်း အသိုက်အဝန်းမှ လူများသည် နိုင်ငံတော်သီချင်းနှင့် နဂါးနီသီချင်းတို့ကို သံပြိုင်သီဆို၍ ဆန္ဒထုတ်ဖော်ပွဲကို ရပ်နားခဲ့ကြသည်။

The Voice Weekly 

No comments:

Post a Comment