Monday 2 June 2014

နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုကြောင့် နယ်စပ် ကုန်သွယ်မှု တုံ့နှေး

မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်တစ်လျှောက်တွင် RSO လက်နက်ကိုင်များနှင့် မြန်မာ နယ်စပ်လုံခြုံရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားကာ နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေ၍ မောင်တောနယ်စပ်မှ ဘင်္ဂလား ဒေ့ရှ်သို့ ကုန်သွယ်မှုများတုံ့နှေးနေကြောင်း ရေထွက်ပစ္စည်းတင် ပို့သူ ကိုထွန်းဝင်းက ပြောကြားသည်။

‘‘နယ်စပ်တစ်လျှောက် တိုက်ပွဲတွေဖြစ်ပြီး နှစ်နိုင်ငံ အခြေအနေ တင်းမာနေတာကြောင့် လူ တွေရဲ့ အာရုံက နယ်စပ်ဆီကိုပဲ ရောက်သွားပါတယ်။ တင်ပို့ဖို့လုပ်ထားတဲ့ ငါးသလောက်တွေ တောင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝယ်မယ့် ကုန်သည်က မမှာတဲ့ အတွက် ရန်ကုန်ကိုတင်ပေးလိုက် ရပါတယ်။ နယ်စပ်အခြေအနေက စစ်ရေးပြင်ဆင်မှုအဆင့်ထိ ဖြစ် နေတာကြောင့် ကုန်သွယ်သူတွေ လည်း စီးပွားရေးမလုပ်ဘဲ စောင့် ကြည့်နေကြတာဖြစ်ပါတယ်’’ဟု ဆက်လက်ပြောကြားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ် မောင်တောနယ်စပ်ကုန်သွယ် ရေး လုပ်ငန်းမှာ လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လဆူပူအကြမ်း ဖက်မှုမှစတင်ကာ ကုန်သွယ်မှု ယာယီရပ်ဆိုင်းခြင်း၊ ပြန်လည် ဖွင့်လှစ်ပေးခြင်းတို့ကြောင့် ကုန် သွယ်မှုလုပ်ငန်းပုံမှန်လည်ပတ်မှုမရှိဘဲ ကျဆင်းလာနေကြောင်း နယ်စပ်ကုန်သွယ်မှုတန်ဖိုး နှိုင်း ယှဉ်ချက်များအရ သိရသည်။

 ယခုကဲ့သို့  ကုန်သွယ်စီး ပွားရေးလုပ်ငန်းများ အဆင်မပြေသည်မှာ ၂ နှစ်ခန့် ရှိနေပြီဖြစ် ကြောင်း ဒေသခံ လုပ်ငန်း ရှင်များ က ပြောသည်။

ယခုရာသီသည် မုတ်သုံအကြို ငါးသလောက်များဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ရသည့်ရာသီ ဖြစ်သည်။

7Day DAILY

No comments:

Post a Comment