Monday 2 June 2014

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ နေ့အပူချိန်များ မြင့်တက်၍ မိုးလျော့နည်းမည်

Photo: တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ နေ့အပူချိန်များ မြင့်တက်၍ မိုးလျော့နည်းမည်
Monday, June 2, 2014 

အယ်နီညို ရာသီဥတုသို့ ရောက်ရှိခြင်း၏ အကျိုးဆက်အဖြစ် နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးရာသီ ကာလအတွင်း နေ့အပူချိန်များ မြင့်တက်ပြီး မိုးရွာသွန်းမှုလည်း လျော့နည်းမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ် စသည့်တို့တွင် နေ့အပူချိန်များ ပုံမှန်ထက် မြင့်တက်ပူပြင်းမည် ဖြစ်ပြီး မိုးရေ ရရှိမှုမှာလည်း လျော့နည်းမည်ဖြစ် ခြင်းကြောင့် စိုက်ပျိုးရေး လုပ်ငန်းများတွင် ထိခိုက်မှု ကြုံတွေ့ရနိုင်ကြောင်း ၎င်းကသတိပေး ပြောဆိုသည်။

“အပူချိန်တွေက ၆၀ ရာခိုင်နှုန်း ထက်ပိုပြီး မိုးက ရွာသွန်းမြဲအောက် လျော့မယ်။ ဒါ့အပြင် အလယ်ပိုင်းဒေသတွေက မိုးလယ်လောက်ထိ မိုးနည်းနိုင်သေးတယ်” ဟု ဦးထွန်းလွင်က ခန့်မှန်း ပြောကြားသည်။

ယင်းကဲ့သို့ မိုးလျော့နည်းပြီး အပူချိန် မြင့်တက်နိုင်ခြင်းကြောင့် ဒေသအသီးသီးမှ စိုက်ပျိုးပင်များ ဝတ်မှုန်ကူးရာတွင် ခက်ခဲနိုင်သည့်အပြင် မြေတွင်း အစိုဓာတ် ရရှိမှု နည်းခြင်းကြောင့်လည်း သီးနှံအထွက်နှုန်း ကျဆင်းနိုင်ကြောင်း စိုက်ပျိုးရေးပညာရှင် တစ်ဦးဖြစ်သူ ဦးစိန်ဝင်းဟန်က သုံးသပ်ပြောဆိုသည်။

ယင်းသို့ ရာသီဥတု ဖောက်ပြန်မှုကြောင့် ဆုံးရှုံးမှု ကြုံတွေ့လာနိုင်သည့် အထက်ပိုင်းဒေသ စိုက်ပျိုးရေး လုပ်ငန်းများအတွက် သက်ဆိုင်ရာအနေနှင့် ရေပေးဝေမှုကို စနစ်တကျ လုပ်ဆောင်သင့်ပြီး တစ်ဖက်ပိတ်ဆည်များ ပြုလုပ်၍လည်း စိုက်ပျိုးရေကို စုဆောင်းကာ သိုလှောင်ပေးနိုင်ရန် လိုအပ်ကြောင်း ၎င်းက အကြံပြု ပြောကြားသည်။

The Voice Weekly
အယ်နီညို ရာသီဥတုသို့ ရောက်ရှိခြင်း၏ အကျိုးဆက်အဖြစ် နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် မိုးရာသီကာလအတွင်း နေ့အပူချိန်များ မြင့်တက်ပြီး မိုးရွာသွန်းမှုလည်း လျော့နည်းမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ် စသည့်တို့တွင် နေ့အပူချိန်များ ပုံမှန်ထက် မြင့်တက်ပူပြင်းမည် ဖြစ်ပြီး မိုးရေ ရရှိမှုမှာလည်း လျော့နည်းမည်ဖြစ် ခြင်းကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ တွင် ထိခိုက်မှု ကြုံတွေ့ရနိုင်ကြောင်း ၎င်းကသတိပေး ပြောဆိုသည်။

“အပူချိန်တွေက ၆၀ ရာခိုင်နှုန်း ထက်ပိုပြီး မိုးက ရွာသွန်းမြဲအောက် လျော့မယ်။ ဒါ့အပြင် အလယ်ပိုင်း ဒေသတွေက မိုးလယ်လောက်ထိ မိုးနည်းနိုင်သေးတယ်” ဟု ဦးထွန်းလွင်က ခန့်မှန်း ပြောကြားသည်။

ယင်းကဲ့သို့ မိုးလျော့နည်းပြီး အပူချိန် မြင့်တက်နိုင်ခြင်းကြောင့် ဒေသအသီးသီးမှ စိုက်ပျိုးပင်များ ဝတ်မှုန် ကူးရာတွင် ခက်ခဲနိုင်သည့်အပြင် မြေတွင်း အစိုဓာတ် ရရှိမှု နည်းခြင်းကြောင့်လည်း သီးနှံအထွက်နှုန်း ကျဆင်းနိုင်ကြောင်း စိုက်ပျိုးရေးပညာရှင် တစ်ဦးဖြစ်သူ ဦးစိန်ဝင်းဟန်က သုံးသပ်ပြောဆိုသည်။

ယင်းသို့ ရာသီဥတု ဖောက်ပြန်မှုကြောင့် ဆုံးရှုံးမှု ကြုံတွေ့လာနိုင်သည့် အထက်ပိုင်းဒေသ စိုက်ပျိုးရေး လုပ်ငန်း များအတွက် သက်ဆိုင်ရာအနေနှင့် ရေပေးဝေမှုကို စနစ်တကျ လုပ်ဆောင်သင့်ပြီး တစ်ဖက်ပိတ် ဆည် များ ပြုလုပ်၍လည်း စိုက်ပျိုးရေကို စုဆောင်းကာ သိုလှောင်ပေးနိုင်ရန် လိုအပ်ကြောင်း ၎င်းက အကြံပြု ပြောကြားသည်။

The Voice Weekly 

No comments:

Post a Comment