Monday 2 June 2014

တပ်အင်အားဖြည့်ထားဖို့လိုရင် နိုင်ငံတော်ကလိုအပ်သလိုစီမံသွားမှာပါ

Photo: တပ်အင်အားဖြည့်ထားဖို့လိုရင် နိုင်ငံတော်ကလိုအပ်သလိုစီမံသွားမှာပါ
Monday, June 2, 2014 

၂၀၁၁ ခုနှစ် ဇွန်လက ဖြစ်ပွားခဲ့သည့်  အမျိုးသမီးငယ်တစ်ဦးအဓ်္ဓမပြုကျင့်ခံ၍ အသတ်ခံရမှုကို အခြေခံကာရခိုင်ပြည်နယ်   အတွင်း မတူညီသည့်လူ့အဖွဲ့အစည်းနှစ် ခုအတွင်းပဋိပက္ခများနှင့် ခြေအနေတင်း မာမှုများ ပြင်းထန်လာခဲ့ပြီး ဒေသခံ ထောင်ချီ၍ဒုက်္ခရောက်ခဲ့ကြရသည်။ ဖြစ်စဉ်ဖြစ်ရပ်များတွင်း သေဆုံးသူအရေ  အတွက်မှာလည်းများစွာရှိခဲ့သည့်အပြင် ယခုနှစ်မတ်လတွင် ယူအန်အဖွဲ့အစည်း  တစ်ခုမှ အမျိုးသမီးဝန်ထမ်းတစ်ဦး၏ လုပ်ရပ်ပေါ်အခြေခံ၍ အဆိုပါအမျိုးသမီး  တာဝန်ထမ်းဆောင်သည့်အဖွဲ့အစည်းရုံး အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည်။ ထို့နောက်နိုင်ငံတော်မှ အရေးပေါ်အခြေ  အနေပေါင်းစပ်ညှိနှိုင်းစင်တာကိုဖွဲ့စည်း ပေးခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်ပေးခဲ့သည်။ ၂၀၁၄ ခုနှစ် မေလအတွင်းက ရခိုင်ပြည်နယ် ဘူးသီးတောင်မောင်တောဒေသနှင့် ဘင်္ဂ  လားဒေ့ရှ်နိုင်ငံနယ်နိမိတ်ထိစပ်နေသည့် ဒေသတွင်RSO  ရိုဟင်ဂျာသောင်းကြမ်း  သူအဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံနယ်ခြား  စောင့်တပ်ဖွဲ့များ အခြေအနေတင်းမာမှု  ဖြစ်ပေါ်လျက်ရှိရာအရေးပေါ်အခြေအနေ  ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဒုတိယဥက်္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာနဒုတိယ၀န်ကြီး  ဗိုလ်ချုပ်မောင်မောင်အုန်းနှင့် လက်ရှိရခိုင်  ပြည်နယ်တွင် ဖြစ်ပွားနေသည့်အခြေအနေ   များနှင့် ပကတိအခြေအနေများကို ဆက်သွယ်မေးမြန်းဖြစ်ခဲ့သည်။

မေး- ဗိုလ်ချုပ်အနေနဲ့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ တာဝန်ယူဆောင်ရွက် ခဲ့တဲ့အပိုင်းကို ပြောပြပေးပါဦးခင်ဗျ။

ဖြေ- ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ ကျွန်တော့်အနေနဲ့ကတော့ ပြည်ထောင်စု အဆင့်အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ မှာ ဒုဥက္ကဋ္ဌလေ ကျွန်တော်လုပ်တဲ့ အလုပ်တွေကတော့ UN နဲ့INGO  တွေ  လုပ်ငန်းပြန်လည် ပုံမှန်အနေအထား ဆောင်ရွက်နိုင်အောင်ကျွန်တော်က နိုင်ငံ တော်အဆင့်အနေနဲ့ ယူအန်အိုင်အန်ဂျီ  အိုတွေရယ်ဒေသခံပြည်သူလူထုနဲ့ရယ် ပေါင်းစပ်ညှိနှိုင်းတဲ့အလုပ်ကိုလုပ်ပါတယ်။

မေး- လက်ရှိအချိန်မှာ မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ဖြစ်တဲ့ ဘူးသီးတောင်မောင် တောနယ်စပ်မှာ တစ်ဘက်နိုင်ငံအခြေစိုက် သောင်းကျန်းသူတွေနဲ့ တိုက်ပွဲတွေဖြစ်ပွား နေတယ်လေ။ ဒါတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းနေတာတွေကောမရှိဘူး လား။

ဖြေ- နယ်စပ်မှာ တိုက်ပွဲဖြစ်တဲ့ ကိစ္စတွေ လုံခြုံရေးနဲ့ဆိုင်တဲ့ ကိစ်္စတွေကတော့ ပြည်ထဲရေးနဲ့ တိုက်ရိုက်ဆိုင်တာပေါ့နော်။ ဟိုးတလောက ကျွန်တော်တို့ ရဲ (၂) ယောက်ကျတယ်တို့ ဘာတို့နယ်စပ်မှာ တိုက်ပွဲဖြစ်တယ်လို့ သတင်းတွေဘယ်လို ဖြစ်တယ်ဆိုတာကတော့ ပြည်ထဲရေးမှာ ပဲ သတင်းတွေရှိပြီးတော့ ပြည်ထဲရေးက ပဲ ကိုင်ပါတယ်။ တကယ်တော့ ပြောရရင်  ကျွန်တော်တို့လည်း ခင်ဗျားတို့ကြား သလောက်ပဲသိရတာပေါ့နော်။ ထည့်ထည့်  ၀င်ဝင်နဲ့ ဘယ်လိုတွေဖြစ်တာလဲတို့ ဟို ဘက်ဒီဘက်အခြေအနေတို့ကတော့ ပြည်ထဲရေးကပဲ ပြောနိုင်တဲ့ အနေအထား ရှိပါတယ်။

မေး- လက်တလောသတင်းတချို့မှာ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ ဘူးသီး တောင်မောင်တောဒေသကို လိုအပ်လာရင် သောင်းကျန်းသူနယ်မြေသတ်မှတ်ပြီး ဒျွှီဥ အဖွဲ့တွေကို ခြေမှုန်းသွားမယ်ဆိုတဲ့ သတင်းတွေကြားနေရတယ်လေ။ ဒီကိစ္စ နဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပေး ပါဦး။

ဖြေ- ဒါတွေကတော့လေ ကျယ်ပြန့်ပါ တယ်။ ကျွန်တော်တို့အခုလုံခြုံရေးပိုင်းက တော့ ကျွန်တော့်အမြင်ပြောရရင် အဲဒီ  မှာ အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့  လုပ်နေပါပြီ။ အရင် နစခနေရာမှာဝင်တဲ့  လုံခြုံရေးတပ်ဖွဲ့ပေါ့။ အဲဒီအဖွဲ့က မောင်တောဒေသနယ်စပ်တစ်လျောက်မှာ ခြံစည်းရိုးလုံခြုံဖို့တာဝန်ယူသလိုတပ်မတော်  ပိုင်းဆိုင်ရာကလည်း အဲဒီမှာဒေသကာ ကွယ်ရေးအတွက်ကို လိုအပ်သလိုဆောင် ရွက်နေတာရှိပါတယ်။ အဲဒီတော့ အခုရဲ  နဲ့ဖြစ်လိုက်တပ်နဲ့ဖြစ်လိုက်ဆိုတာကတော့  တပ်ကောရဲကောသူတို့သတ်မှတ်တဲ့နေရာ တွေမှာ ဒီနယ်နိမိတ်လုံခြုံရေးတာဝန်တွေ ကို ထမ်းဆောင်တဲ့ အခြေအနေမျိုးမှာ တပ်နဲ့ ဖြစ်လိုက်နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ ဖြစ်လိုက်သွားဖြစ်တာပေါ့နော်။ သဘော ကတော့နော် အဲဒီနေရာအားလုံးကို နိုင်ငံ တော်လုံခြုံရေးမိမိနိုင်ငံဒေသလုံခြုံရေး အတွက်ကို နယ်ခြားစောင့်ရဲအပြင် တပ်မတော်ကလည်း သူ့ရဲ့တာဝန်ကို ထမ်းဆောင်လျက်ရှိပါတယ်။ အဲဒီအတွက်  ဘာမှစိတ်ပူစရာမလိုပါဘူး။ ဟိုလိုမျိုးကြီး ထိသတ်မှတ်ဖို့ကတော့ အဲလောက်လဲမလို  အပ်ပါဘူး။ တကယ်တော့ အဲလောက်ဆိုး  ၀ါးတဲ့ အနေအထားမဟုတ်ပါဘူး။ ဒီနယ် စပ်မှာ ဖြစ်ပျက်နေတဲ့ဟာကတော့ အဲဒီ မှာရှိတဲ့ အဖွဲ့တွေနဲ့ပဲ နိုင်နိုင်နင်းနင်းရှိပါ တယ်။ လိုအပ်ရင်လည်း လိုအပ်သလို တပ်အင်အားဖြည့်ထားဖို့လိုရင်နိုင်ငံတော် က လိုအပ်သလိုစီမံသွားမှာပါ။

မေး- လိုအပ်ရင် အင်အားထပ်တိုးသွား မယ်ဆိုတော့ လက်ရှိအနေအထားမှာရော တပ်အင်အားကိုထပ်တိုးချထားဖို့ရှိလား။

ဖြေ- မရှိသေးပါဘူး။ ကျွန်တော်တို့က တော့ ဟိုတပ်မတော်တို့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဆိုတာတို့ကတော့ တစ်နိုင်ငံလုံးမှာ  နိုင်ငံတော်ကိုယ်စားပြုရှိတာကို။ အရေး ကြီးရင်ကြိးသလိုမကြီးရင်မကြီးသလိုမိမိ နိုင်ငံလုံခြုံရေးကိုတော့ နိုင်ငံတော်က စီမံ ဆောင်ရွက်မှာပါ။ ဒီသဘောကိုပြောတာ ပါ။ အဲဒီတော့ ဟိုမလိုအပ်ရင်မလုပ်ဘူး။  မသွားဘူး။ လိုအပ်လာပြီဆိုရင်လဲ နိုင်ငံ တော်က လုံခြုံရေးပိုင်းဆိုင်ရာကိုတော့ စီမံဆောင်ရွက်သွားမှာပေါ့နော်။ ဒီလိုမျိုး  အထူးနယ်မြေတွေ သတ်မှတ်ပြီးတော့ ဒီလောက်ကြီးလည်းမဟုတ်ပါဘူး။ အခု လို ကိစ်္စတွေကတော့ နယ်စပ်တွေမှာ ဖြစ်ရိုးဖြစ်စဉ်ကိစ်္စတွေပါ။ အခုဒီမောင်တော  နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကျတော့လည်း အခုဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ဆက်စပ်  ပြီးတော့ နည်းနည်းတော့ ကြီးကျယ်တာ ပေါ့။ တစ်ခြားနယ်စပ်တွေမှာကတော့ ဒီလိုလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ကတော့ ဟိုးအရင်ကလည်းဖြစ်ခဲ့တာပါ။ ဒါကတော့ သိပ်အရေးကြီးတဲ့ဟာမဟုတ်ပါဘူး။ ကိုယ့်နိုင်ငံရဲ့ နယ်နိမိတ်ကို တစ်ခြားလူ တွေ ကျူးကျော်မလာအောင်တော့ နိုင်ငံ တိုင်းမှာ ဆောင်ရွက်နေသလိုကျွန်တော် တို့ဒီကတော့ အပြည့်အဝေဆောင်ရွက် တဲ့သဘောပါ။ အခုအနေအထားကတော့  ဒုနဲ့ဒယ်နဲ့ အနေအထားမျိုးမဟုတ်ပါဘူး။  သာမှန်လောက်နဲ့ပဲ ပြီးမှာပေါ့နော်။ သို့သော်လည်းပဲ ဒါကို ကျွန်တော်က သာမန်လို့ပြောတာက ခပ်ပေါ့ပေါ့ပြော တာမဟုတ်ပါဘူး။ အရေးကြီးတဲ့ကိစ်္စတစ် ခုတော့ ဖြစ်လာပြီးပေါ့နော်။ ဒါကြောင့်  မို့လို့ ကျွန်တော်တို့က သတိထားပြီးနေ မယ်။ ဒီထက်ပိုပြီး လုံခြုံရေးကို ဂရုစိုက်  မယ်။ ဒီထက်ပိုပြီး နစ်နာမယ်ဆိုရင်တော့  နစ်နာသလိုနိုင်ငံတော်က ဆောင်ရွက် သွားမှာပါ။

မေး- ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဒီအရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့ နှစ်နိုင်ငံနယ် ခြားစောင့်တပ်တွေတွေ့ဆုံညှိနှိုင်းမှုရှိပေမဲ့ မအောင်မြင်ခဲ့ဘူးလေ။ အခြေအနေတင်း မာမှုတွေရှိခဲ့တယ်ဆိုတော့ ဗိုလ်ချုပ်တို့ အနေနဲ့ကောနှစ်နိုင်ငံအစိုးရကြားမှာ တွေ့ဆုံညှိနှိုင်းသွားဖို့ရှိလား။

ဖြေ- အဲလိုတော့ မရှိပါဘူး။ မရှိဘူးဆို တာက ဒီလိုပါ။ နယ်ခြားစောင့်တပ်ခြင်း  ကတော့ ဟိုဘက်နဲ့ ဒီဘက်နယ်ခြားစောင့်   တပ်တွေအနေနဲ့ကတော့ အဲဒီမှာ စခန်း အဆင့်တို့နယ်မြေမှူးအဆင့်တို့ ကွတ်ကဲ ရေးမှူးအဆင့်တို့က အမြဲတမ်းပေါ့နော်။ တစ်လတစ်ကြိမ်တို့သုံးလတစ်ကြိမ်တို့ ခြောက်လတစ်ကြိမ်တို့ဒီလိုတွေအမြဲတမ်း ထိတွေ့နေကြတာပါ။ ဒီနယ်ခြားစောင်ရဲ ကတော့ နယ်နိမိတ်လုံခြုံရေးကို သူကပဲ  တစ်ဘက်နိုင်ငံက နယ်ခြားစောင့်တပ်နဲ့ ထိတွေဆက်ဆံပြီးတော့ အမှုတွေကိုတော့   ပြည်ထဲရေးဝနကြီးဌာနကိုပို့တာပေါ့နော်။  ၀န်ကြီးဌာနအဆင့်တော့ ဆွေးနွေးတာမရှိ ပါဘူး။ နယ်မြေခံအောက်ခြေမှာတော့ ဟိုဘက်ကBDP ဒီဘက်က နယ်ခြား စောင့်ရဲပေါ့။ သူတို့ကတော့ နယ်နိမိတ်  ထိစပ်တဲ့ကိစ္စတွေ လုံခြုံရေးကိစ်္စတွေက တော့ ဒီနှစ်ဖွဲ့ကပဲ အဆင့်လိုက်အဆင့် လိုက်တော့အမြဲတမ်းထိတွေ့ဆွေးနွေးနေ တာရှိပါတယ်။

မေး- နောက်ဆုံးအနေနဲ့ကတော့ ဒီရက် ပိုင်းအခုလထဲမှာ ဖြစ်ပွားနေတဲRSOကိစ္စဆိုရင်ဝေဖန်မှုတွေရှိနေတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာကို ထိပါးစော်ကားတယ်လို့ထင်မြင်ကြတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ပြော ပေးပါဦး။

ဖြေ- ကျွန်တော့်အနေနဲ့ပြောချင်ကာက တော့ ရခိုင်တိုင်းရင်းသားတွေဟာ ကိုယ် တို့တိုင်းရင်းသားတွေပဲ။ ရခိုင်တိုင်းရင်း သားတွေ ပြောတာမှန်ပါတယ်။ ရိုဟင်ဂျာ  ဆိုတာမရှိပါဘူး။ သမ္မတကြီးလည်း အတိ အလင်းပြောပြီးပြီ။ သို့သော်လည်းပဲရှိ တယ်လို့ပြောတဲ့လူတွေကလည်း ပြောနေ တာပဲ။ ဒါတွေက ပြောရရင်တော့ ရှုပ်ထွေး   ပြီးတော့ ပွေလီပါတယ်။ သမိုင်းကြောင်းနဲ့  ချီပြီးလုပ်နေကြတာဆိုတော့ ကိုယ်တို့ နိုင်ငံတော်ရဲ့ရပ်တည်ချက်လို့ပြောပြော။ ကိုယ့်ရဲ့ရပ်တည်ချက်ပဲပြောပြောရခိုင် တိုင်းရင်းသားများနဲ့ ထပ်တူထပ်မျှရှိပါ တယ်။ ရိုဟင်ဂျာလူမျိုးဆိုတာမရှိပါဘူး။ ဒါကိုတော့ ကိုယ်တို့လည်း လက်မခံပါဘူး။  ဒါကြောင့် ယနေRSO  ဆိုတဲ့ ရိုဟင်ဂျာ  သောင်းကျန်းသူဆိုတာလည်း တကယ် တော့ မရှိတာကို ရှိအောင်လုပ်ပြီးတော့ မှ ကိုယ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဖြစ်စေ၊ ရခိုင်တိုင်းရင်းသားများကိုဖြစ်စေ  သူတို့ကတော့ လုပ်နေဦးမှာပဲ။ ဒါကိုလည်း  ကိုယ်တို့ကတော့ နိုင်ငံတော်ကတော့ လုံခြုံရေးအသိနဲ့ အလေးအနက်ထားပါ တယ်။ ဒီနေ့ရခိုင်အရေးဟာ နိုင်ငံတော်  အရေးဖြစ်တဲ့အတွက် ရခိုင်အရေးမှန်သမျှ ကို နိုင်ငံတော်အရေးအဖြစ်နဲ့သတိကြီး  စွာထားပြီး ဆောင်ရွက်လျက်ရှိတယ်လို့ပဲ  ပြောချင်ပါတယ်။

အခုလိုဖြေကြားပေးအတဲ့အတွက် မြစ်မခမီဒီယာက ကျေးဇူးအထူးတင်ပါတယ်)

Hot News Journal

No comments:

Post a Comment