Monday 2 June 2014

နိုင်ငံရေး အကျဉ်းသားဟောင်းများ နိုင်ငံကူးလက်မှတ် လျှောက်ထား၍ မရပါက ကော်မတီသို့ တင်ပြနိုင်ဟုဆို

Photo: နိုင်ငံရေး အကျဉ်းသားဟောင်းများ နိုင်ငံကူးလက်မှတ် လျှောက်ထား၍ မရပါက ကော်မတီသို့ တင်ပြနိုင်ဟုဆို
Monday, June 2, 2014

နိုင်ငံရေး အကျဉ်းသားဟောင်းများ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အခက်အခဲများ ရှိပါက လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီထံသို့ တင်ပြအကူအညီ တောင်းခံနိုင်ကြောင်း အဆိုပါ ကော်မတီဝင်များထံမှ သိရသည်။

အစိုးရ အနေနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအပေါ် နိုင်ငံကူးလက်မှတ် ပိတ်ပင်ထားခြင်း မရှိတော့ကြောင်း ဇွန်လ ၁ ရက်နေ့က မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC တွင်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီဝင်များက ဆိုသည်။

“အရင်ကတော့ နိုင်ငံရေး အကျဉ်းသားဆိုရင် တစ်နှစ် စောင့်ကြည့်ဆိုပြီး ဆိုင်းငံ့ထားတာပေါ့၊ အခုက အဲဒါကို ဖြေလျှော့ ပေးလိုက်တာပါ” ဟု ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောကြားသည်။

ယင်းဆွေးနွေးပွဲကို သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း အပါအဝင် အကျဉ်းဦးစီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူ့အခွင့်အရေး ကော်မရှင်နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP တို့လည်း တက်ရောက် ဆွေးနွေးခဲ့သည်။

ယင်းအပြင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အနေနှင့် ဆေးကုသခွင့် လက်မှတ်၊ ရှေ့နေလိုင်စင် စသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း အသိအမှတ်ပြု လက်မှတ်များကိုလည်း ပိတ်ပင်ခြင်း မရှိတော့ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူများက ဆိုသည်။

လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီအနေနှင့် ၂၀၁၃ ခုနှစ်က ကျန်ရှိသည့် နိုင်ငံရေး အကျဉ်းသား ၃၀ ဦးနှင့် ယခုနှစ်အတွင်း ထပ်မံစိစစ် တွေ့ရှိရသည့် အကျဉ်းသား ၃၀ ကို အစိုးရထံ တင်ပြထားပြီး ၎င်းတို့ကို နိုင်ငံရေး အကျဉ်းသားအဖြစ် အသိအမှတ် ပြုနိုင်ရေးအတွက် ထပ်မံဆွေးနွေးရဦးမည် ဖြစ်ကြောင်း ကော်မတီဝင်များက ဆိုသည်။

The Voice Weekly
နိုင်ငံရေး အကျဉ်းသားဟောင်းများ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အခက်အခဲများ ရှိပါက လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီထံသို့ တင်ပြအကူအညီ တောင်းခံနိုင်ကြောင်း အဆိုပါ ကော်မတီဝင်များထံမှ သိရသည်။

အစိုးရ အနေနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအပေါ် နိုင်ငံကူးလက်မှတ် ပိတ်ပင်ထားခြင်း မရှိတော့ ကြောင်း ဇွန်လ ၁ ရက်နေ့က မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC တွင်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပြောကြား ခဲ့ ကြောင်း နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီဝင်များက ဆိုသည်။

“အရင်ကတော့ နိုင်ငံရေး အကျဉ်းသားဆိုရင် တစ်နှစ် စောင့်ကြည့်ဆိုပြီး ဆိုင်းငံ့ထားတာပေါ့၊ အခုက အဲဒါကို ဖြေလျှော့ ပေးလိုက်တာပါ” ဟု ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောကြားသည်။

ယင်းဆွေးနွေးပွဲကို သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း အပါအဝင် အကျဉ်းဦးစီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူ့အခွင့်အရေး ကော်မရှင်နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP တို့လည်း တက်ရောက် ဆွေးနွေးခဲ့သည်။

ယင်းအပြင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အနေနှင့် ဆေးကုသခွင့် လက်မှတ်၊ ရှေ့နေလိုင်စင် စသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း အသိအမှတ်ပြု လက်မှတ်များကိုလည်း ပိတ်ပင်ခြင်း မရှိတော့ရန် သဘော တူညီမှု ရရှိခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူများက ဆိုသည်။

လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီအနေနှင့် ၂၀၁၃ ခုနှစ်က ကျန်ရှိသည့် နိုင်ငံရေး အကျဉ်းသား ၃၀ ဦးနှင့် ယခုနှစ်အတွင်း ထပ်မံစိစစ် တွေ့ရှိရသည့် အကျဉ်းသား ၃၀ ကို အစိုးရထံ တင်ပြထားပြီး ၎င်းတို့ကို နိုင်ငံရေး အကျဉ်းသားအဖြစ် အသိအမှတ် ပြုနိုင်ရေးအတွက် ထပ်မံဆွေးနွေးရဦးမည် ဖြစ်ကြောင်း ကော်မတီဝင်များက ဆိုသည်။

The Voice Weekly 

No comments:

Post a Comment