Monday 2 June 2014

ရန်ကုန် စီးပွားရေးတက္ကသိုလ် နှစ် (၅၀) ပြည့် အခမ်းအနား ကျင်းပမည်

Photo: ရန်ကုန် စီးပွားရေးတက္ကသိုလ် နှစ် (၅၀) ပြည့် အခမ်းအနား ကျင်းပမည်
Monday, June 2, 2014

အရှေ့တောင်အာရှ တက္ကသိုလ်များ ကွန်ရက်ဝင် ရန်ကုန် စီးပွားရေး တက္ကသိုလ်ကြီး၏ နှစ် (၅၀) ပြည့် ရွှေရတု အခမ်းအနားကို နိုဝင်ဘာလ ၂ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပြီး စိတ်ပါ ဝင်စားသူ ကျောင်းသားဟောင်းများ အလှူငွေ ထည့်ဝင်နိုင်ကြောင်း အဆိုပါ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်နိုင်ဦးက ပြောကြားသည်။

ယင်းရွှေရတု အခမ်းအနားတွင် မြန်မာနိုင်ငံ၏ စီးပွားရေး အခွင့်အလမ်းနှင့် အခြေအနေအကြောင်း စာတမ်း ဖတ်ပွဲများအပြင် စတုဒီသာနှင့် ပျော်ပွဲရွှင်ပွဲများလည်း ကျင်းပမည် ဖြစ်ကြောင်း ဇွန်လ ၁ ရက်နေ့က ကျင်းပသော ရန်ကုန် စီးပွားရေး တက္ကသိုလ် ရွှေရတု အခမ်းအနားအတွက် အလှူငွေ ပေးအပ်ပွဲတွင် ၎င်းက ထပ်လောင်း ပြောကြားသည်။

လက်ရှိအချိန်တွင် အဆိုပါ အခမ်းအနား ဖြစ်မြောက်ရေးအတွက် အလှူငွေ ကျပ်သိန်း ၅၀၀ ကျော်လက်ခံထားပြီး ဖြစ်ကြောင်း၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်၏ ရွှေရတု အခမ်းအနားကို ကမာရွတ်မြို့နယ် ရန်ကုန်စီးပွားရေး တက္ကသိုလ်နှင့် ရွာသာကြီးရှိ စီးပွားရေး တက္ကသိုလ်တို့တွင် တစ်ပြိုင်နက်တည်း ကျင်းပရန် စီစဉ်ထားကြောင်း အဆိုပါ ပွဲဖြစ်မြောက်ရေး အသိုင်းအဝိုင်းက ဆိုသည်။

အလှူငွေ ပံ့ပိုးလိုသူများအနေနှင့် ၀၉၄၃၀၇၄၁၀၃၊ ၀၉၇၃၀၉၃၈၄၆၊ ၀၉၈၆၂၈၈၄၁၊ ၀၉၇၃၀၉၈၄၃၀ ကို ဆက်သွယ်နိုင်သည်။

(အောင်သီဟ)
The Voice Weekly
အရှေ့တောင်အာရှ တက္ကသိုလ်များ ကွန်ရက်ဝင် ရန်ကုန် စီးပွားရေး တက္ကသိုလ်ကြီး၏ နှစ် (၅၀) ပြည့် ရွှေရတု အခမ်းအနားကို နိုဝင်ဘာလ ၂ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပြီး စိတ်ပါ ဝင်စားသူ ကျောင်းသား ဟောင်းများ အလှူငွေ ထည့်ဝင်နိုင်ကြောင်း အဆိုပါ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်နိုင်ဦးက ပြောကြားသည်။

ယင်းရွှေရတု အခမ်းအနားတွင် မြန်မာနိုင်ငံ၏ စီးပွားရေး အခွင့်အလမ်းနှင့် အခြေအနေအကြောင်း စာတမ်း ဖတ်ပွဲများအပြင် စတုဒီသာနှင့် ပျော်ပွဲရွှင်ပွဲများလည်း ကျင်းပမည် ဖြစ်ကြောင်း ဇွန်လ ၁ ရက်နေ့က ကျင်းပသော ရန်ကုန် စီးပွားရေး တက္ကသိုလ် ရွှေရတု အခမ်းအနားအတွက် အလှူငွေ ပေးအပ်ပွဲတွင် ၎င်းက ထပ်လောင်း ပြောကြားသည်။

လက်ရှိအချိန်တွင် အဆိုပါ အခမ်းအနား ဖြစ်မြောက်ရေးအတွက် အလှူငွေ ကျပ်သိန်း ၅၀၀ ကျော်လက်ခံ ထားပြီး ဖြစ်ကြောင်း၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်၏ ရွှေရတု အခမ်းအနားကို ကမာရွတ်မြို့နယ် ရန်ကုန် စီးပွားရေး တက္ကသိုလ်နှင့် ရွာသာကြီးရှိ စီးပွားရေး တက္ကသိုလ်တို့တွင် တစ်ပြိုင်နက်တည်း ကျင်းပရန် စီစဉ် ထားကြောင်း အဆိုပါ ပွဲဖြစ်မြောက်ရေး အသိုင်းအဝိုင်းက ဆိုသည်။

အလှူငွေ ပံ့ပိုးလိုသူများအနေနှင့် ၀၉၄၃၀၇၄၁၀၃၊ ၀၉၇၃၀၉၃၈၄၆၊ ၀၉၈၆၂၈၈၄၁၊ ၀၉၇၃၀၉၈၄၃၀ ကို ဆက်သွယ်နိုင်သည်။

(အောင်သီဟ)
The Voice Weekly 

No comments:

Post a Comment