Thursday 20 March 2014

KIA လွှမ်းမိုးခံ ABSDF ရဲ့ လူထုစိတ်ဝင်စားမှုရအောင်ပြောသော ဦးတည် ချက်များ

အစိုးရနှင့် တပ်မတော်ဘက်က ပြည်သူလူထုကိုဖိနှိပ်ပြီး အကြမ်း ဖက်ဖြေရှင်းမှုများ ရှိလာပါက ကျောင်းသား တပ်မတော်သည် လက်နက်ပြန် ကိုင်ဖို့ အဆင်သင့် ရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)ဥက္ကဌ ဦးသံခဲက ၂၀၁၄ခုနှစ်၊ မတ်လ ၁၅ ရက်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၏ ဗဟိုဌာနချုပ်တည် ရှိရာ ဒေါင်းတမန်စခန်းတွင် ပြုလုပ်သည့် ဒဿမအကြိမ် ညီလာခံပိတ်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့ပါတယ်။ ၎င်း၏စကားကို သေချာနားထောင်ကြည့် မယ်ဆိုပါကတစ်စုံတစ်ဦ၏ လွှမ်းမိုးမှုများ ပါဝင်နေသည်ကိုသိရှိနိုင်သည်။ သေချာ တာကတော့ ABSDFအဖွဲ့ သည် ယခုချိန်ထိ ၎င်းတို့ဘာသာရပ်တည်နေသောအဖွဲ့ မဟုတ်ပဲ KIA ၏တုတ်တစ်ချောင်းဖြစ်နေပါသည်။

` ပထမဆုံး ABSDF ဆိုတာဘယ်အဖွဲ့လဲလို့ ပြောရရင်တော့ ၁၉၈၈ ခုနှစ် စက်တင်ဘာ လ ၈ ရက်နေ့ မှာ တပ်မတော်မှ မဖြစ်မနေ နိုင်ငံတော်တာဝန်ကို လွှဲပြောင်းယူလိုက်ချိန် တပ်မတော်အစိုးရကို လက်နက်စွဲကိုင် တော်လှန်မယ် ဆိုပြီး ဦးတည်ချက် တိတိကျကျမရှိသေးပဲ ကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့တစ်ဖွဲ့ဖြစ်ပါသည်။ ရှစ်လေးလုံးအပြီးမှာမြောက်ပိုင်းမှာရှိနေတဲ့ မိုးညှင်း၊ နမ္မား၊ မိုးကောင်းစသည်ဖြင့် အဲဒီကသပိတ်ခေါင်းဆောင်တွေဟာ အရင်ရောက်သွားပြီး တပ်ဖွဲ့တွေ ထူထောင်ကာ KIA နဲ့အတူပူးတွဲပြီးတော့ စစ်ရေးတာဝန်ယူမယ်ဆိုပြီး KIAရဲ့ လက်အောက်ကိုမှီခိုဝင်ရောက်ခဲ့တယ်။ အဲ့နောက်ပိုင်းမှာ ABSDF အဖွဲ့မှာ အာဏာလုပွဲတွေစတင်ပါတော့တယ်။ သံချောင်း၊ မျိုးဝင်း၊ အောင်ကြီး တို့နဲ့ အဲဒီဘက်ကခေါင်းဆောင်တွေ၊ အရင်ရောက်နှင့်သူတွေနဲ့ ပြဿနာတွေ စတင်ပါတော့တယ်။ ဘာပြဿနာတွေ ရှိလဲ ဆိုတော့ တပ်ဖွဲ့အတွင်း အကြီးအကျယ် အာဏာသုံး၊ သူတို့လာရင် မတ်တပ်ရပ် သတိ ဆွဲပေါ့။ ပါးရိုက်လည်းခံ၊ နားရိုက်လည်းခံ။ သူတို့ရဲ့ ဝေယျာဝစ္စတွေက အစလိုက်လုပ်ပေးရတဲ့ဟာမျိုးတွေ၊ အချို့ကျတော့လည်းငွေကြေးတွေရလာတော့ စည်းစိမ်ခံ တာတို့၊ အဲဒါမျိုးတွေရှိတယ်။ 

အဲ့လိုတွေဖြစ်လာတော့ တပ်ဖွဲ့အတွင်းမှာတော်လှန်ရေးတပ်ဖွဲ့ပုံစံမျိုး မဟုတ် ပဲ နိုင်ငံရေး မပါဘဲနဲ့ လက်ရှိ ခေါင်းဆောင်တွေရဲ့ အားနည်းချက်တွေ ကိုထောက်ပြဝေဖန် တာတွေ၊ ဒီမိုကရေစီတပ်ဖွဲ့ဆိုရင် ဘယ်လိုမျိုး ဖြစ်သင့်တယ်။  အခုလိုလုပ်နေတာတွေကလူဆိုးဂိုဏ်းနဲ့ တူတယ်ဆိုပြီးထောက်ပြ မှုတွေဖြစ်ပေါ်လာ ကာနောက် ပိုင်းမှာ တပ်တွင်းဆန္ဒပြမှု ပုံစံမျိုးတွေဖြစ်လာပါတယ်။ အဲ့ဒီနောက် ၁၉၉၂ ခုနှစ် ပါချောင်ဒေသ မှာ စစ်ထောက်လှမ်း ရေးလို့ စွပ်စွဲကာတပ်ဖွဲ့ အတွင်းထောက်ပြဝေဖန်ခဲ့တဲ့ ဗသက ဥက္ကဌကျောင်း သားခေါင်းဆောင် ကိုထွန်းအောင် ကျော် အပါ အဝင် ကျောင်း သား (၁၀၇) ဦးကိုဖမ်းဆီးခဲ့ပြီး ကိုထွန်းအောင်ကျော် နဲ့ ကျောင်း သား(၄၀) ခန့်ကို တော့ ခေါင်းဖြတ်သတ်ပစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဥက္ကဌဟာဒေါက်တာနိုင်အောင် ဖြစ်ပါတယ်။ 

KIA ဗိုလ်မှူးတွေကကျောင်းသားတွေ အယောက်(၁၀၇) ကျော်ဖမ်းထားတာကို ကြားတော့ လာရောက် မေးပါတယ်။ “ ငါတို့မှာ ဘရန်ဆိုင်းလက်ထက် ကတည်းက ရန်သူ့ထောက်လှမ်းရေးဆိုလို့ (၅) ယောက် လောက်သာ မိဘူးပါတယ်။ မင်းတို့ဟာကများလှချည်းလားဆိုပြီးမေးမြန်းခဲ့ပါတယ်။ လူသတ်တာတွေရှီ လာပြီး ဖုံးမရဖိမရအနံ့တွေထွက်လာတဲ့အခါကျတော့ KIA က စစ်ခေါင်းဆောင်တွေ ဇွတ်အတင်း ဝင်ရောက် လာကာ ရပ်ခိုင်းတော့တယ်။ အဲ့တော့ ဒီ ABSDF အဖွဲ့ဟာတိုင်းပြည်အတွက်၊ လူမျိုးအတွက် ဘာတစ်မှ မလုပ်ပေး ရသေးခင် သူတို့တပ်ဖွဲ့အတွင်းမှာပဲဗိုလ်ကျစိုးမိုးမှုတွေ၊ နိုင်ထက်စီးနင်းမှုတွေနဲ့ ပြည့်နေပြီး ပြဿနာပေါင်း များစွာကိုလဲ ယနေ့အချိန်ထိမရှင်းလင်းနိုင်ခဲ့ပါဘူး။ ထိုကဲ့သို့သောစည်းလုံးညီညွန်မှု ပျက်ပြားကာ ဗိုလ်ကျစိုးမိုးမှု စနစ်ကို ကျင့်သုံးနေသောအဖွဲ့ဟာတိုင်းပြည်နှင့် ပြည်သူလူထုအတွက် ဘာတွေလုပ်ပေးနိုင်မလဲဆိုတာကို မေးခွန်းထုတ်စရာရှိပါတယ်။ လုပ်ပေးမယ်ဆိုရင်လည်း ပြည်သူလူထုနှင့် အသတ်ခံလိုက်ရတဲ့ ကျောင်းသား မိဘတွေရဲ့ ယုံကြည်ကျေနပ်မှုရအောင် အရင်ဆုံးဖြေရှင်းသင့်ပါတယ်။

တကယ့်လက်တွေ့မှာတော့ ABSDF အဖွဲ့က ဦးတည်ချက်မရှိဘဲ KIA ရဲ့ သြဇာခံကြေးစား တပ်မတော် ပုံစံမျိုးဖြစ်နေပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကလဲ ၎င်းတို့အဖွဲ့မှာလိုအပ်တဲ့ လူအင်အား၊ အဓိကအားဖြင့် လက်နက်အင်အားကို KIA ကသာထောက်ပံ့ပေးထားလို့ဖြစ်ပါတယ်။ ယခုလက်ရှိမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလဲဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ နဲ့အညီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကို ပြည်သူနဲ့အတူ ပါဝင် လုပ်ဆောင်နေသော်လည်း KIA ရဲ့ တဖက်သန်ကျသော ရယူမှုဆန္ဒများကြောင့်   တပ်မတော်နှင့် KIA တို့ တိုက်ပွဲ တွေ မကြာခဏဖြစ်ပွားနေပြီး  KIA ဘက်မှ ထိခိုက်ကျဆုံးမှုများနဲ့ အင်အား ချိနဲ့မှုများ ဖြစ်လာပါတယ်။ ဒါကြောင့် KIA ရဲ့ သြဇာခံဖြစ်တဲ့ ABSDF ကလဲအစိုးရနဲ့ အပစ်အခတ်ရပ်စဲ ရေးလက်မှတ်ထိုးထားသော်လည်း KIA က ခေါ်ပါက ပြန်လည်ပူးပေါင်းရန်အခုထဲက အစိုးရနှင့် တပ်မတော် ဘက်က ပြည်သူလူထုကိုဖိနှိပ်ပြီး အကြမ်းဖက်ဖြေရှင်းမှုများရှိလာ ပါက ကျောင်းသားတပ်မတော်သည် လက်နက်ပြန်ကိုင်ဖို့ အဆင်သင့်ရှိသည်ဟု ဆိုကာ ABSDF ဥက္ကဌသံခဲကလေသံပစ်နေခြင်းသာဖြစ်ပါတယ်။

မောင်ဇော်

Credit : Taung Pyar Tan

No comments:

Post a Comment