Thursday 20 March 2014

ခရိုင်းမီးယားဒေသ ရှိ ယူကရိန်းရေတပ် ဌာနချုပ်ကို ရုရှား လိုလားသူ များက စီးနင်းသိမ်းပိုက်

Photo: ခရိုင်းမီးယားဒေသရှိ ယူကရိန်းရေတပ်ဌာနချုပ်ကို
ရုရှားလိုလားသူများက စီးနင်းသိမ်းပိုက်
Thursday, March 20, 2014

ခရိုင်းမီးယားဒေသရှိ ယူကရိန်းရေတပ်ဌာနချုပ်ကို ရုရှားနိုင်ငံအားလိုလားသူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက မတ် ၁၉ရက်တွင် စီးနင်းခဲ့ကြကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန်သည်။

ခရိုင်းမီးယားဒေသကို ရုရှားနိုင်ငံနှင့်ပေါင်းစည်းရန် ထုတ်ပြန် ကြေညာခဲ့ပြီးနောက် ယူကရိန်းရေတပ်ဌာနချုပ်ကို နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများက သိမ်းပိုက်ခြင်းဖြစ်သည်။

ယူကရိန်းနိုင်ငံ၏ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော ဆီဗက်စတို ပိုလ်မြို့ရှိ ရေတပ်ဌာနချုပ်ကို အင်အား ၂ဝဝခန့် ပါဝင်သော လူအုပ် ကြီးက စီးနင်းခဲ့သည်။ မိမိတို့သည် လက်နက်ကိုင်ဆောင်ထားခြင်းမရှိ ကြောင်း၊ မိမိတို့ဘက်မှ တစ်စုံတစ်ရာပစ်ခတ်မှုကိုလည်း ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ရေတပ်ပြောခွင့်ရပုဂ္ဂိုလ် ဆာဂေးဘိုဂလန်နော့ဗ်က ပြော ကြားသည်။ အဆိုပါရေတပ်ဌာနချုပ်ရှိ စစ်အရာရှိများက စီးနင်း ဝင်ရောက်လာသူများနှင့် ထိပ်တိုက်ပဋိပက္ခမဖြစ်ပေါ်စေရန် အတား အဆီးများကို အဆောက်အအုံအတွင်း ချထားခဲ့ကြသည်ဆို၏။
ပင်လယ်နက်ဒေသရှိ ခရိုင်းမီးယားဒေသကို ၁၈ရာစုကတည်းကပင် ရုရှားရေတပ် စစ်သင်္ဘောများအတွက် ပင်လယ်ရေကြောင်းထွက်ပေါက် အဖြစ် အသုံးပြုလာခဲ့သည်။ ပီတီအိုင်။

ပင်လယ်နက်ဒေသရှိ ခရိုင်းမီးယားဒေသကို ၁၈ရာစုကတည်းကပင် ရုရှားရေတပ် စစ်သင်္ဘောများအတွက် ပင်လယ်ရေကြောင်းထွက်ပေါက် အဖြစ် အသုံးပြုလာခဲ့သည်။

ပီတီအိုင်
Myanmaalinn
ခရိုင်းမီးယားဒေသရှိ ယူကရိန်းရေတပ်ဌာနချုပ်ကို ရုရှားနိုင်ငံအားလိုလားသူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ များက မတ် ၁၉ရက်တွင် စီးနင်းခဲ့ကြကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန်သည်။

ခရိုင်းမီးယားဒေသကို ရုရှားနိုင်ငံနှင့်ပေါင်းစည်းရန် ထုတ်ပြန် ကြေညာခဲ့ပြီးနောက် ယူကရိန်းရေတပ်ဌာနချုပ် ကို နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများက သိမ်းပိုက်ခြင်းဖြစ်သည်။

ယူကရိန်းနိုင်ငံ၏ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော ဆီဗက်စတို ပိုလ်မြို့ရှိ ရေတပ်ဌာနချုပ်ကို အင်အား ၂ဝဝခန့် ပါဝင်သော လူအုပ် ကြီးက စီးနင်းခဲ့သည်။ မိမိတို့သည် လက်နက်ကိုင်ဆောင်ထားခြင်းမရှိ ကြောင်း၊ မိမိတို့ ဘက်မှ တစ်စုံတစ်ရာပစ်ခတ်မှုကိုလည်း ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ရေတပ်ပြောခွင့်ရပုဂ္ဂိုလ် ဆာဂေးဘိုဂလန်နော့ဗ်က ပြော ကြားသည်။ အဆိုပါရေတပ်ဌာနချုပ်ရှိ စစ်အရာရှိများက စီးနင်း ဝင်ရောက်လာသူများနှင့် ထိပ်တိုက်ပဋိပက္ခမဖြစ်ပေါ်စေရန် အတား အဆီးများကို အဆောက်အအုံအတွင်း ချထားခဲ့ကြသည်ဆို၏။

ပင်လယ်နက်ဒေသရှိ ခရိုင်းမီးယားဒေသကို ၁၈ရာစုကတည်းကပင် ရုရှားရေတပ် စစ်သင်္ဘောများအတွက် ပင်လယ်ရေကြောင်းထွက်ပေါက် အဖြစ် အသုံးပြုလာခဲ့သည်။

ပီတီအိုင်
Myanmaalinn

No comments:

Post a Comment