Thursday 20 March 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် နယ်စပ်လုံခြုံရေး ကင်းစခန်း ၁၅ ခု ထပ်မံတည်ဆောက်နေ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် နယ်စပ်လုံခြုံရေး ကင်းစခန်း ၁၅ ခု ထပ်မံတည်ဆော က်နေကြောင်းနှင့် လက်ရှိတွင် နယ်စပ်မှတ်တိုင် Boundary Point ၆၄ အထိ တည်ဆောက်နေခြ င်းဖြစ်ကြော င်း စစ်အင်ဂျင်နီယာတပ်မှ သတင်းရရှိသည်။

အဆိုပါ ထပ်မံတည်ဆောက်နေသည့် လုံခြုံရေး ကင်းစခန်းများအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းမှ စတင်တည်ဆောက်နေခြင်းဖြစ်ပြီး ဧပြီ ၁၁ ရက် အပြီးသတ်ရန် လျာထားကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် လူဝင်လူထွက် အများဆုံးရှိနေသည့် နေရာများတွင် လုံခြုံရေး စခန်းများအား တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပထမအဆင့် အနေဖြင့် နယ်စပ်ကင်းစခန်း ၂၇ ခု၊ ဒုတိယအဆင့် အနေဖြင့် ကိုးခုတည်ဆောက်ထားပြီး လက်ရှိတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက နေရာယူထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ လုံခြုံရေးစခန်းများတွင် လုံခြုံရေးဝန်ထမ်းများအဖြစ် ရဲတပ်ရင်း လုံခြုံရေးဝန်ထမ်းများနှင့် နိုင်ငံခြား သားများ တရားမ၀င် ၀င်ရောက်ခြင်းမှ ကာကွယ်တားဆီးရေးအဖွဲ့ (မကဖ) ၀န်ထမ်းများ တာဝန်ယူေ နကြောင်း သိရသည်။

“အခုက ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်မှာ ကင်းစခန်း ၁၅ ခု တည်ဆောက်နေတာ ဖြစ်တယ်။ နောက် ဆုံးဆောက်နေတာက နယ်စပ်မှတ်တိုင်အမှတ် ၆၄ မှာ ဖြစ်တယ်” ဟု တာဝန်ခံ စစ်အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။

နယ်စပ်ခြံစည်းရိုးနှင့် နယ်စပ်ကင်းစခန်းများ တည်ဆောက်နေသည့် စစ်အင်ဂျင်နီယာ တပ်ဖွဲ့အား ၂၀၁၂ ခုနှစ်က အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တစ်ခုက ၀င်ရောက်တိုက်ခိုက်ပြီး စစ်အင်ဂျင်နီယာတပ်မှ တပ်မတော်သားတစ်ဦးနှင့် အရပ်သားနှစ်ဦး ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။

အဆိုပါ နယ်စပ်လုံခြုံရေး ကင်းစခန်းများကို ချောင်းဝင်ပေါက် တစ်နေရာတွင် တစ်ခုစီ တည်ဆောက် ထားခြင်းဖြစ်ပြီး ချောင်းဝင်ပေါက် မရှိသော်လည်း လူဝင်လူထွက်များသည့် နေရာများတွင်လည်း တည်ဆောက်ထားကြောင်း ဆိုသည်။ နယ်စပ်ချောင်းပေါက်များနှင့် လူဝင်လူထွက်များသည့် နေရာများတွင် တည်ဆောက်ထားသည့် လုံခြုံရေးစခန်းများတွင် မျှော်စင်တစ်ခုလည်း ပါဝင်ပြီး မျှော်စင်ပေါ်မှ အဝေးသို့ လှမ်းကြည့်နိုင်သည့် သင်္ဘောစလစ် မီးလုံးကြီးနှစ်လုံးလည်း တပ်ဆင်ထားကြောင်း သိရသည်။ ၎င်းအပြင် နယ်စပ်ကင်းလှည့်ရန်နှင့် ဒေသဆက်သွယ်သွားလာမှု မြန်ဆန်စေရန် ခြံစည်းရိုးတစ်လျှောက်ရှိ နယ်စပ်ချောင်းပေါက်ဝများတွင် တံတားပေါင်း ၄၈ စင်းအထိ တည်ဆောက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

နယ်စပ်ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများအား ၂၀၀၉ ခုနှစ်ကတည်းက စတင် ကာရံခဲ့ခြင်းဖြစ်ပြီး ငါးနှစ်တာ ကာလသို့ ရောက်ရှိပြီးဖြစ်၍ လက်ရှိတွင် ခြံစည်းရိုးအား ပြန်လည်ပြင်ဆင်ခြင်း စီမံကိန်းအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ယခင်တပ်ဆင်ခဲ့သည့် သံဆူးကြိုးခွေများကို ပြန်လည်ဖြုတ်သိမ်း ကာ မြေထိန်းနံရံများနှင့် သံဆူးကြိုးအသစ် တပ်ဆင်မည့် နေရာများတွင် ကွန်ကရစ်ခင်းသည့် လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment