Thursday 20 March 2014

ဘဏ်စာအုပ် အသုံးပြုရန် မလိုသည့် eSavings Account ၀န်ဆောင်မှုစနစ် သမ၀ါယမဘဏ်တွင် စတင်အသုံးပြု

လသာမြို့နယ်ရှိ သမ၀ါယမဘဏ် ရုံးချုပ်အား တွေ့ရစဉ်
ဘဏ်စာအုပ် အသုံးပြုရန် မလိုသည့် ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုများ ဆောင်ရွက်နိုင်သော eSavings Account စနစ်အား သမ၀ါယမဘဏ်တွင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း အဆိုပါဘဏ်မှ ဒုတိယ အထွေထွေ မန်နေဂျာ ဦးဇေယျာကျော်၏ ပြောကြားချက်အရ သိရသည်။

eSaving Account သည် ဘဏ်တွင် Saving Deposit account နည်းတူ အသုံးပြုနိုင်ပြီး ဘဏ် လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို စာရင်းပိုင်ရှင်၏ email (သို့မဟုတ်) eStatment ပေးပို့သော ၀န်ဆောင်မှုဖြစ်ပြီး အဆိုပါစနစ်တွင် အသုံးပြုသူနေဖြင့် ဘဏ်သို့လာရောက်ရန် မလိုဘဲ ငွေကြေးဆိုင်ရာ ငွေထည့်သွင်းခြင်း၊ ငွေပေးချေခြင်း၊ ငွေထုတ်ယူခြင်းများကို အချိန်နှင့်တစ်ပြေးညီ အသေးစိတ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သမ၀ါယမဘဏ်မှ ဦးဇေယျာကျော်က ဆက်လက်ပြောကြားသည်။

eSaving Account Package တွင် Interest, Easi Smart MPU Card,Mobile Banking Services, eStatement, eAlert ၀န်ဆောင်မှုများ ပါဝင်ကြောင်း သိရသည်။

အဆိုပါစနစ်တွင် ငွေစုဘဏ်အတိုးနှုန်းအတိုင်း ခံစားခွင့် ရရှိမည်ဖြစ်ပြီး Saving Deposit account တွင် ဆောင်ရွက်နိုင်သော ၀န်ဆောင်မှုအားလုံး အသုံးပြုနိုင်သည်။

ထို့အပြင် Mobile banking ၀န်ဆောင်မှုများဖြစ်သော ငွေပေးချေမှု၊ စာရင်းပြောင်းငွေလွှဲခြင်း၊ MPU Card နှင့် ATM များတွင် မိမိစာရင်းမှ ငွေထုတ်ခြင်း၊ ငွေလွှဲခြင်း၊ စာရင်းလက်ကျန် စစ်ဆေးခြင်းတို့ကို ဖုန်းမှအသုံးပြုနိုင်မည်ဖြစ်ပြီး ငွေသွင်း၊ ငွေထုတ် ပြုလုပ်ခြင်းတွင် ကိုယ်စားလှယ်ဖြင့် ဆောင်ရွက်နိုင်ခြင်းများ ပါဝင်သည်။

လက်ရှိအချိန်တွင် သမ၀ါယမဘဏ်သည် ဘဏ်ခွဲပေါင်း ၆၀ ကျော် ဖွင့်လှစ်ထားသော အများပိုင်ဘဏ် တစ်ခုဖြစ်ပြီး ပြည်တွင်း လက်လီ၊ လက်ကား ဘဏ်လုပ်ငန်းများ၊ ပြည်ပငွေလွှဲအ၀င် လုပ်ငန်းများကိုလည်း ပြည်ပဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်လျက်ရှိသော ဘဏ်တစ်ခုဖြစ်ပြီး T/T (Telegraph Transfer) နှင့် LC (Letter of Credit) အပါအ၀င် နိုင်ငံခြားဘဏ်လုပ်ငန်း ၀န်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိသည်။

Eleven Media Group

No comments:

Post a Comment