Thursday 20 March 2014

ရဲတပ်ဖွဲ့ဝင်များ ပြုမူဆက်ဆံပုံ တစ်နိုင်ငံလုံး ထိတ်လန့်ဟုဘရာဇီးသမ္မတ ပြောကြား

Photo: ရဲတပ်ဖွဲ့ဝင်များ ပြုမူဆက်ဆံပုံတစ်နိုင်ငံလုံးထိတ်လန့်ဟုဘရာဇီးသမ္မတ
ပြောကြား
Thursday, March 20, 2014

ဘရာဇီးနိုင်ငံ မြို့တော် ရီယိုဒီဂျနေးရိုး၏ လူအစည်ကားဆုံး လမ်းတစ်လမ်းပေါ်တွင် ရဲကားတစ်စီးက ဒရွတ်တိုက်ချိတ်ဆွဲမောင်းနှင်သဖြင့် အမျိုးသမီးတစ်ဦးသေဆုံးသည့်အတွက် သမ္မတဒီလ်မာရူးဆက်က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ပြီး တစ်နိုင်ငံလုံး အထိတ် တလန့်ဖြစ်သွားရသည်ဟု ပြောကြားခဲ့သည်။

အသက် ၃၈နှစ်ရှိ ကလေးလေးယောက် မိခင် ကလောဒီယာဒီဆီးလ်ဗားဖာဇိုင်ရာသည် သူမနေထိုင်ရာ ဆင်းရဲသားရပ်ကွက်၌ ရဲတပ် ဖွဲ့ဝင်များနှင့် ဒုစရိုက်သမားများ အပြန်အလှန် ပစ်ခတ်ကြရာတွင် ဒဏ်ရာရရှိခဲ့သည်။

ရဲသားများက သူမကို ၄င်းတို့၏ ကင်း လှည့်ကားနောက်ခန်းအတွင်းသို့ ပစ်ထည့်ပြီး မောင်းထွက်ခဲ့ရာ နောက်ဖုံးမှာ မတော်တဆ ပွင့်ကျသွားခဲ့သည်။

မစ္စဖာဇိုင်ရာ၏ ဆွေမျိုးများက ရဲတပ်ဖွဲ့ ဝင်များသည် သူမကို တိရစ္ဆာန်တစ်ကောင်ပမာ ဆက်ဆံခဲ့ကြသည်ဟု ပြောသည်။ ရဲကားသည် မီးပွိုင့်နီ၍ ရပ်သည်အထိ မီတာ ၃ဝဝ (ပေ ၁ဝဝဝ) ကျော်တိုင်အောင် အဆိုပါ အမျိုးသမီး ကို ဒရွတ်တိုက်ဆွဲသွားခဲ့သည်။

ရဲသားနှစ်ဦးသည် ကားအတွင်းမှ ထွက် လာပြီး သူမကို ကားနောက်ခန်းအတွင်း ပြန် ထည့်၍ နီးစပ်ရာ ဆေးရုံသို့ မောင်းပို့ခဲ့သော် လည်း ဆေးရုံ၌ပင် သေဆုံးသွားခဲ့သည်။

ရီယိုဒီဂျနေးရိုးမြို့ မာဒူရီအိုင်ရာရပ်ကွက် အတွင်း၌ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ယင်းဖြစ်စဉ်ကို ဘရာဇီး ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသခဲ့သည်။

၎င်းရဲတပ်ဖွဲ့ဝင် သုံးဦးကို ဖမ်းဆီးထားပြီး လူမဆန်စွာ ပြုမူခဲ့သည်၊ ရပ်ကွက်သားများက ကားကိုရပ်ရန် အော်ပြောနေသည်ကို လျစ်လျူ ပြုခဲ့သည်ဟု စွပ်စွဲထားသည်။ ရဲများက ဖာဇိုင် ရာကို မူးယစ်ဆေးဝါးဂိုဏ်းဝင်တစ်ဦးဖြစ်သည် ဟု သံသယရှိသဖြင့် ရက်စက်စွာ ဆက်ဆံခြင်း ဖြစ်ကြောင်း ဆွေမျိုးများက ပြောသည်။
ရဲတပ်ဖွဲ့ဝင်တို့၏ အပြုအမူသည် မသတီ စရာကောင်းကြောင်း၊ လူသားမဆန်သည့် အတွက် ရဲတပ်ဖွဲ့မှ ထုတ်ပယ်ပစ်သင့်ကြောင်း ရီယိုဒီဂျနေးရိုးမြို့တော်ဝန် ဆာဂျီယိုဂေါဘရာ က ပြောသည်။ 

ဘီဘီစီ။
ဘရာဇီးနိုင်ငံ မြို့တော် ရီယိုဒီဂျနေးရိုး၏ လူအစည်ကားဆုံး လမ်းတစ်လမ်းပေါ်တွင် ရဲကားတစ်စီးက ဒရွတ်တိုက် ချိတ်ဆွဲမောင်းနှင်သဖြင့် အမျိုးသမီးတစ်ဦးသေဆုံးသည့်အတွက် သမ္မတဒီလ်မာရူးဆက်က ဝမ်း နည်းကြောင်း သဝဏ်လွှာပေးပို့ပြီး တစ်နိုင်ငံလုံး အထိတ် တလန့်ဖြစ်သွားရသည်ဟု ပြောကြားခဲ့သည်။

အသက် ၃၈နှစ်ရှိ ကလေးလေးယောက် မိခင် ကလောဒီယာဒီဆီးလ်ဗားဖာဇိုင်ရာသည် သူမနေထိုင်ရာ ဆင်း ရဲသားရပ်ကွက်၌ ရဲတပ် ဖွဲ့ဝင်များနှင့် ဒုစရိုက်သမားများ အပြန်အလှန် ပစ်ခတ်ကြရာတွင် ဒဏ်ရာ ရရှိခဲ့ သည်။

ရဲသားများက သူမကို ၄င်းတို့၏ကင်းလှည့်ကားနောက်ခန်းအတွင်းသို့ ပစ်ထည့်ပြီး မောင်းထွက်ခဲ့ရာ နောက် ဖုံးမှာ မတော်တဆ ပွင့်ကျသွားခဲ့သည်။

မစ္စဖာဇိုင်ရာ၏ ဆွေမျိုးများက ရဲတပ်ဖွဲ့ ဝင်များသည် သူမကို တိရစ္ဆာန်တစ်ကောင်ပမာ ဆက်ဆံခဲ့ကြ သည် ဟု ပြောသည်။ ရဲကားသည် မီးပွိုင့်နီ၍ ရပ်သည်အထိ မီတာ ၃ဝဝ (ပေ ၁ဝဝဝ) ကျော်တိုင်အောင် အဆိုပါ အမျိုးသမီး ကို ဒရွတ်တိုက်ဆွဲသွားခဲ့သည်။

ရဲသားနှစ်ဦးသည် ကားအတွင်းမှ ထွက်လာပြီး သူမကို ကားနောက်ခန်းအတွင်း ပြန် ထည့်၍ နီးစပ်ရာ ဆေးရုံ သို့ မောင်းပို့ခဲ့သော် လည်း ဆေးရုံ၌ပင် သေဆုံးသွားခဲ့သည်။

ရီယိုဒီဂျနေးရိုးမြို့ မာဒူရီအိုင်ရာရပ်ကွက် အတွင်း၌ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ယင်းဖြစ်စဉ် ကို ဘရာဇီး ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသခဲ့သည်။

၎င်းရဲတပ်ဖွဲ့ဝင် သုံးဦးကို ဖမ်းဆီးထားပြီး လူမဆန်စွာ ပြုမူခဲ့သည်၊ ရပ်ကွက်သားများက ကားကိုရပ်ရန် အော်ပြောနေသည်ကို လျစ်လျူ ပြုခဲ့သည်ဟု စွပ်စွဲထားသည်။ ရဲများက ဖာဇိုင် ရာကို မူးယစ်ဆေးဝါးဂိုဏ်းဝင် တစ်ဦးဖြစ်သည် ဟု သံသယရှိသဖြင့် ရက်စက်စွာ ဆက်ဆံခြင်း ဖြစ်ကြောင်း ဆွေမျိုးများက ပြောသည်။ ရဲတပ်ဖွဲ့ဝင်တို့၏ အပြုအမူသည် မသတီ စရာကောင်းကြောင်း၊ လူသားမဆန်သည့် အတွက် ရဲတပ်ဖွဲ့မှ ထုတ်ပယ်ပစ်သင့်ကြောင်း ရီယိုဒီဂျနေးရိုးမြို့တော်ဝန် ဆာဂျီယိုဂေါဘရာ က ပြောသည်။ 

ဘီဘီစီ

No comments:

Post a Comment