Thursday 20 March 2014

စားသုံးရန်မသင့်သည့် အရည်အသွေးနိမ့် ဆီများ စိစစ်နိုင်သည့် အနေအထားမရှိ

ကျန်းမာရေးအတွက် စားသုံးရန်မသင့်သည့် အရည်အသွေးနိမ့်ဆီများ ဈေးကွက်အတွင်း ၀င်ရောက်လျက် ရှိသော်လည်း ၄င်းတို့ကိုစိစစ်နိုင်သည့် အနေအထားမရှိသေးကြောင်း မန္တလေးတိုင်း ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးထွန်းထွန်းက ပြောသည်။

“ဆီမစားရရင် မနေနိုင်တဲ့ မြန်မာလူမျိုးအတွက် ဘယ်ကထုတ်လုပ်တာမှန်းသိနိုင်တဲ့ တရုတ်စာတွေနဲ့ သွင်းလာတဲ့ ဆီတွေကို စားမိမှာတော့ တကယ်စိတ်ပူမိပါတယ်”ဟု ၎င်းက ပြောသည်။

 အထူးသဖြင့် နယ်စပ်မှဝင်လာသည့် ဆီများသည် သတ်မှတ်ထားသော အရည်အသွေးများထက် နိမ့်နေ သော်လည်း အသင်းကသော်လည်းကောင်း၊ စားသုံးသူတို့ကသော်လည်းကောင်း စိစစ်နိုင်ခြင်း မရှိသေး ပေ။

တစ်နိုင်ငံလုံးလူဦးရေအရ ဆီစားသုံးမှုသည် တနှစ်လျှင် တန်ခြောက်သိန်းခန့်ရှိပြီး လုပ်ငန်းသုံးအတွက် တန်သုံးသိန်းနီးပါးခန့်ရှိသဖြင့် တစ်လလျှင် စားအုန်းဆီ တန်သုံးသောင်းခန့် ပြည်ပမှ တင်သွင်းနေရ သည်။

ပြည်တွင်းသို့ တင်သွင်းနေသော စားအုန်းဆီအမျိုးအစားများကို အရည်အသွေးစိစစ်သောအားဖြင့် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA – Food and Drug Administration)က ခွင့်ပြုချက်နှင့် ကိုက်ညီသော၊ ကုန်ပစ္စည်းတံဆိပ်နှင့် ပါကင်ပိတ်ရောင်းချသော စားအုန်းဆီများကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရေး စီစဉ်ပေးရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံ မန္တလေးတိုင်း ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယခုနှစ်ဆန်းပိုင်းက တင်ထားသည်။

ထို့အပြင် စားအုန်းဆီ တင်သွင်းရောင်းချသူများက လက္ကားဖြန့်ဖြူးရောင်းချသည့်အဆင့်အထိ အရည်အ သွေးပိုင်းကို တာဝန်ယူရမည်ဖြစ်ပြီး စားသုံးသူလက်ထဲကို ကျန်းမာရေးအတွက် မသင့်သည့်ဆီများ ရောက်ရှိသွားပါက ရောင်းချသူ၏ တာဝန်သာဖြစ်ကြောင်း၊ စားသုံးသူများကလည်း ကျန်းမာရေးအတွက် အရည်အသွေးနိမ့်သောဆီကို အများအပြားစားခြင်းထက် အရည်အသွေးပြည့်မီသော ဆီကို လိုအပ် သည့်ပမာဏအထိသာ စားသုံးခြင်းသည် ကျန်းမာရေးအတွက် ကောင်းမွန်သည့်အလေ့အထဖြစ်ကြောင်း မန္တလေးတိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီး မှူးက ပြောသည်။

The Voice Weekly

No comments:

Post a Comment