Thursday 20 March 2014

ကိုရီးယား K-POP အဆိုတော်အဖွဲ့ Girl’s Day မြန်မာနိုင်ငံတွင် လာရောက် ဖျော်ဖြေရန်အစီအစဉ်ရှိ

Photo: ကိုရီးယား K-POP အဆိုတော်အဖွဲ့ Girl’s Day မြန်မာနိုင်ငံတွင် လာရောက် ဖျော်ဖြေရန်အစီအစဉ်ရှိ
Thursday, March 20, 2014

ကိုရီးယားကုမ္ပဏီနှစ်ခုနှင့် ကိုရီးယားသံရုံး တို့၏ပူးပေါင်းဖိတ်ခေါ်မှုနှင့် ကိုရီးယား K-pop အဆိုတော်အဖွဲ့ Girl’s Day နှင့်အတူ Dal Shabet, Tint နှင့် အခြားသော ကိုရီးယားအနုပညာ ရှင်များသည် ဧပြီ ၃ဝ ရက်တွင် သုဝဏ္ဏအားက စားပွဲရုံ၌ ကျင်းပရန်စီစဉ်နေကြောင်းသိရသည်။

ယခုပြုလုပ်မည့်ပွဲတွင် မြန်မာအနုပညာ ရှင်များလည်း အတူတကွပါဝင်ဆင်နွှဲမည်ဖြစ် သည်။ ၄င်းပွဲကို စီစဉ်နေသူတစ်ဦးအား မေး မြန်းခဲ့ရာ ''ဧပြီ ၃ဝမှာ ကိုရီးယား K-POP အဖွဲ့ Girl’s Day လာရောက်ဖျော်ဖြေဖြစ်မယ်။ ကျင်းပမယ့်နေရာကတော့ အတိအကျမသိရ သေးပါဘူး။ အထက်က ချပေးတဲ့နေရာမှာလုပ် ရမှာပါ။

သတင်းအပြည့်အစုံသိရရင် Press Conference လုပ်ပေးပြီး မြန်မာနိုင်ငံက ပရိသတ်တွေကိုအသိပေးမှာပါ'' ဟုပြောသည်။
ထို့အပြင် K-pop အဆိုတော် Girl’s Day ရဲ့ဖျော်ဖြေပွဲအစီအစဉ်ကို မြဝတီရုပ်သံ မှာ ထုတ်လွှင့်ဖို့အစီအစဉ်ရှိကြောင်း ကိုရီး ယား Website တစ်ခုမှသိရသည်။

ယင်းနှင့်ပတ်သက်၍ ကိုရီးယားသံရုံး သို့ ဆက်သွယ်မေးမြန်းရာတွင် ''ကိုရီးယား K-Pop အဆိုတော်အဖွဲ့လာမယ်ဆိုတာတော့ ကြားထားပါတယ်။ သံရုံးကနေ စီစဉ်တာ တော့မဟုတ်ပါဘူး။ မြန်မာဘက် Entertainment ကုမ္ပဏီတစ်ခုကနေ စီစဉ်တာပါ'' ဟု ဖြေ ကြားခဲ့သည်။

Yangon Media Group
ကိုရီးယားကုမ္ပဏီနှစ်ခုနှင့် ကိုရီးယားသံရုံး တို့၏ပူးပေါင်းဖိတ်ခေါ်မှုနှင့် ကိုရီးယား K-pop အဆိုတော်အဖွဲ့ Girl’s Day နှင့်အတူ Dal Shabet, Tint နှင့် အခြားသော ကိုရီးယားအနုပညာ ရှင်များသည် ဧပြီ ၃ဝ ရက်တွင် သုဝဏ္ဏအားက စားပွဲရုံ၌ ကျင်းပရန်စီစဉ်နေကြောင်းသိရသည်။

ယခုပြုလုပ်မည့်ပွဲတွင် မြန်မာအနုပညာ ရှင်များလည်း အတူတကွပါဝင်ဆင်နွှဲမည်ဖြစ် သည်။ ၄င်းပွဲကို စီစဉ်နေသူတစ်ဦးအား မေး မြန်းခဲ့ရာ ''ဧပြီ ၃ဝမှာ ကိုရီးယား K-POP အဖွဲ့ Girl’s Day လာရောက်ဖျော်ဖြေဖြစ် မယ်။ ကျင်းပမယ့်နေရာကတော့ အတိအကျမသိရ သေးပါဘူး။ အထက်က ချပေးတဲ့နေရာမှာလုပ် ရမှာပါ။

သတင်းအပြည့်အစုံသိရရင် Press Conference လုပ်ပေးပြီး မြန်မာနိုင်ငံက ပရိသတ်တွေကိုအသိပေးမှာပါ'' ဟုပြော သည်။ ထို့အပြင် K-pop အဆိုတော် Girl’s Day ရဲ့ဖျော်ဖြေပွဲအစီအစဉ်ကို မြဝတီရုပ်သံ မှာ ထုတ်လွှင့်ဖို့အစီအစဉ်ရှိကြောင်း ကိုရီး ယား Website တစ်ခုမှသိရသည်။

ယင်းနှင့်ပတ်သက်၍ ကိုရီးယားသံရုံး သို့ ဆက်သွယ်မေးမြန်းရာတွင် ''ကိုရီးယား K-Pop အဆိုတော် အဖွဲ့လာမယ်ဆိုတာတော့ ကြားထားပါတယ်။ သံရုံးကနေ စီစဉ်တာ တော့မဟုတ်ပါဘူး။ မြန်မာဘက် Entertainment ကုမ္ပဏီတစ်ခုကနေ စီစဉ်တာပါ'' ဟု ဖြေ ကြားခဲ့သည်။

Yangon Media Group

No comments:

Post a Comment