Thursday 20 March 2014

တိုင်းရင်းသား လူမျိုးများ အခွင့်အရေး ကာကွယ်သည့် ဥပဒေကြမ်းကို အသစ်ပြန်ရေးရန် တိုင်းရင်းသားဖိုရမ် တောင်းဆို

Photo: တိုင်းရင်းသား လူမျိုးများ အခွင့်အရေး ကာကွယ်သည့် ဥပဒေကြမ်းကို အသစ်ပြန်ရေးရန် တိုင်းရင်းသားဖိုရမ် တောင်းဆို
Thursday, March 20, 2014

တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေကြမ်းကို အသစ် ပြန်လည် ရေးဆွဲရန် တိုင်းရင်းသားပေါင်းစုံ ပါဝင် ဆွေးနွေးထားသော တိုင်းရင်းသား ဖိုရမ်က ထုတ်ပြန် တောင်းဆိုလိုက်ကြောင်း တိုင်းရင်းသား အခွင့်အရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အရပ်ဘက် လူ့အဖွဲ့အစည်းမှ ဒါရိုက်တာ ဒေါ်နော်အိအိမင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ မျက်မမြင်များ မိတ်သဟာယ အသင်းတွင် ပြုလုပ်သော မြန်မာနိုင်ငံတွင်းရှိ ဒေသခံ တိုင်းရင်းသားများနှင့် တိုင်းရင်းသား မျိုးနွယ်စုများ ဖိုရမ် နောက်ဆုံးရက် (မတ်လ ၁၉) တွင် ထုတ်ပြန်သော ယင်းကြေညာချက်နှင့် ပတ်သက်ပြီး အဆိုပါ ဖိုရမ် စီစဉ်သူလည်း ဖြစ်သည့် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

အစိုးရက လက်ရှိ ရေးဆွဲထားသော ဥပဒေကြမ်းသည် တိုင်းရင်းသား လူမျိုးများအတွက် အမှန်တကယ် အကာအကွယ် ပေးနိုင်မည် မဟုတ်သောကြောင့် အသစ် ပြန်ရေးဆွဲသင့်ကြောင်း တိုင်းရင်းသားဖိုရမ် ထုတ်ပြန်ချက်တွင် ပါရှိသည်။

“တိုင်းရင်းသားတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေကို တိုင်းရင်းသားတွေက တရားမျှတလိမ့်မယ်လို့ မယုံကြည်ကြဘူး။ ဥပဒေက အတည် မပြုရသေးပါဘူး။ မူကြမ်းပဲ ရှိပါသေးတယ်။ ဒါကြောင့် ပြန်လည် ရေးဆွဲသင့်တယ်လို့ တိုက်တွန်းတာပါ” ဟု ဒေါ်နော်အိအိမင်းက ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းကို ကုလသမဂ္ဂ၏ ဒေသခံဌာနေ တိုင်းရင်းသား လူမျိုးများ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းကို အခြေခံပြီး ဒေသခံဌာနေ တိုင်းရင်းသားများနှင့် ပညာရှင်များ ပါဝင်သော အဖွဲ့ (သို့မဟုတ်) ကော်မတီဖြင့် ပြန်လည် ရေးဆွဲရန် အလေးအနက် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ဥပဒေကြမ်းမှာ ပြည်သူ့လွှတ်တော်တွင် တင်သွင်း ဆွေးနွေးဆဲ ဖြစ်သောကြောင့် ယင်းကဲ့သို့ ပြန်လည် ရေးဆွဲရန် တောင်းဆိုမရကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးစောလှထွန်းက ပြောကြားသည်။

“အခြေခံဥပဒေမှာ ပါတဲ့အတိုင်း တိုင်းရင်းသားတွေရဲ့ ခံစားခွင့်တွေကို အကာအကွယ် ပေးလို့ရအောင် ဒီဥပဒေကြမ်းကို ရေးဆွဲထားတာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေကြမ်းကို ပြန်လည် ရေးဆွဲရန် တောင်းဆိုချက်အပြင်၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးနှင့် သက်ဆိုင်သည့် စာပေ၊ ဘာသာစကား၊ သမိုင်း အမွေအနှစ်များ၊ အနုပညာ၊ ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့် ဘာသာများကို ဒေသခံဌာနေ တိုင်းရင်းသားများကို ကိုယ်တိုင် စီမံခန့်ခွဲရန် တောင်းဆိုကြောင်းလည်း ပါရှိသည်။

ထို့အပြင် ကုလသမဂ္ဂ၏ ဌာနေ တိုင်းရင်းသား လူမျိုးများ၊ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း (UNDRIP) ပါ ပြဋ္ဌာန်းချက် များကို နိုင်ငံတော် အစိုးရက အသိအမှတ်ပြု လက်မှတ် ရေးထိုးပြီး ဖြစ်သည်နှင့်အညီ လေးစား လိုက်နာကာ ဆောင်ရွက် ကျင့်သုံးပေးရန် လိုအပ်ကြောင်း တိုင်းရင်းသားဖိုရမ် ထုတ်ပြန်ချက်မှ သိရသည်။

အဆိုပါ တိုင်းရင်းသားဖိုရမ်၏ ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံတွင် မတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ သုံးရက်တိုင် ပြုလုပ်မည့် အာဆီယံ ပြည်သူ့ဖိုရမ်တွင် အဖွဲ့ဝင်နိုင်ငံများမှ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆွေးနွေးမည်ဖြစ်ကြောင်း တိုင်းရင်းသားဖိုရမ် ကျင်းပရေး အဖွဲ့ထံမှ သိရသည်။

The Voice Weekly
တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေကြမ်းကို အသစ် ပြန်လည် ရေးဆွဲရန် တိုင်းရင်းသားပေါင်းစုံ ပါဝင် ဆွေးနွေးထားသော တိုင်းရင်းသား ဖိုရမ်က ထုတ်ပြန် တောင်းဆို လိုက်ကြောင်း တိုင်းရင်းသား အခွင့်အရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အရပ်ဘက် လူ့အဖွဲ့အစည်းမှ ဒါရိုက်တာ ဒေါ်နော်အိအိမင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ မျက်မမြင်များ မိတ်သဟာယ အသင်းတွင် ပြု လုပ်သော မြန်မာနိုင်ငံတွင်းရှိ ဒေသခံ တိုင်းရင်းသားများနှင့် တိုင်းရင်းသား မျိုးနွယ်စုများ ဖိုရမ် နောက်ဆုံး ရက် (မတ်လ ၁၉) တွင် ထုတ်ပြန်သော ယင်းကြေညာချက်နှင့် ပတ်သက်ပြီး အဆိုပါ ဖိုရမ် စီစဉ်သူလည်း ဖြစ်သည့် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

အစိုးရက လက်ရှိ ရေးဆွဲထားသော ဥပဒေကြမ်းသည် တိုင်းရင်းသား လူမျိုးများအတွက် အမှန်တကယ် အကာအကွယ် ပေးနိုင်မည် မဟုတ်သောကြောင့် အသစ် ပြန်ရေးဆွဲသင့်ကြောင်း တိုင်းရင်းသားဖိုရမ် ထုတ်ပြန်ချက်တွင် ပါရှိသည်။

“တိုင်းရင်းသားတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေကို တိုင်းရင်းသားတွေက တရားမျှတလိမ့်မယ်လို့ မယုံကြည်ကြ ဘူး။ ဥပဒေက အတည် မပြုရသေးပါဘူး။ မူကြမ်းပဲ ရှိပါသေးတယ်။ ဒါကြောင့် ပြန်လည် ရေးဆွဲသင့်တယ်လို့ တိုက်တွန်းတာပါ” ဟု ဒေါ်နော်အိအိမင်းက ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းကို ကုလသမဂ္ဂ၏ ဒေသခံဌာနေ တိုင်းရင်းသား လူမျိုးများ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းကို အခြေခံပြီး ဒေသခံဌာနေ တိုင်းရင်းသားများနှင့် ပညာရှင်များ ပါဝင်သော အဖွဲ့ (သို့မဟုတ်) ကော်မတီဖြင့် ပြန်လည် ရေးဆွဲရန် အလေးအနက် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ဥပဒေကြမ်းမှာ ပြည်သူ့လွှတ်တော်တွင် တင်သွင်း ဆွေးနွေးဆဲ ဖြစ်သောကြောင့် ယင်းကဲ့သို့ ပြန်လည် ရေးဆွဲရန် တောင်းဆိုမရကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးစောလှထွန်းက ပြောကြား သည်။

“အခြေခံဥပဒေမှာ ပါတဲ့အတိုင်း တိုင်းရင်းသားတွေရဲ့ ခံစားခွင့်တွေကို အကာအကွယ် ပေးလို့ရအောင် ဒီဥပဒေကြမ်းကို ရေးဆွဲထားတာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေကြမ်း ကို ပြန်လည် ရေးဆွဲရန် တောင်းဆိုချက်အပြင်၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးနှင့် သက်ဆိုင် သည့် စာပေ၊ ဘာသာစကား၊ သမိုင်း အမွေအနှစ်များ၊ အနုပညာ၊ ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့် ဘာသာများကို ဒေသခံဌာနေ တိုင်းရင်းသားများကို ကိုယ်တိုင် စီမံခန့်ခွဲရန် တောင်းဆိုကြောင်းလည်း ပါရှိသည်။

ထို့အပြင် ကုလသမဂ္ဂ၏ ဌာနေ တိုင်းရင်းသား လူမျိုးများ၊ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း (UNDRIP) ပါ ပြဋ္ဌာန်းချက် များကို နိုင်ငံတော် အစိုးရက အသိအမှတ်ပြု လက်မှတ် ရေးထိုးပြီး ဖြစ်သည်နှင့်အညီ လေးစား လိုက်နာကာ ဆောင်ရွက် ကျင့်သုံးပေးရန် လိုအပ်ကြောင်း တိုင်းရင်းသားဖိုရမ် ထုတ်ပြန်ချက်မှ သိရသည်။

အဆိုပါ တိုင်းရင်းသားဖိုရမ်၏ ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံတွင် မတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ သုံးရက်တိုင် ပြုလုပ်မည့် အာဆီယံ ပြည်သူ့ဖိုရမ်တွင် အဖွဲ့ဝင်နိုင်ငံများမှ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆွေးနွေးမည်ဖြစ်ကြောင်း တိုင်းရင်းသားဖိုရမ် ကျင်းပရေး အဖွဲ့ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment