Thursday 20 March 2014

မလေးရှား ဘိုးအင်း ၇၃၇-၈၀၀ လေယာဉ်မှ ခရီးသည်တစ်ဦး အရေးပေါ်ဆေး ကုသမှု လိုအပ်၍ ရန်ကုန်လေဆိပ်သို့ ခေတ္တဆင်းသက်

မတ် ၁၈ ရက်က မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စီး မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ပျံသန်းစဉ် ခရီးသည်တစ်ဦး အရေးပေါ်ဆေးကုသမှု လိုအပ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ် သို့ ခေတ္တဆင်းသက်ခဲ့ရသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ ဒါကာမြို့သို့ ထွက်ခွာလာသော မလေးရှားလေကြောင်းလိုင်း၏ ခရီးသည်တင်လေယာဉ် ဘိုးအင်း ၇၃၇-၈၀၀ လေယာဉ်သည် မတ် ၁၈ ရက်က မြန်မာနိုင်ငံ ဝေဟင်ပိုင်နက်အတွင်း ပျံသန်းစဉ် ည ၉ နာရီ ၅၃ မိနစ်အချိန်တွင် လေယာဉ်ပေါ်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ခရီးသည်တစ်ဦး အရေးပေါ် ဆေးကုသမှုလိုအပ်၍ လေကြောင်းထိန်း မျှော်စင်သို့ အကြောင်းကြားပြီး ရန်ကုန်လေဆိပ်၌ ဆင်းသက်ရန် တောင်းဆိုခဲ့သည်။

Eleven Media Group

No comments:

Post a Comment