Thursday 20 March 2014

တရုတ်တွင် တိဘက်အိမ်မွေးခွေး တစ်ကောင်အား ဒေါ်လာနှစ်သန်းနီးပါးဖြင့် ရောင်းချ

Photo: တရုတ်တွင် တိဘက်အိမ်မွေးခွေး တစ်ကောင်အား ဒေါ်လာနှစ်သန်းနီးပါးဖြင့် ရောင်းချ
Thursday, March 20, 2014

တရုတ်တွင် တိဘက်အိမ်စောင့်ခွေးကြီး တစ်ကောင်ကို ဒေါ်လာနှစ်သန်းနီးပါးဖြင့် ရောင်းချခဲ့သည်ဟု သတင်းစာတစ်စောင်က မတ် ၁၉ ရက်တွင် ဖော်ပြခဲ့ရာ ဈေးအကြီးဆုံး ခွေးရောင်းချမှု ဖြစ်လာနိုင်သည်။

နိုင်ငံအရှေ့ပိုင်းရှိ ကျီကျန်းပြည်နယ်တွင် မတ် ၁၈ ရက်၌ ဇိမ်ခံအိမ်မွေးတိရစ္ဆာန်ပြပွဲတွင် အိမ်ခြံမြေလုပ်ငန်းရှင် တစ်ဦးက တစ်နှစ်သားအရွယ်ရှိ ရွှေရောင်အမွေးရှိသော အိမ်စောင့်ခွေးကြီးကို ယွမ် ၁၂ သန်း (ဒေါ်လာ ၁ ဒသမ ၉ သန်း) ပေးကာ ၀ယ်ယူခဲ့သည်ဟု Qianjiang Evening News က ဖော်ပြခဲ့သည်။ “အဲဒီကောင်တွေမှာ ခြင်္သေ့သွေးပါတယ်။ မျိုးကောင်းစပ်ထားတဲ့ ခြံစောင့်ခွေးတွေပါ” ဟု ခွေးသားဖောက်သူ ကျန်းဂျင်ယန်၏ ပြောကြားချက်ကို ယင်းသတင်းစာက ကိုးကားဖော်ပြခဲ့သည်။ အနီရောင်အမွေးရှိသည့် တိဘက်ခွေးတစ်ကောင်ကို ယွမ် ၆ သန်းဖြင့် ရောင်းချခဲ့ရကြောင်း ယင်းသတင်းစာက ဖော်ပြခဲ့သည်။

ဗဟိုအာရှနှင့် တိဘက်တို့၌ နော်မန်ဒစ်လူမျိုးများက အမဲလိုက်ရာတွင် အသုံးပြုကြသော ယင်းခွေးများသည် အရွယ်အစား ကြီးမားခြင်း၊ ရံဖန်ရံခါ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် လည်ဆံမွေးကြီးများ ရှိခြင်းတို့ကြောင့် ခြင်္သေ့နှင့် ဆင်တူသည်။ တိဘက်ခွေးကြီးများကို တရုတ်ချမ်းသာကြွယ်ဝသူများကြား တန်ဖိုးထား၊ ဂုဏ်ယူစရာ သင်္ကေတအဖြစ် သတ်မှတ်သည့်အတွက် ဈေးနှုန်းများ ခေါင်ခိုက်အောင်မြင့်မားနေခြင်း ဖြစ်သည်။ ယခုရောင်းချခဲ့သည့် ရွှေရောင်အမွေးဖြင့် ခွေးကြီးသည် ၃၁ လက်မမြင့်ပြီး အလေးချိန်ပေါင် ၂၀၀ (ကီလိုဂရမ် ၉၀ ) နီးပါးရှိကြောင်း ကျန်းကပြောကြားခဲ့သည်။ တိရိစ္ဆာန်များကို ရောင်းချရသည့်အတွက် ၀မ်းနည်းနေသည့် ကျန်းက “မျိုးမှန်တဲ့ တိဘက်အိမ်စောင့်ခွေးတွေက ကျွန်တော်တို့ တိဘက်လူမျိုးရဲ့ တန်ဖိုးထားရတဲ့ ပန်ဒါတွေလိုပါပဲ။ ဒါကြောင့် ဈေးကလည်း အလွန်မြင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်က Big Splash အမည်ရှိ အနီရောင် တိဘက်ခွေးကြီးကို ယွမ် ၁၀ သန်း(ဒေါ်လာ ၁ ဒသမ ၅ သန်း)ဖြင့်ရောင်းချခဲ့ပြီး ကမ္ဘာပေါ်တွင် ဈေးနှုန်းအမြင့်ဆုံး ခွေးရောင်းချမှုကြီးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ယခု ခွေးဝယ်ယူခဲ့သူသည် ကျင်တောင်မြို့မှ အသက် ၅၆ နှစ်အရွယ် အိမ်ခြံမြေ လုပ်ငန်းရှင်ဖြစ်ပြီး ခွေးကို ကိုယ်တိုင်သားဖောက်မည်ဟု ယူဆရကြောင်း သတင်းစာက ဖော်ပြခဲ့သည်။ အိမ်မွေးခွေးမွေးမြူရေး ၀က်ဘ်ဆိုက်တစ်ခု၏ ပိုင်ရှင်က ပြီးခဲ့သောနှစ်တွင် ပေကျင်း၌ ပွဲတစ်ပွဲတွင် တိရစ္ဆာန်တစ်ကောင်ကို ယွမ် ၂၇ သန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ဈေးမြင့်နေရခြင်းသည့် ခွေးသားဖောက်သူ အချင်းချင်းအကြား တိုင်ပင်ပြီး ဈေးနှုန်းမြင့်အောင် ညှိနှိုင်းထားခြင်းဖြစ်သည်ဟု ယင်းလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောကြားခဲ့သည်။

Eleven Media Group

မတ် ၁၈ ရက်တွင် တရုတ်အရှေ့ပိုင်း ဟန်ကျိုးမြို့၌ တိဘက်အိမ်မွေးခွေးကြီး နှစ်ကောင်နှင့် ဓာတ်ပုံရိုက်နေသော အမျိုးသားတစ်ဦး (Photo:AFP)
မတ် ၁၈ ရက်တွင် တရုတ်အရှေ့ပိုင်း ဟန်ကျိုးမြို့၌ တိဘက်အိမ်မွေးခွေးကြီး နှစ်ကောင်နှင့် ဓာတ်ပုံရိုက်နေသော အမျိုးသားတစ်ဦး (Photo:AFP)
တရုတ်တွင် တိဘက်အိမ်စောင့်ခွေးကြီး တစ်ကောင်ကို ဒေါ်လာနှစ်သန်းနီးပါးဖြင့် ရောင်းချခဲ့သည်ဟု သတင်းစာတစ်စောင်က မတ် ၁၉ ရက်တွင် ဖော်ပြခဲ့ရာ ဈေးအကြီးဆုံး ခွေးရောင်းချမှု ဖြစ်လာနိုင်သည်။

နိုင်ငံအရှေ့ပိုင်းရှိ ကျီကျန်းပြည်နယ်တွင် မတ် ၁၈ ရက်၌ ဇိမ်ခံအိမ်မွေးတိရစ္ဆာန်ပြပွဲတွင် အိမ်ခြံမြေလုပ်ငန်း ရှင် တစ်ဦးက တစ်နှစ်သားအရွယ်ရှိ ရွှေရောင်အမွေးရှိသော အိမ်စောင့်ခွေးကြီးကို ယွမ် ၁၂ သန်း (ဒေါ်လာ ၁ ဒသမ ၉ သန်း) ပေးကာ ၀ယ်ယူခဲ့သည်ဟု Qianjiang Evening News က ဖော်ပြခဲ့သည်။ “အဲဒီကောင်တွေမှာ ခြင်္သေ့သွေးပါတယ်။ မျိုးကောင်းစပ်ထားတဲ့ ခြံစောင့်ခွေးတွေပါ” ဟု ခွေးသားဖောက်သူ ကျန်းဂျင်ယန်၏ ပြောကြားချက်ကို ယင်းသတင်းစာက ကိုးကားဖော်ပြခဲ့သည်။ အနီရောင်အမွေးရှိသည့် တိဘက်ခွေးတစ်ကောင်ကို ယွမ် ၆ သန်းဖြင့် ရောင်းချခဲ့ရကြောင်း ယင်းသတင်းစာက ဖော်ပြခဲ့သည်။

ဗဟိုအာရှနှင့် တိဘက်တို့၌ နော်မန်ဒစ်လူမျိုးများက အမဲလိုက်ရာတွင် အသုံးပြုကြသော ယင်းခွေးများသည် အရွယ်အစား ကြီးမားခြင်း၊ ရံဖန်ရံခါ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် လည်ဆံမွေးကြီးများ ရှိခြင်းတို့ကြောင့် ခြင်္သေ့နှင့် ဆင်တူသည်။ တိဘက်ခွေးကြီးများကို တရုတ်ချမ်းသာကြွယ်ဝသူများကြား တန်ဖိုးထား၊ ဂုဏ်ယူစရာ သင်္ကေတအဖြစ် သတ်မှတ်သည့်အတွက် ဈေးနှုန်းများ ခေါင်ခိုက်အောင်မြင့်မားနေခြင်း ဖြစ်သည်။ ယခုရောင်းချခဲ့သည့် ရွှေရောင်အမွေးဖြင့် ခွေးကြီးသည် ၃၁ လက်မမြင့်ပြီး အလေးချိန်ပေါင် ၂၀၀ (ကီလိုဂရမ် ၉၀ ) နီးပါးရှိကြောင်း ကျန်းကပြောကြားခဲ့သည်။ တိရိစ္ဆာန်များကို ရောင်းချရသည့်အတွက် ၀မ်းနည်းနေသည့် ကျန်းက “မျိုးမှန်တဲ့ တိဘက်အိမ်စောင့်ခွေးတွေက ကျွန်တော်တို့ တိဘက်လူမျိုးရဲ့ တန်ဖိုးထားရတဲ့ ပန်ဒါတွေလိုပါပဲ။ ဒါကြောင့် ဈေးကလည်း အလွန်မြင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်က Big Splash အမည်ရှိ အနီရောင် တိဘက်ခွေးကြီးကို ယွမ် ၁၀ သန်း(ဒေါ်လာ ၁ ဒသမ ၅ သန်း)ဖြင့်ရောင်းချခဲ့ပြီး ကမ္ဘာပေါ်တွင် ဈေးနှုန်းအမြင့်ဆုံး ခွေးရောင်းချမှုကြီးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ယခု ခွေးဝယ်ယူခဲ့သူသည် ကျင်တောင်မြို့မှ အသက် ၅၆ နှစ်အရွယ် အိမ်ခြံမြေ လုပ်ငန်းရှင်ဖြစ်ပြီး ခွေးကို ကိုယ်တိုင်သားဖောက်မည်ဟု ယူဆရကြောင်း သတင်းစာက ဖော်ပြခဲ့သည်။ အိမ်မွေးခွေးမွေးမြူရေး ၀က်ဘ်ဆိုက်တစ်ခု၏ ပိုင်ရှင်က ပြီးခဲ့သောနှစ်တွင် ပေကျင်း၌ ပွဲတစ်ပွဲတွင် တိရစ္ဆာန်တစ်ကောင်ကို ယွမ် ၂၇ သန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ဈေးမြင့်နေရခြင်းသည့် ခွေးသားဖောက် သူ အချင်းချင်းအကြား တိုင်ပင်ပြီး ဈေးနှုန်းမြင့်အောင် ညှိနှိုင်းထားခြင်းဖြစ်သည်ဟု ယင်းလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment