Wednesday 28 August 2013

မိုင်းဆတ် မြို့နယ်၌ မူးယစ် ဆေးဝါးများ သိမ်းဆည်း ရမိ

Photo: မိုင်းဆတ် မြို့နယ်၌ မူးယစ် ဆေးဝါးများ သိမ်းဆည်း ရမိ
Wednesday, August 28, 2013

တာချီလိတ် မြို့နယ် နယ်မြေခံ တပ်ရင်းနှင့် မူးယစ် (အထူး) အဖွဲ့ မှရဲအုပ် ကျော်သူ ဦးစီး ပူးပေါင်း အဖွဲ့သည်  သြဂုတ် ၂ဝရက် ညနေ ၅နာရီ ၄၅မိနစ်က သတင်းအရ လွယ်တော်ခမ်း ပူးပေါင်း စစ်ဆေးရေး ဂိတ်၌ စောင့်ဆိုင်းနေစဉ် တာချီလိတ်ဘက်မှ မိုင်းဆတ်ဘက်သို့ သွားမည့် ကျထော(ခ) အိုက်ထွန်း မောင်းနှင်လာသော ယာဉ်အမှတ်၊ ၄ဂ/………… (Tiger Hilux) အမျိုးအစား ခဲရောင်ယာဉ်အား ရပ်တန့် စစ်ဆေး ရှာဖွေခဲ့ရာ ဂျပ်ဖာ တစ်ဖာလျှင် အပြာရောင် ၂၅ ဘူးပါရှိပြီး အက်ဖီတမင်းဟု ယူဆရသော အဖြူရောင်အမှုန့် တစ်ထုပ်လျှင် ဝဒသမ ၅ ကီလိုဂရမ် ခန့်စီ ပါရှိသည့် ဂျပ်ဖာ လေးဖာ၊ စုစုပေါင်း ၁ဝဝထုပ်၊ ၅ဝ ကီလိုဂရမ်ခန့်၊ ကာလ တန်ဖိုး ၁ကီလိုဂရမ်လျှင် ကျပ်သိန်း ၂ဝဝ နှုန်းဖြင့် ကျပ် ၁ဝဝဝဝသိန်းခန့်နှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် မျောက်တံဆိပ်ပါ အနံ့ဆေးရည် ပုလင်းဂျပ်ဖာ တစ်ဖာလျှင် ၅ဝဝ မီလီမီတာဝင် ပုလင်း ၂ဝစီပါရှိသည့် ဂျပ်ဖာ ၂ဝဖာ၊ စုစုပေါင်း ဆေးရည် ပုလင်း ၄ဝဝပုလင်း၊ ကာလတန်ဖိုး အနံ့ဆေးရည် တစ်ပုလင်းလျှင် ၁ဝဝဝကျပ် နှုန်းဖြင့် ကျပ် ၄သိန်းခန့်အား ရှာဖွေ တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အလားတူ ပူးပေါင်းအဖွဲ့သည် ညနေ ၆နာရီတွင် ယာဉ်မောင်း အိုက်မိန်း  မောင်းနှင်လာသော ယာဉ်အမှတ်၊ ၄ဂ/………… (Tiger Hilux) အမျိုးအစား ခဲရောင်ယာဉ်အား ရပ်တန့် စစ်ဆေး ရှာဖွေခဲ့ရာ ယာဉ်နောက်ခန်း ဈေးကုန် ပစ္စည်း များအတွင်းမှ ဂျပ်ဖာ တစ်ဖာလျှင် အပြာရောင် ၂၅ဘူးပါရှိပြီး တစ်ဘူးလျှင် အဖြူ ရောင် ပလတ်စတစ် အိတ်ဖြင့် ထည့်လျက် အက်ဖီတမင်းဟုယူဆရသော အဖြူရောင်အမှုန့် တစ်ထုပ်လျှင် ဝ ဒသမ ၅ ကီလိုဂရမ်ခန့် စီပါရှိသည့် ဂျပ်ဖာ လေးဖာ၊ စုစုပေါင်း ၁ဝဝ ထုပ် ၅ဝ ကီလိုဂရမ်ခန့်၊ ကာလတန်ဖိုး ၁ ကီလိုဂရမ်လျှင် ကျပ်သိန်း ၂ဝဝနှုန်းဖြင့် ကျပ် ၁ဝဝဝဝ သိန်းခန့်အား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

မူးယစ် ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိ တရားခံ ယောင်ခကျေးရွာ၊ မိုင်းဆတ်မြို့နယ်နေ ကျထော (ခ)အိုက်ထွန်း (၄၅)နှစ်၊ (ဘ)ဦးအိုက်ဆန်းအား တာချီလိတ် ရဲစခန်းမှ မယ(ပ) ၁ဝ၁/ ၂ဝ၁၃၊ မူး/စိတ် ပုဒ်မ၁၅/၁၉ (က)အရ လည်းကောင်း၊ အိုက်မိန်း(၃၃)နှစ်၊ (ဘ) ဦးအိုက်ကပ်အား တာချီလိတ် ရဲစခန်းမှ  မယ(ပ) ၁ဝ၂/ ၂ဝ၁၃၊ မူး/ စိတ် ပုဒ်မ ၁၅/ ၁၉(က)အရ လည်းကောင်း အမှုဖွင့် အရေးယူထားပြီး စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ
တာချီလိတ် မြို့နယ် နယ်မြေခံတပ်ရင်းနှင့် မူးယစ်(အထူး)အဖွဲ့ မှရဲအုပ် ကျော်သူ ဦးစီးပူးပေါင်းအဖွဲ့သည် 
သြဂုတ် ၂ဝရက် ညနေ ၅နာရီ ၄၅မိနစ်က သတင်းအရ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ စောင့်ဆိုင်းနေစဉ် တာချီလိတ်ဘက်မှ မိုင်းဆတ်ဘက်သို့ သွားမည့် ကျထော(ခ) အိုက်ထွန်း မောင်းနှင် လာသော ယာဉ်အမှတ်၊ ၄ဂ/………… (Tiger Hilux) အမျိုးအစား ခဲရောင်ယာဉ်အား ရပ်တန့် စစ်ဆေး ရှာဖွေခဲ့ရာ ဂျပ်ဖာ တစ်ဖာလျှင် အပြာရောင် ၂၅ ဘူးပါရှိပြီး အက်ဖီတမင်းဟု ယူဆရသော အဖြူရောင်အမှုန့် တစ်ထုပ်လျှင် ဝဒသမ ၅ ကီလိုဂရမ် ခန့်စီ ပါရှိသည့် ဂျပ်ဖာ လေးဖာ၊ စုစုပေါင်း ၁ဝဝထုပ်၊ ၅ဝ ကီလိုဂရမ်ခန့်၊ ကာလ တန်ဖိုး ၁ကီလိုဂရမ်လျှင် ကျပ်သိန်း ၂ဝဝ နှုန်းဖြင့် ကျပ် ၁ဝဝဝဝသိန်းခန့်နှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် မျောက်တံဆိပ်ပါ အနံ့ဆေးရည် ပုလင်းဂျပ်ဖာ တစ်ဖာလျှင် ၅ဝဝ မီလီမီတာဝင် ပုလင်း ၂ဝစီပါရှိသည့် ဂျပ်ဖာ ၂ဝဖာ၊ စုစုပေါင်း ဆေးရည် ပုလင်း ၄ဝဝပုလင်း၊ ကာလတန်ဖိုး အနံ့ဆေးရည် တစ်ပုလင်းလျှင် ၁ဝဝဝကျပ် နှုန်းဖြင့် ကျပ် ၄သိန်းခန့်အား ရှာဖွေ တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အလားတူ ပူးပေါင်းအဖွဲ့သည် ညနေ ၆နာရီတွင် ယာဉ်မောင်း အိုက်မိန်း  မောင်းနှင်လာသော ယာဉ် အမှတ်၊ ၄ဂ/………… (Tiger Hilux) အမျိုးအစား ခဲရောင်ယာဉ်အား ရပ်တန့် စစ်ဆေး ရှာဖွေခဲ့ရာ ယာဉ်နောက်ခန်း ဈေးကုန်ပစ္စည်းများအတွင်းမှ ဂျပ်ဖာတစ်ဖာလျှင် အပြာရောင် ၂၅ဘူးပါရှိပြီး တစ်ဘူးလျှင် အဖြူ ရောင် ပလတ်စတစ် အိတ်ဖြင့် ထည့်လျက် အက်ဖီတမင်းဟုယူဆရသော အဖြူရောင်အမှုန့် တစ်ထုပ်လျှင် ဝ ဒသမ ၅ ကီလိုဂရမ်ခန့် စီပါရှိသည့် ဂျပ်ဖာ လေးဖာ၊ စုစုပေါင်း ၁ဝဝ ထုပ် ၅ဝ ကီလိုဂရမ် ခန့်၊ ကာလတန်ဖိုး ၁ ကီလိုဂရမ်လျှင် ကျပ်သိန်း ၂ဝဝနှုန်းဖြင့် ကျပ် ၁ဝဝဝဝ သိန်းခန့်အား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

မူးယစ် ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိ တရားခံ ယောင်ခကျေးရွာ၊ မိုင်းဆတ်မြို့နယ်နေ ကျထော (ခ) အိုက်ထွန်း (၄၅)နှစ်၊ (ဘ)ဦးအိုက်ဆန်းအား တာချီလိတ် ရဲစခန်းမှ မယ(ပ) ၁ဝ၁/ ၂ဝ၁၃၊ မူး/စိတ် ပုဒ်မ၁၅/ ၁၉ (က)အရ လည်းကောင်း၊ အိုက်မိန်း(၃၃)နှစ်၊ (ဘ) ဦးအိုက်ကပ်အား တာချီလိတ် ရဲစခန်းမှ  မယ(ပ) ၁ဝ၂/ ၂ဝ၁၃၊ မူး/ စိတ် ပုဒ်မ ၁၅/ ၁၉(က)အရ လည်းကောင်း အမှုဖွင့်အရေးယူထားပြီး စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment