Tuesday 27 August 2013

ရန်ကုန်တွင် တိုက်ခန်း၊ ကွန်ဒိုဆောက်ရန် မြေကွက် ဝယ်ယူမှုသာရှိဟုဆို

Photo: ရန်ကုန်တွင် တိုက်ခန်း၊ ကွန်ဒိုဆောက်ရန် မြေကွက် ဝယ်ယူမှုသာရှိဟုဆို
Tuesday, August 27, 2013

ရန်ကုန်မြို့တွင်းမြို့နယ်များတွင် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အမြင့်ဆုံး
 နှုန်းထားသို့ ရောက်ရှိနေသောကြောင့် အရောင်းအဝယ် ပုံမှန်အတိုင်း
သာရှိပြီး တိုက်ခန်းနှင့် ကွန်ဒိုများ ဆောက်လုပ်ရန် မြေကွက် ဝယ်ယူမှု
များသာ ရှိကြောင်း ရန်ကုန်မြို့အတွင်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းများထံမှ သိရသည်။

ကွန်ဒိုနှင့် တိုက်ခန်းများ ဆောက်လုပ်ရန် မြေကွက်အကျယ်များ ဝယ်ယူရာ မြို့တွင်းမြို့နယ်များတွင် မြေကွက် ရှားပါးသောကြောင့် လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် ဝယ်ယူမှုများကြောင်း
 ပြည်ကြီးတံခွန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးနေဇော်အောင်က ပြောကြားသည်။

“ကွန်ဒို၊ တိုက်ခန်း ဆောက်ဖို့ဆိုတော့ အနည်းဆုံးပေ ၆၀ ပတ်လည် အကျယ်ရှိတဲ့ မြေကွက်တွေ ဝယ်ကြတယ်။ မြေကွက်ရှိတဲ့ လှိုင်တို့၊ သင်္ဃန်းကျွန်းတို့မှာတော့ အရောင်းအဝယ် နည်းနည်း ကောင်းတယ်” ဟု ၎င်းကဆိုသည်။

လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်တို့တွင် မြေဈေး ပုံမှန်အတိုင်းသာရှိပြီး တစ်စတုရန်းပေလျှင် ကျပ်တစ်သိန်းခွဲ ရှိကြောင်း ၎င်းကပြောဆိုသည်။

“အခွန်နှုန်းထားက မပြောင်းတော့ အမှန်တကယ် လုပ်ငန်းလုပ်မယ့်သူတွေ ဝယ်ကြတာ။ ဝယ်ရောင်းသမားတွေကလည်း မြို့သစ်တွေမှာပဲဝယ်တော့ ရန်ကုန်မြို့ရဲ့ အရောင်းအဝယ်က အေးတာ” ဟု အာရှမြေ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့၏ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများသည် အာရှနိုင်ငံများတွင် အမြင့်ဆုံး အနေအထားသို့ ရောက်ရှိနေသော်လည်း အရောင်းအဝယ် အေးလျက်ရှိပြီး လုပ်ငန်းလုပ်ကိုင်မည့်သူများက မြေကွက် ဝယ်ယူခြင်းနှင့် ရုံးခန်းနှင့်ဆိုင်ခန်း ဖွင့်မည့်သူများက တိုက်ခန်းငှားခြင်း အနည်းငယ်သာ ရှိကြောင်း ရန်ကုန်မြို့အတွင်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

The Voice Weekly
ရန်ကုန်မြို့တွင်းမြို့နယ်များတွင် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အမြင့်ဆုံး နှုန်းထားသို့ ရောက် ရှိနေသော   ကြောင့် အရောင်း အဝယ် ပုံမှန်အတိုင်းသာရှိပြီး တိုက်ခန်းနှင့် ကွန်ဒိုများ ဆောက်လုပ်ရန် မြေကွက် ဝယ်ယူမှုများသာ ရှိကြောင်း ရန်ကုန်မြို့အတွင်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းများ ထံမှ သိရသည်။
ကွန်ဒိုနှင့် တိုက်ခန်းများ ဆောက်လုပ်ရန် မြေကွက်အကျယ်များ ဝယ်ယူရာ မြို့တွင်းမြို့နယ်များ တွင် မြေကွက် ရှားပါးသောကြောင့် လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် ဝယ်ယူမှု များကြောင်း ပြည်ကြီးတံခွန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးနေဇော်အောင် က ပြောကြားသည်။

“ကွန်ဒို၊ တိုက်ခန်း ဆောက်ဖို့ဆိုတော့ အနည်းဆုံးပေ ၆၀ ပတ်လည် အကျယ်ရှိတဲ့ မြေကွက်တွေ ဝယ်ကြ တယ်။ မြေကွက်ရှိတဲ့ လှိုင်တို့၊ သင်္ဃန်းကျွန်းတို့မှာတော့ အရောင်းအဝယ် နည်းနည်း ကောင်းတယ်” ဟု ၎င်းကဆိုသည်။

လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်တို့တွင် မြေဈေး ပုံမှန်အတိုင်းသာရှိပြီး တစ်စတုရန်းပေလျှင် ကျပ်တစ်သိန်းခွဲ ရှိကြောင်း ၎င်းကပြောဆိုသည်။

“အခွန်နှုန်းထားက မပြောင်းတော့ အမှန်တကယ် လုပ်ငန်းလုပ်မယ့်သူတွေ ဝယ်ကြတာ။ ဝယ်ရောင်း သမားတွေ ကလည်း မြို့သစ်တွေမှာပဲဝယ်တော့ ရန်ကုန်မြို့ရဲ့ အရောင်းအဝယ်က အေးတာ” ဟု အာရှမြေ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့၏ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများသည် အာရှနိုင်ငံများတွင် အမြင့်ဆုံး အနေအထား သို့ ရောက် ရှိနေသော်လည်း အရောင်းအဝယ် အေးလျက်ရှိပြီး လုပ်ငန်းလုပ်ကိုင်မည့်သူများက မြေကွက် ဝယ်ယူခြင်းနှင့် ရုံးခန်းနှင့်ဆိုင်ခန်း ဖွင့်မည့်သူများက တိုက်ခန်းငှားခြင်း အနည်းငယ်သာ ရှိကြောင်း ရန်ကုန်မြို့ အတွင်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment