Wednesday 28 August 2013

နေပြည်တော်ရှိ အနှေးယာဉ်လုပ် သားများအား မိုဘိုင်းလ်ဖုန်း ဆင်းကတ်များ မဲစနစ်ဖြင့် ရောင်းချပေး

နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ်များမှ ပြည်သူများ၊ ဝန်ထမ်းများ၊ ဈေးသည်များ အား နေပြည်တော် ကောင်စီ၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးနည်းငွေကျပ် ၁၅ဝဝ တန်မိုဘိုင်းလ်ဖုန်း GSM,
CDMA ဆင်းကတ်များကို လစဉ်မဲစနစ်ဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့ကလည်း အခြေခံ လူတန်းစားများဖြစ်သော အနှေးယာဉ် (ဆိုက်ကား၊ မြင်းလှည်း) လုပ်သားများအား မဲစနစ်ဖြင့် ရောင်းချပေး လျက် ရှိသည်။

နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာရပ်ကွက် မီးသတ် တပ်ဖွဲ့စခန်းခွဲတွင် ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ မြို့နယ် အတွင်းရှိ အနှေးယာဉ် (ဆိုက်ကား၊ မြင်းလှည်း) လုပ်သား ၂ဝ၄၉ ဦးအား GSM ဆင်းကတ် ၁၅ ကတ်၊ CDMA ဆင်းကတ် ၈ဝ စုစုပေါင်း ၉၅ ကတ်ကို မဲစနစ်ဖြင့်  ရောင်း ချ ပေးခဲ့ရာ နေပြည်တော် ကောင် စီ ဝင် ဦးမျိုးညွန့် တက်ရောက် ကြည့်ရှုအားပေးသည်။

အဆိုပါ အခမ်းအနားသို့ ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထန်းမော်၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီ အုပ်ချုပ်ရေးမှူး ဦးဥက္ကာနှင့် တာဝန်ရှိသူများ၊ အနှေးယာဉ် လုပ်သားများ တက်ရောက် ကြ သည်။

အဆိုပါ အနှေးယာဉ် လုပ်သားများအား ဖုန်းဆင်းကတ် ရောင်းချခြင်းကို လယ်ဝေးမြို့နယ်နှင့် တပ်ကုန်းမြို့နယ် များတွင်လည်း GSM ဆင်းကတ် ၁ဝ ကတ်၊ CDMA ဆင်းကတ် ၅ဝ တို့ကို သက်ဆိုင်ရာ မြို့နယ် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ယူ၍ မဲစနစ်ဖြင့် ရောင်းချ ပေးခဲ့သည်။

ယခုကဲ့သို့ မိုဘိုင်းလ်ဖုန်း ဆင်းကတ်များ မဲစနစ်ဖြင့် ရောင်းချပေးရာတွင် ဆင်းကတ် မဲပေါက်ခဲ့သူ ပျဉ်းမနားမြို့ သပြေတန်းကျေးရွာမှ မြင်း လှည်းမောင်း သူ တစ်ဦးက ပြောကြားရာတွင် ''နိုင်ငံတော် အစိုးရက အခုလို ကျွန်တော် တို့ မရှိနွမ်းပါး အနှေးယာဉ် လုပ်သားတွေ အပေါ် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း ဆင်းကတ်တွေ ရောင်းချပေးတာကြောင့် ရပ်ဝေးမှာရှိတဲ့ ဆွေမျိုးသားချင်းတွေ နဲ့ လွယ်လင့်တကူ ဆက်သွယ်နိုင်တဲ့ အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကျေးဇူး တင်ကြောင်း ပြောချင်ပါတယ်။ မဲပေါက်တဲ့ တချို့သူတွေ ကတော့ အရင်းအနှီးအတွက် ရောင်းချင်ရောင်းမှာပေါ့။ ကျွန်တော်ကတော့ ကံထူးလို့ ရတာဆိုတော့ မရောင်းပါဘူး။

ဆင်းကတ်ဝယ်တဲ့ ပွဲစားတွေလည်း လာကြတယ်။ GSM တစ်ကတ် ကို ငွေကျပ် ၁ သိန်း ၂ သောင်းနဲ့ CDMA တစ်ကတ်ကို ငွေကျပ် ၆ သောင်း ဝန်းကျင်ပေးဝယ်တယ်'' ဟု ပြောကြား ခဲ့သည်။

မြ၀တီ

No comments:

Post a Comment