Tuesday 27 August 2013

တရားမဝင် သယ်ဆောင်လာသော ကျွဲထီး၂၄ ကောင် ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း ဒေသကြီး ကျွန်းလှမြို့နယ်၌ တရားမဝင် သယ်ဆောင်လာသည့်   ကျွဲထီး ၂၄ ကောင်ကို ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်က  ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျွန်းလှမြို့နယ် ရွာကုန်းကြီး ရဲစခန်းမှ ဒုတိယ ရဲအုပ်နှင့် အဖွဲ့သည် သတင်းအရ ကျွန်းလှမြို့နယ် တယ်ပင်ဆိပ် ကျေးရွာအနီး မူးမြစ်ကမ်းဘေး၌ စောင့်ဆိုင်းနေစဉ် ကောလင်းမြို့နယ် အင်တိုင်းပုံ ကျေးရွာမှ အောင်နိုင်(ခ) တင်လှ ၃၂ နှစ် (ဘ) ဦးကပ်ကျော်ပါလေးဦးအား တရားမဝင် သယ်ဆောင်လာသည့် ကျွဲထီး  ၂၄ ကောင်၊ ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၄ဝဝဝဝဝ နှင့် အတူ  ဖမ်းဆီး ရမိခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ အောင်နိုင်(ခ) တင်လှပါ လေးဦးအား ကျွန်းလှမြို့ ရဲစခန်းမှ (ပ)အမှတ် ၁၇၉/၂ဝ၁၃၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု  ဥပဒေပုဒ်မ ၅ အရ အမှုဖွင့် အရေးယူ ထားကြောင်း  သိရသည်။

မြ၀တီ

No comments:

Post a Comment