Tuesday 27 August 2013

အစ္စရေး အစိုးရအဖွဲ့က အမျိုးသား လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌသစ် ခန့်အပ်

အစ္စရေး အစိုးရအဖွဲ့က အမျိုးသား လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌသစ် ခန့်အပ်
အစ္စရေး အစိုးရအဖွဲ့သည် မော့ဆက် ထောက်လှမ်းရေးအဖွဲ့၏ ဒုတိယ ညွှန်ကြား ရေးမှူးဟောင်း တစ်ဦးဖြစ်သူYossi Cohen ကို အမျိုးသား လုံခြုံရေးကောင်စီ (NSC) ၏ ဥက္ကဋ္ဌ အဖြစ် သြဂုတ် ၂၆ ရက်က အတည်ပြု ခန့်အပ်လိုက်ကြောင်း သတင်းထုတ်ပြန် ခဲ့သည်။
အသက် ၅၂ နှစ်ရှိ Cohen ကို ဂျေရုဆလင်မြို့တွင် မွေးဖွားခဲ့ပြီး ၎င်းသည် အစ္စရေး မော့ဆက် ထောက် လှမ်းရေး အဖွဲ့တွင် စစ်ဆင်ရေး တာဝန်အမျိုးမျိုးနှင့် အုပ်ချုပ်ရေး ရာထူး တာဝန်များကို နှစ် ၃ဝ ခန့် ထူးချွန်စွာ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

Cohen အနေဖြင့် လက်ရှိအမျိုးသား လုံခြုံရေး ကောင်စီ အကြီးအကဲအဖြစ် နှစ်နှစ်ခွဲကြာ  တာဝန် ထမ်းဆောင် ခဲ့သည့် Ya' akov Amidrov ထံမှတာဝန် လွှဲပြောင်း  ထမ်းဆောင် သွားရမည် ဖြစ်ကြောင်း သိရသည်။ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက ယခင်မော့ဆက် အဖွဲ့ဝင်ဟောင်း ဖြစ်သူ Cohen သည် နိုင်ငံတကာ အရေးကိစ္စနှင့် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များ ကို ကောင်းစွာသိရှိပြီး ဖြစ်သောကြောင့် NSC ဥက္ကဋ္ဌရာထူး နေရာတွင်   တာဝန် ထမ်းဆောင်ရန် ရွေးချယ် လိုက်ခြင်း ဖြစ်သည် ဟု  ပြောကြား ခဲ့ကြောင်း သိရသည်။

 မြ၀တီ

No comments:

Post a Comment