Tuesday 27 August 2013

နည်းပညာဆိုင်ရာ စိတ်ဝင်စားသူများ အတွက် တတိယ အကြိမ်မြောက် Developer Conference ကျင်းပမည်

မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များ အသင်း (MCAP) မှ ကြီးမှူး၍ နည်းပညာကို စိတ်ဝင် စားကာ တက်ရောက်ကြ သူများအတွက် တတိယ အကြိမ်မြောက် Developer Conference ကို နိုဝင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင်  ရန်ကုန်မြို့၌  ကျင်းပမည် ဖြစ်ကြောင်း  မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းမှ သိရသည်။
အဆိုပါ Developer Conference ကို ခေါင်းစဉ်ရှစ်ခုဖြင့် ဆွေးနွေး မည် ဖြစ်ကာ Mobile  Application၊ Web Application၊ Game Application၊ Software Application၊ Software ရေး ဆွဲခြင်း၊ စီမံခန့်ခွဲမှုနှင့် အခြား Software နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို တင်ပြ ဆွေးနွေးမည် ဖြစ်သည်။

Developer Conference 2013 Yangon ကို ကွန်ပျူတာ ပညာရှင်များ အကြား အိုင်တီ အသိပညာ ဗဟုသုတ ဖွံ့ဖြိုး တိုးတက်စေရန်နှင့် အသိပညာ များ ဖလှယ်ရန်၊ အိုင်တီ အသုံးချ Software ကောင်းများ တီထွင်ဖန်တီး ရေးသားနိုင်သည့် Developer များ ထွက်ပေါ်လာ စေရန်နှင့် ICT Developer ဖြစ်လိုသူများ အတွက် နည်းလမ်းကောင်းများ ချမှတ်နိုင်ရန်   ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပြီး Developer Conference 2013-Yangon တွင် စာတမ်း ရေးသားဖတ်ကြားလိုသူများ အနေဖြင့် မိမိတို့စာတမ်းခေါင်းစဉ်နှင့် အကျဉ်းချုပ်ကို စက်တင်ဘာ ၂၈ ရက် နောက်ဆုံး ထား၍ ပေးပို့ ရမည် ဖြစ်ကြောင်း သိရသည်။

  Developer Conference နှင့် ပတ်သက်သော အချက်အလက်များနှင့် Proposal Form များကို  devcon myanmar.org,mcpamyanmar.org/download/ ဝက်ဘ်ဆိုက်များတွင်ရယူနိုင်ပြီး အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ဖုန်း-ဝ၁-၆၅၂၂၇၆၊ ဝ၉-၇၃ဝ၈၈၃ဝဝ တို့သို့ ဆက် သွယ် စုံစမ်း နိုင်ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment