Wednesday 28 August 2013

ဝန်ကြီးဌာနမှ လွှမ်းမိုးချုပ်ကိုင်နိုင်သော ပုဒ်မများ ပါဝင်နေသည်ဟု ဝေဖန်ခံ ထားရသော ဆက်သွယ်ရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြု

Photo: ၀န်ကြီးဌာနမှ လွှမ်းမိုးချုပ်ကိုင်နိုင်သော ပုဒ်မများ ပါဝင်နေသည်ဟု ဝေဖန်ခံ ထားရသော ဆက်သွယ်ရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြု 
Wednesday, August 28, 2013

ဝန်ကြီးဌာနမှ လွှမ်းမိုးချုပ်ကိုင်နိုင်သော ပုဒ်မများ ပါဝင်နေသည့် ဆက်သွယ်ရေး ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်အကြား သဘောထား ကွဲလွဲချက်များအား သြဂုတ် ၂၇ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်၍ အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

အဆိုပါ ဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရအဖွဲ့က တင်သွင်းခဲ့ခြင်းဖြစ်ပြီး အမျိုးသားလွှတ်တော်၌ ဇူလိုင် ၂ ရက်တွင် ဆွေးနွေးကာ ပြင်ဆင် ချက်များဖြင့် ဇူလိုင် ၃ ရက်တွင် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပြီး သြဂုတ် ၇ ရက်တွင် ပြည်သူ့လွှတ်တော်၌ လက်ခံဆွေးနွေး ခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်များ အတည်ပြုခဲ့ပြီး သြဂုတ် ၉ ရက်တွင် အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ရာ သဘောထား ကွဲလွဲချက်များ ရှိသဖြင့် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြဆုံးဖြတ်ရန် အမျိုးသားလွှတ်တော်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ သဘောထား ကွဲလွဲချက်များအား ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ပုဒ်မ (၈) ပုဒ်မခွဲ(က) "ပုဒ်မ ၇ အရ တင်ပြချက်ကို ရရှိသည့်အခါ ပြည်တွင်းမှ လျှောက်ထားချက်ဖြစ်ပါက သတ်မှတ်ချက် များနှင့်အညီ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက် ရယူရန် လိုအပ်သော လုပ်ငန်းအတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘော တူညီချက် ရယူ၍သော် လည်းကောင်း၊ ထိုသို့ သဘောတူညီချက် ရယူရန် မလိုအပ်သော လုပ်ငန်းအတွက် ၀န်ကြီးဌာန၏ အဆုံးအဖြတ်ဖြင့်သော် လည်းကောင်း၊ ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း တည်ထောင် လုပ်ကိုင်ရန် ခွင့်ပြုနိုင်သည်" ဟု လည်းကောင်း၊ ပုဒ်မ (၉) "ဦးစီးဌာနသည် ပုဒ်မ (၈) ပုဒ်မခွဲ (ဂ)အရ ၀န်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း တည်ထောင်လုပ်ကိုင်ခွင့် ရရှိသည့် ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်၊ ဌာနနှင့် အဖွဲ့အစည်းများအား သက်ဆိုင်ရာ လုပ်ငန်းအလိုက် စည်းကမ်းချက်များ သတ်မှတ်၍ လုပ်ငန်းလိုင်စင်ကို ထုတ်ပေးရမည်" ဟု ပြည်သူ့လွှတ်တော် ၏ ပြဋ္ဌာန်းချက်အတိုင်း အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

ထို့အပြင် ပြည်သူ့လွှတ်တော်၏ ပြင်ဆင်အတည်ပြုချက်ဖြစ်သော ပုဒ်မ (၁၇) "လုပ်ငန်းလိုင်စင် ရရှိသူသည် မိမိ၏ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းမှ တစ်ဆင့် ထုတ်လွှင့်သော သို့မဟုတ် ဖမ်းယူသော သတင်းအချက် အလက် များ၊ အကြောင်းအရာများနှင့် သုံးစွဲသူ ပြည်သူတစ်ဦးချင်းစီ၏ လျှို့ဝှက်ထား ရှိရမည့် သတင်းအချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်း ထားရှိပြီး တည်ဆဲဥပဒေများနှင့်အညီ ခွင့်ပြုထားသည့် ကိစ္စမှအပ သက်ဆိုင်ခြင်း မရှိသူအား ထုတ်ဖော်အသိပေးခြင်း မပြုရ" ကိုလည်း မဲခွဲဆုံးဖြတ် ရာ ပြည်သူ့လွှတ်တော်၏ ပြဋ္ဌာန်းချက်အတိုင်းပင် အတည်ပြုခဲ့သည်။

ပုဒ်မ (၃) ပုဒ်မခွဲ (က) အား အမျိုးသားလွှတ်တော် ပြင်ဆင်ချက် "ဆက်သွယ်ရေး အလင်းတန်း (Telecommunication) ဆိုသည်မှာ သတင်းအချက်အလက် တစ်ရပ်ရပ်ကို ၀ါယာကြိုး၊ ဖိုက်ဘာကြိုး သို့မဟုတ် အခြားသော လျှပ်ကူးကြိုး တစ်ခုခုကို အသုံးပု၍သော် လည်းကောင်း၊ ရေဒီ ယို လှိုင်း၊ အလင်းတန်း၊ အခြားသော လျှပ်စစ်သံလိုက် ဓာတ်ထုတ်လွှင့်သည့် နည်းလမ်းတစ်ရပ်ရပ်ကို အသုံးပြု၍သော် လည်းကောင်း မူရင်းအတိုင်းဖြစ်စေ ပြုပြင်၍ဖြစ်စေ ထုတ်လွှင့်ခြင်း သို့မဟုတ် ဖမ်းယူခြင်းကို ဆိုလိုသည်" ဟု ပြဋ္ဌာန်းချက်အား အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့အကြား ကွဲလွဲချက်များထဲမှ သဘောကွဲလွဲသည့် ပုဒ်မ ၁၅ (ဂ)၊ ပုဒ်မ (၇၂)၊ ပုဒ်မ (၈၆) တို့ အား ပြည်ထောင် စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော် မတီ၏ ပြင်ဆင် ချက်အတိုင်း အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

ထို့အတူ အမျိုးသားလွှတ်တော်၏ ပုဒ်မ (၁၃) တွင် ပုဒ်မခွဲ (ဂ) အဖြစ် ဖြည့် စွက်ပြဋ္ဌာန်းချက်ဖြစ်သော "တစ်ကိုယ်ရေသုံး ဆက်သွယ်ရေး၊ ပစ္စည်းများ အသုံးပြုသူဘက်ရှိ ကွန်ရက်နယ်နိမိတ်သုံး ပစ္စည်းများအား လက်ဝယ် ထားရှိခြင်းနှင့် အသုံးပြုခြင်း" အချက်အား ပြည်သူ့လွှတ်တော်မှ ပယ်ဖျက် ရန် ပြင်ဆင်ခဲ့သဖြင့် သဘောထားကွဲလွဲမှု ဖြစ်ပေါ်ခဲ့ရာ ပြည်ထောင် စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း ပယ်ဖျက်ခဲ့သည်။

Eleven Media Group
ဆက်သွယ်ရေး ဥပဒေကြမ်းနှင့် ပတ်သက်သည့် ပြင်ဆင်ချက် များ ကို ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရွှေက လွှတ်တော်သို့ တင်သွင်းစဉ်
ဆက်သွယ်ရေး ဥပဒေကြမ်းနှင့် ပတ်သက်သည့် ပြင်ဆင်ချက်များကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရွှေက လွှတ်တော်သို့ တင်သွင်းစဉ်
ဝန်ကြီးဌာနမှ လွှမ်းမိုးချုပ်ကိုင်နိုင်သော ပုဒ်မများ ပါဝင်နေသည့် ဆက်သွယ်ရေး ဥပဒေကြမ်းနှင့် ပတ် သက်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်အကြား သဘောထား ကွဲလွဲချက်များအား သြဂုတ် ၂၇ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်၍ အတည်ပြု ပြဋ္ဌာန်းခဲ့သည်။
အဆိုပါ ဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရအဖွဲ့က တင်သွင်းခဲ့ခြင်းဖြစ်ပြီး အမျိုးသားလွှတ်တော်၌ ဇူလိုင် ၂ ရက်တွင် ဆွေးနွေးကာ ပြင်ဆင် ချက်များဖြင့် ဇူလိုင် ၃ ရက်တွင် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပြီး သြဂုတ် ၇ ရက်တွင် ပြည်သူ့လွှတ်တော်၌ လက်ခံဆွေးနွေး ခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်များ အတည်ပြုခဲ့ပြီး သြဂုတ် ၉ ရက်တွင် အမျိုးသား လွှတ်တော် သို့ ပြန်လည်ပေးပို့ခဲ့ရာ သဘောထား ကွဲလွဲချက်များ ရှိသဖြင့် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြဆုံးဖြတ်ရန် အမျိုးသားလွှတ်တော်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ သဘောထား ကွဲလွဲချက်များအား ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ပုဒ်မ (၈) ပုဒ်မခွဲ(က) "ပုဒ်မ ၇ အရ တင်ပြချက်ကို ရရှိသည့်အခါ ပြည်တွင်းမှ လျှောက်ထားချက်ဖြစ်ပါက သတ်မှတ် ချက် များနှင့်အညီ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ရယူရန် လိုအပ်သော လုပ်ငန်း အတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘော တူညီချက် ရယူ၍သော် လည်းကောင်း၊ ထိုသို့ သဘော တူညီချက် ရယူရန် မလိုအပ်သော လုပ်ငန်းအတွက် ၀န်ကြီးဌာန၏ အဆုံးအဖြတ်ဖြင့်သော် လည်းကောင်း၊ ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း တည်ထောင် လုပ်ကိုင်ရန် ခွင့်ပြုနိုင်သည်" ဟု လည်းကောင်း၊ ပုဒ်မ (၉) "ဦးစီးဌာနသည် ပုဒ်မ (၈) ပုဒ်မခွဲ (ဂ)အရ ၀န်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း တည်ထောင်လုပ်ကိုင်ခွင့် ရရှိသည့် ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်၊ ဌာနနှင့် အဖွဲ့အစည်း များအား သက်ဆိုင်ရာ လုပ်ငန်းအလိုက် စည်းကမ်းချက်များ သတ်မှတ်၍ လုပ်ငန်းလိုင်စင်ကို ထုတ်ပေး ရမည်" ဟု ပြည်သူ့လွှတ်တော် ၏ ပြဋ္ဌာန်းချက်အတိုင်း အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

ထို့အပြင် ပြည်သူ့လွှတ်တော်၏ ပြင်ဆင်အတည်ပြုချက်ဖြစ်သော ပုဒ်မ (၁၇) "လုပ်ငန်းလိုင်စင် ရရှိသူသည် မိမိ၏ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းမှ တစ်ဆင့် ထုတ်လွှင့်သော သို့မဟုတ် ဖမ်းယူသော သတင်း အချက်အလက်များ၊ အကြောင်းအရာများနှင့် သုံးစွဲသူ ပြည်သူတစ်ဦးချင်းစီ၏ လျှို့ဝှက်ထားရှိရမည့် သတင်း အချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်း ထားရှိပြီး တည်ဆဲဥပဒေများနှင့်အညီ ခွင့်ပြုထားသည့် ကိစ္စမှအပ သက်ဆိုင်ခြင်း မရှိသူအား ထုတ်ဖော်အသိပေးခြင်း မပြုရ" ကိုလည်း မဲခွဲဆုံးဖြတ် ရာ ပြည်သူ့ လွှတ်တော်၏ ပြဋ္ဌာန်းချက်အတိုင်းပင် အတည်ပြုခဲ့သည်။

ပုဒ်မ (၃) ပုဒ်မခွဲ (က) အား အမျိုးသားလွှတ်တော် ပြင်ဆင်ချက် "ဆက်သွယ်ရေး အလင်းတန်း (Telecommunication) ဆိုသည်မှာ သတင်းအချက်အလက် တစ်ရပ်ရပ်ကို ၀ါယာကြိုး၊ ဖိုက်ဘာကြိုး သို့မဟုတ် အခြားသော လျှပ်ကူးကြိုး တစ်ခုခုကို အသုံးပု၍သော် လည်းကောင်း၊ ရေဒီ ယို လှိုင်း၊ အလင်းတန်း၊ အခြားသော လျှပ်စစ်သံလိုက် ဓာတ်ထုတ်လွှင့်သည့် နည်းလမ်းတစ်ရပ်ရပ်ကို အသုံးပြု၍သော် လည်းကောင်း မူရင်းအတိုင်းဖြစ်စေ ပြုပြင်၍ဖြစ်စေ ထုတ်လွှင့်ခြင်း သို့မဟုတ် ဖမ်းယူခြင်း ကို ဆိုလိုသည်" ဟု ပြဋ္ဌာန်းချက်အား အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့အကြား ကွဲလွဲချက်များထဲမှ သဘောကွဲလွဲသည့် ပုဒ်မ ၁၅ (ဂ)၊ ပုဒ်မ (၇၂)၊ ပုဒ်မ (၈၆) တို့ အား ပြည်ထောင် စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော် မတီ၏ ပြင်ဆင် ချက်အတိုင်း အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

ထို့အတူ အမျိုးသားလွှတ်တော်၏ ပုဒ်မ (၁၃) တွင် ပုဒ်မခွဲ (ဂ) အဖြစ် ဖြည့် စွက်ပြဋ္ဌာန်းချက်ဖြစ်သော "တစ်ကိုယ်ရေသုံး ဆက်သွယ်ရေး၊ ပစ္စည်းများ အသုံးပြုသူဘက်ရှိ ကွန်ရက်နယ်နိမိတ်သုံး ပစ္စည်းများအား လက်ဝယ် ထားရှိခြင်းနှင့် အသုံးပြုခြင်း" အချက်အား ပြည်သူ့လွှတ်တော်မှ ပယ်ဖျက် ရန် ပြင်ဆင်ခဲ့သဖြင့် သဘောထားကွဲလွဲမှု ဖြစ်ပေါ်ခဲ့ရာ ပြည်ထောင် စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ပြည်သူ့လွှတ်တော် ၏ ပြင်ဆင်ချက်အတိုင်း ပယ်ဖျက်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment