Wednesday 28 August 2013

အဆင့်မြင့်စွာ နေထိုင်နိုင်မည့် တန်ဖိုးမျှတ အိမ်ရာ

ရန်ကုန်မြို့ပြ ဖွံ့ဖြိုး တိုးတက်လာသည်နှင့် အမျှ လူ နေထိုင်မှုသည်လည်း အဆင့်မြင့်မားလာလျက် ရှိသည်။
ထိုသို့ အဆင့်မြင့်မားစွာ နေထိုင်နိုင်ရေး အတွက် သက်သာသော နှုန်း ထားဖြင့် ရရှိနိုင်ကာ အိမ်ရာ တိုက်တာ များကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ပြည်တွင်းကုမ္ပဏီ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ တန်ဖိုးမျှတ အိမ်ရာများကို အကောင်အထည်ဖော် တည်ဆောက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ တန်ဖိုးမျှတ အိမ်ရာ စီမံကိန်းများကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ဗိုလ်မှူး ဗထူးလမ်းနှင့် ဗိုလ်မင်းရောင် လမ်းတို့၌ ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ ဗိုလ်မှူးဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် Myanmar V-Pile Co., Ltd. တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်၍ မြေအကျယ်အဝန်း ၅ ဒသမ ၂၆ ဧကတွင် U-600 ၆ဝဝ လေးခန်းတွဲ ရှစ်ထပ်တိုက် ၁ဝ လုံးနှင့် U-900 လေးခန်းတွဲ ရှစ်ထပ်တိုက် လေးလုံးတို့ကို Pre-Cast Load Bearing Wall System ဖြင့် တည်ဆောက်သွားမည် ဖြစ်သည်။

အခန်း အကျယ်အဝန်းများ အဖြစ် ၆၁၄ စတုရန်းပေရှိ အိမ်ခန်း ၃ဝဝ၊ ၅၆၅ စတုရန်းပေရှိ အိမ်ခန်း ၁ဝ၊ ၉ဝဝ စတုရန်းပေရှိ အိမ်ခန်းပေါင်း ၁၂၈ ခန်း တို့ဖြင့် ပါဝင်ဖွဲ့စည်း တည်ဆောက်မည် ဖြစ်သည်။

ဓာတ်လှေကားများ၊ မော်တော်ယာဉ် အစီး ၃၅ဝ ခန့် ရပ်နားရန် နေရာ၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရန် ဓာတ်အားခွဲရုံ၊ အိမ်ရာဝင်း အတွင်း ကောင်းမွန်သောလမ်းနှင့် ကလေး ကစားကွင်းများ ထည့်သွင်း တည်ဆောက် ထားရှိမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment