Tuesday 27 August 2013

မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းကဏ္ဍကို နှစ်နှစ်အတွင်း တိုးတက်လာစေရန်နှင့် လိုအပ်ပါက နိုင်ငံတကာ ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်

မြန်မာ့စက်မှုလုပ်ငန်းများကို နိုင်ငံတကာကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာစေရန် နှစ်နှစ်အတွင်း အောင်မြင်မှု ရအောင် ဆောင်ရွက်မည် ဖြစ်ပြီး လိုအပ်ပါက နိုင်ငံတကာကုမ္ပဏီများနှင့် JV စနစ်ဖြင့်ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာ့စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကမြို့ကြီးများတွင် လျှပ်စစ်မီးလိုအပ်ချက်များ ပြည့်မီနိုင်စေရန် နိုင်ငံတော် မဟာဓာတ်အားလိုင်းကြီးအတွင်းမှ ဓာတ်အားများ ကို စက်မှုလုပ်ငန်းများသို့ ဆက်သွယ်ပေးသွားမည် ဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍကလည်း လျှပ်စစ်မီး ထုတ် လုပ်နိုင် ရန်ဆောင်ရွက်သွားမည် ဖြစ်သည်။ ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားများမှ ပိုလျှံ လျှပ်စစ်မီးများကို နိုင် ငံတော် မဟာဓာတ်အားလိုင်းအတွင်းသို့ ပြန်လည်ရောင်းချနိုင်ရန် ပြင်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး စက်မှုလုပ်ငန်းများ၊ ဖွံ့ဖြိုးပြီး ပြင်ပ ပုဂ္ဂလိကကုမ္ပဏီများ လျှပ်စစ်မီး ကဏ္ဍ အောင်မြင် လာမှ သာမဟာဓာတ် အားလိုင်းမှ တဖြည်းဖြည်း လျှော့ချသွား မည် ဖြစ်ကြောင်း သိရ သည်။

လောလောဆယ်တွင် စက်မှု ဖွံ့ဖြိုး တိုးတက်ရန် အတွက် လိုအပ်ပါက လျှပ် စစ်မီး အပြည့်အဝရရှိရန် LNG လျှပ်စစ်မီး ထုတ်နိုင်သော စက်ပစ္စည်း များကို တင်သွင်းပြီး မြန်မာ့စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ကူညီ ဆောင် ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။ လျှပ်စစ်မီး လိုအပ်ချက် ကို ပြည့်မီစေ ရန် နိုင်ငံတော် လျှပ်စစ် ကဏ္ဍကို ၅၃၄ မဂ္ဂါဝပ်အထိ တိုးမြှင့်ပေး သွား မည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ စီမံ ကိန်းအောင်မြင်ရန် ကမ္ဘောဇ ဘဏ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်များမှ အကူအညီ ပေးသွား မည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင် စက်မှုလုပ်ငန်းများကိုလည်း ပုဂ္ဂလိကသို့ အားလုံး လွှဲပြောင်း ရောင်း ချပေးသွားမည် ဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍအနေဖြင့် ယင်းတို့၏ စက်မှုလုပ်ငန်း များ နိုင်ငံတကာနည်းတူ အောင်မြင်ရန် ကြိုးစားကြ ရမည် ဖြစ်သည်။ နိုင်ငံပိုင် စက်မှုလုပ်ငန်းများမှာ အားလုံး အရှုံးပေါ်နေပြီး ပုဂ္ဂလိကသို့ လွှဲပြောင်း လိုက်မှ သာ စက်မှု လုပ်ငန်းများ အောင်မြင်လာမည် ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက မီဒီယာ တွေ့ ဆုံ  ပွဲတွင် ပြောကြားခဲ့သည်။

မြ၀တီ

No comments:

Post a Comment